iMyanmarHouse.com - Best Property Website for Myanmar
×

“လူမိုက်နှင့်ငွေ အတူမနေ” ဆိုတဲ့ စကားပုံလေးကို ကျွန်တော်တို့ အားလုံးကြား ဖူးကြပါတယ်။ ပညာဥာဏ်နည်းမိုက်မဲကြသူတွေရဲ့ လက်ထဲမှာ ဘယ်တော့ မှာ ငွေမြဲမှာမဟုတ်ပါဘူး။ မှန်ပါတယ်။ ကျွန်တော်တို့ အများစုဟာ ငွေနဲ့ပတ်သက် လာရင် မိုက်မဲလေ့ရှိကြပါတယ်။ ငွေကြေးနဲ့ ပတ်သက်တဲ့ ပညာဥာဏ်ပိုင်း (Financial IQ) မှာ အားနည်းမှုရှိရင် ရသမျှငွေဟာ ရလွယ်ပျောက်လွယ် ငွေများ သာ ဖြစ်ပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ ထီသန်းချီပေါက်တဲ့ သူတွေ လစဉ်လတိုင်း ထွက်ပေါ်နေပါ တယ်။ ထီပေါက်ခြင်းဟာ ကြီးမားတဲ့ ငွေဝင်မှုကြီးတစ်ခုပါပဲ။ ဒီလို ကြီးမား တဲ့ ငွေဝင်မှုကြီးကြောင့် နေ့ချင်းညချင်း ချမ်းသာလာတဲ့ သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒုံရင်းဘ၀ကို ပြန်လည်ရောက်ရှိသွားကြတဲ့သူတွေ အကြောင်းလည်း ကြားဖူးကြမှာပါ။ ဘာလို့လဲ ဆိုတော့ ငွေကြေးသုံးစွဲရာမှာ မိုက်မဲတဲ့လူနဲ့အတူ ငွေတွေဟာ ဘယ်တော့မှ ကြာကြာနေမှာ မဟုတ်လို့ပါပဲ။

ငွေကြေးအရအောင်မြင်မှုမှာ ငွေတွေဘယ်လောက်ရသလဲဆိုတာ အဓိက မဟုတ်ပါဘူး။ လက်ထဲမှာငွေတွေ“ဘယ်လောက်များများ ထိန်းသိမ်းထားနိုင်သ လဲ” ၊ “ဘယ်လောက်ကြာကြာမြဲသလဲ” ဆိုတာသာအဓိကပါ။ ကျွန်တော်တို့ အားလုံးဟာငွေကို အလုပ်အကိုင်နည်းလမ်းမျိုး စုံနဲ့ ရှာဖွေတတ်ကြပါတယ်။ ၀င်ငွေလစာနည်းတဲ့သူတွေရှိသလို အလုပ်အကိုင်ကောင်းပြီး ၀င်ငွေတွေကောင်းနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူကြပေမယ့် လက်ထဲမှာ “ငွေပို ငွေလျှံမရှိခြင်း” ကတော့ အားလုံးလိုလို တူလေ့ရှိကြတာကို တွေ့ရပါတယ်။ ၀င်ငွေ ဘယ်လောက်ကောင်းကောင်း ငွေပိုငွေလျှံမရှိကြသလို၊လစာဘယ် လောက် တိုးတိုး သုံးလို့ကို မလောက်တဲ့အခြေအနေကိုရောက်နေကြရပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာ အကြောင်းရင်းနှစ်ချက်ပေါ်မှာ မူတည် ပါတယ်။ “ပထမအကြောင်းရင်း” ကတော့ ရသမျှငွေအားလုံးကို အကုန်သုံး ပစ်လိုက်လို့ပဲဖြစ်ပါတယ်။ ၀င်လာသမျှ ငွေတွေဟာ ကိုယ့်ရဲ့ အသုံးစရိတ်ကနေပဲ အားလုံးထွက်ခွာသွားမယ်ဆိုရင် ဘယ်မှာ ငွေပိုငွေလျှံ ရှိလာတော့မလဲ။ ရသမျှငွေတွေကို အကုန်သုံးပစ်တဲ့ အလေ့အထ (Spending Habit) ဟာ ငွေကြေးအရ မိုက်မဲသူတွေပဲဖြစ်ကြပါတယ်။ ဒါဟာ ငွေမထိန်းသိမ်း ထားနိုင်ခြင်း၊ ငွေမစုဆောင်းနိုင်ခြင်း၊ ငွေတွေ ကိုယ်နဲ့အတူမနေခြင်းနဲ့ လက်ထဲမှာ ငွေပိုငွေလျှံမရှိခြင်းရဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။

ဒီလို မိုက်မဲစွာငွေကို ရေလိုသုံးနေရင်တော့ ပိုက်ဆံအိတ်ထဲမှာ တစ်ပြားမှ ကပ်ကျန်ခဲ့မှာ မဟုတ်ပါဘူး။ ဘာမှ စုမိဆောင်းမိလည်း ရှိမှာ မဟုတ်ပါဘူး။ ငွေကြေးတိုးပွားချင်ရင် ငွေဂရုတစိုက် ထိန်းသိမ်းစီမံရမှာ ဖြစ်ပါ တယ်။ “သင်က ငွေကြေးကို ဂရုမစိုက်ရင် ငွေကြေးကလည်း သင့်ကို ဂရုစိုက်မှာမဟုတ်ပါဘူး”(If you Don't Care your Money, Money Don't Care You!) ဆိုတဲ့ အချက်ကို အမြဲသတိထားသင့်ပါတယ်။

ငွေကိုဂရုတစိုက် ထိန်းသိမ်းစုဆောင်းခြင်းဟာ လူလိမ္မာတွေရဲ့ အလေ့ အထတစ်ခုဖြစ်သလို ငွေကြေးများရှေ့ဆက်တိုးပွားစေဖို့အတွက် အကြောင်းရင်း တစ်ခုဖြစ်ပါတယ်။ လက်ထဲမှာ ငွေတွေ မြဲနေစေဖို့ ငွေကြေးကို စနစ်တကျ ထိန်းသိမ်းစုဆောင်းနိုင်ဖို့လည်း လိုအပ်ပါတယ်။ ငွေစုတာဟာ ကောင်းတယ်၊ အကျိုးရှိတယ်ဆိုတဲ့ အသိလေးတွေ လူတိုင်း ကိုယ်စီမှာရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ ငွေကို သေသေချာချာ မစုဆောင်းနိုင်ကြပါဘူး။

ဒါကြောင့် ငွေကိုမထိန်းသိမ်း၊ မစုဆောင်းနိုင်ရတဲ့ “ဒုတိယအ ကြောင်းရင်း” ဟာ ငွေစုဆောင်းမယ်ဆိုတဲ့ ခံယူချက် (သနိ္နဋ္ဌာန်) မခိုင်မာခြင်း၊ စိတ်ဆန္ဒမပြင်းပြခြင်း ဖြစ်ပါတယ်။ ငွေစုဆောင်းထားသင့်တာ ပဲဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ဟာ ငွေစုခြင်းကို စတင်ကြပါတယ်။ ဒါပေမဲ့ အစပိုင်း ခဏလောက် ပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက် မစုဆောင်းဖြစ်တော့ဘဲ ငွေစုခြင်း အလေ့အထ (Saving Habit) ကို ရပ်တန့်လိုက်ကြပါတယ်။

ဒါ့အပြင် ကိုယ်စုဆောင်းထားတဲ့ငွေကြေးပမာဏလေး အနည်းငယ်များ လာတာနဲ့ တစ်ပြိုင်နက် “ပထမအကြောင်းရင်း” ဖြစ်တဲ့ သုံးစွဲခြင်း အလေ့အထ (Spending Habit) က လွှမ်းမိုးလာပြီး စုငွေတွေ အားလုံးကို အကုန်သုံးစွဲ ပစ် လိုက်ပြန်ရော။ ဒီလို စိတ်ခံယူချက် မခိုင်မာတဲ့ အ ကြောင်းချက်ကလည်း ငွေ မစုဆောင်းဖြစ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ လူမိုက်နဲ့ ငွေ အတူမနေခြင်းရဲ့ အချက် လည်းဖြစ်ပါတယ်။

“ငွေဟာ ရှာရခက်သလောက် - သုံးတာကတော့လွယ်လိုက်တာကွာ” လို့ လူအများစုက ပြောကြပါတယ်။ တကယ်တော့ “ငွေရှာရတာကသိပ်မခက်ပါဘူး ။ ငွေကို မြဲအောင်ထိန်းထားရတာကပိုခက်ပါတယ်” ။ ငွေဆိုတာမျိုးက ၀င်လာ တာနဲ့ ထွက်ဖို့အမြဲတမ်းကြံနေတဲ့အရာပါ။ တခါတလေဆိုရင် ကျွန်တော်တို့ ရဲ့ငွေဟာ မ၀င်လာခင်ကတည်းက ထွက်ဖို့ပြင် နေတာတွေလည်း ရှိပါတယ်။ ငွေကဖြင့် မ၀င်လာသေးဘူး... ထွက်စရာတွေက တန်းစီနေတာ အမှန်ပါပဲ။

ဒါဆို... ဒီလို အမြဲတမ်းထွက်ဖို့ပြင်နေတဲ့ငွေ၊ ထိန်းရခက်တဲ့ငွေကို မြဲအောင် ဘယ်လိုနည်းနဲ့ ထိန်းသိမ်းစုဆောင်းမလဲ။ ငွေထက် ထိန်းရခက် တဲ့အရာကို နိုင်အောင်ထိန်းသိမ်းခြင်းဖြစ်ပါတယ်။ငွေထက် ထိန်းရခက်တဲ့ အရာ ကတော့ ““မိမိရဲ့စိတ်”” ပဲဖြစ်ပါတယ်။ ငွေကြေးအရ မိုက်မဲသူတွေဟာ ငွေရလာ တာနဲ့ ငွေကို သုံးဖြုန်းချင်တဲ့ မိမိစိတ်ကို မထိန်းသိမ်းနိုင်ပါဘူး။ ငွေနဲ့ပတ်သက်တဲ့ မိမိရဲ့ စိတ်အလိုကို ထိန်းချုပ်နိုင်ခြင်းဟာ ငွေကို ထိန်းချုပ်နိုင်ခြင်းနဲ့တူပါတယ်။ ဒီအချက်ကို ဥာဏ်ရှိရှိနဲ့ ထိန်းနိုင်ရင် ငွေဟာ ကျွန်တော်တို့နဲ့ အမြဲအတူတူ နေ ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ လူမိုက်နဲ့ငွေအတူမနေဆိုတဲ့အတိုင်း တစ်ပြားမှ ရှိမှာ မဟုတ်ပါဘူး။

ငွေမရခင် ကြိုတင် မသုံးပါနဲ့

မနက်ဖြန်ဝင်ငွေကို ဒီနေ့မသုံးပါနဲ့ (Don't Spend Tomorrow's Income Today) လို့ ငွေကြေးပညာရှင် Ric Edelman က ပြောခဲ့ပါတယ်။ ငွေရဖို့လမ်း တစ်ခုခုရှိနေရင် ကြိုတင်သုံးစွဲချင်တဲ့ စိတ်လေးတွေ ကျွန်တော်တို့မှာ ရှိကြပါ တယ်။ ငွေရမယ်ဆိုပြီးတော့ ကြိုတင်မသုံးပါနဲ့၊ အကြွေးမယူထားပါနဲ့။ ဒီစိတ်ကို နိုင်အောင်ထိန်းထားရမှာဖြစ်ပါတယ်။

ငွေရလာရင်လည်း အကုန်မသုံးပစ်ပါနဲ့

ဝင်လာသမျှငွေကို အကုန်သုံးစွဲပစ်ရင်လည်း လက်ထဲမှာ ငွေပိုငွေလျံ ရှိမှာမဟုတ်ပါဘူး။ ငွေကို ရေလို သုံးတတ်တဲ့ စိတ်ကို ထိန်းသိမ်းခြင်းဟာ ငွေ ကိုထိန်းသိမ်းခြင်း ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးပေးပါ

လစဉ် ငွေဝင်လာရင် သုံးစရာတွေ၊ ၀ယ်စရာတွေ၊ ပေးစရာတွေ ကတော့ ရှိမှာပါပဲ။ ဒါပေမဲ့ တခြားအရာတွေအတွက် မပေးခင် ကိုယ့် ကိုယ်ကိုယ် အရင်ပေးရပါမယ်။ ငွေကြေးတဖြည်းဖြည်းနဲ့ တိုးပွားများပြား လာတာကို လိုချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်အရင်ပေးခြင်း (Pay yourself first) ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

သင့်တင့်တဲ့ငွေပမာဏကို ကျန်တာတွေအတွက် မပေးမီ ကိုယ့်ကိုယ် ကိုယ် အရင်ဆုံးပေးထားလိုက်ပါ။ ကိုယ့်အတွက် ကိုယ်ပေးပြီးမှ ကျန်တဲ့ ငွေကို အခြား အရာတွေအတွက်ပေးပါ။ ဘေဘီလုံက သူကြွယ်ကြီး အာ ခတ်ကိုယ်တိုင် ကလည်း “ကိုယ့်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို မဖြစ်မနေ ဖယ် ထားပြီးစုဆောင်းပါ” လို့အကြံပြုထားပါတယ်။ ဥပမာ ကိုယ်က ငွေတစ်သိန်း ရတယ်ဆိုရင်တစ်သောင်း ကို ကိုယ့်အတွက် အရင်ဆုံးပေးထားပြီး ကျန်ငွေကိုးသောင်းကို သုံးစွဲပါ။ ဒါဟာ ရိုးရှင်းတဲ့ ငွေစုနည်း တစ်ရပ် ဖြစ်ပါတယ်။

ငွေကြေးစုဆောင်းပါ

စားဝတ်နေရေး အသုံးစရိတ်များမှ အလွတ်ဖြစ်တဲ့ ကိုယ့်စုငွေ ဆယ်ပုံတစ်ပုံ ဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဝင်ငွေဖြစ်ပါတယ်။ဒီကိုယ်ပိုင် ၀င်ငွေ ဖြစ်တဲ့ စုဆောင်းငွေတွေကို အနာဂတ်အတွက် စီးပွားရေးလုပ်ဖို့၊ ရင်းနှီး မြှုပ်နှံဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသေအချာစုဆောင်းထားစေချင်ပါတယ်။ ဒီစုငွေလေးတွေဟာ အနာဂတ်ဘ၀မှာ ငွေကြေးကြွယ်ဝလာစေဖို့အတွက် မျိုးစေ့လေးတွေ ပဲ ဖြစ်ပါတယ်။

အနာဂတ်မှာ ချမ်းသာကြွယ်ဝတဲ့ဘ၀ကို ပိုင်ဆိုင်လိုသူများဟာ ငွေကြေးကို ပျားများကဲ့သို့ လိမ္မာစွာ စုဆောင်းထားကြရမှာဖြစ်ပါတယ်။ အမေရိကန် သမ္မတကြီး ဂျော့ဝါရှင်တန်ကလည်း “ငွေကြေးစုဆောင်းခြင်း ပြုသူများသည် လူချမ်းသာများဖြစ်လာ၍ ငွေကြေးစုဆောင်းခြင်း မပြု သူများသည် ဆင်းရဲသား များဖြစ်လာကြသည်”ဟု ဆိုခဲ့ပါတယ်။

“ငွေစုခြင်းအကျင့်ဟာ ကိုယ့်ကိုယ်ကိုယ်ထိန်းကျောင်းကွပ်ကဲတဲ့ စည်း ကမ်းသေ၀ပ်မှု တစ်ခုဖြစ်တယ်” လို့ ကမ္ဘာကျော် သံမဏိသူဌေးကြီး အင်ဒရူး ကာနက်ဂျီ ကလည်း ဆိုပါတယ်။ ဒါကြောင့် ဘယ်သူမဆို ကိုယ့်ဝင်ငွေ ထဲမှ ငွေပမာဏ အနည်းငယ်လောက်ကို စုဆောင်းခြင်း အလေ့အကျင့် ရရှိ လာစေဖို့ မှန်မှန်ပြုလုပ်သင့်ပါတယ်။ ပထမ အလေ့အကျင့်ကို ကိုယ်က တမင် လုပ်ဆောင်ရပါတယ်။ နောက်တော့ အလေ့အကျင့်က ကိုယ့်ကို ပုံမှန်လုပ်ဆောင် သွားစေပါတယ်။

မိုင်ပေါင်းထောင်ချီတဲ့ ခရီးကို ခြေတစ်လှမ်းကပဲ စတင်ရပါတယ်။ မြင့်မားတဲ့ တိုက်တာအဆောက်အဦကြီးတွေကိုအုတ်တစ်တုံးကနေစတင် တည်ဆောက် ရပါတယ်။ ရေစက်ရေပေါက်တွေ တစ်စက်ချင်းကျလာရင်း နဲ့ပဲ ရေအိုးကြီးတစ်အိုး လုံးကို ပြည့်သွားစေနိုင်ပါတယ်။ အနာဂတ်မှာ ငွေကြေးအရ စိတ်ချလုံခြုံမှုရှိတဲ့ ဘ၀ကို ပိုင်ဆိုင်ပြီး ငွေကို လိမ္မာစွာနဲ့ ထိန်းသိန်းထားနိုင်ဖို့အတွက် အချိန်ကစပြီး ကြိုးစားအားထုတ်ဖို့ လိုပါတယ်။

Credit : Future Wave

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top