iMyanmarHouse.com - Best Property Website for Myanmar
×










မိန်းမတွေရဲ့ဘော်ဒီကို အကြမ်းဖျဉ်း လေးမျိုးပိုင်းနိုင်တယ်။ ဘော်ဒီအလိုက် ဝတ်စားမှသာ ဖက်ရှင်ရဲ့အရသာကို အပြည့်အဝ ခံစားနားလည်နိုင်လိမ့်မယ်။ နို့မို့ဆို ရူပကလျာ ရုပ်ချောပါလျက် အပြင်မတတ် အဆင်ခက်ကာ အမြင်ရှက်ဖွယ်ဖြစ်လိမ့်မယ်။ ဘော်ဒီလေးမျိုး
ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

အေဘော်ဒီ (A)
အပေါ်ပိုင်းကကျဉ်းပြီး သေးသွားတယ်။ အောက်ဘက် တင်နဲ့ပေါင်တို့က အပေါ်ပိုင်းထက်ကြီးပြီး ကျယ်သွားတဲ့ဘော်ဒီမျိုးကို ခေါ်တာပါ။ ခြေထောက်တွေဟာ တိုပြီးတုတ်လေ့ရှိတယ်။ အပေါ်ပိုင်းအခြမ်းဟာ ရှည်ပြီး သွယ်လေ့ရှိတယ်။ ဝိတ်တက်လာရင် ပေါင်နေရာမှာ တက်လေ့ရှိတယ်။ ဒီလိုဘော်ဒီမျိုးအတွက် အချိုးမျှအောင် ပခုံးပိုင်းကို အဓိကထားပြင်ပြီး ၀တ်ဆင်ရမှာဖြစ်ပါတယ်။

ဗွီဘော်ဒီ (V)
ပခုံးအကျယ်ဟာ တင်ပါးအကျယ်ထက် ပိုပြီးကျယ်တယ်။ ရင်သားဟာ ကြီးလေ့ရှိတယ်။ ဒါပေမဲ့ ဘော်ဒီဟာ ပုတိုတိုပုံစံနဲ့ ခါးဟာ မြင့်လေ့ရှိတယ်။ ပေါင်ဟာ ပြားချပ်လေ့ရှိပြီး ခြေချောင်းတွေကတော့ ပိန်သွယ်လေ့ရှိတယ်။ ဝမ်းပျဉ်းသားနေရာဟာ ရင်သားထက်ပိုပြီး စူထွက်ထင်ပေါ်နေလေ့ရှိတဲ့ ဘော်ဒီကတော့ ဗွီဘော်ဒီဖြစ်ပါတယ်။ ဒီဘော်ဒီအတွက် အချိုးမျှအောင် တင်နဲ့ခြေချောင်းနေရာကို အဓိကထားပြီး ပြင်ပေးရမှာ ဖြစ်ပါတယ်။ စကပ်တိုလိုဟာမျိုးနဲ့ ဆင်ပေးရမှာ ဖြစ်ပါတယ်။

အိပ်ခ်ျဘော်ဒီ (H)
ဒီဘော်ဒီပိုင်ရှင်ဟာ ခြေချောင်းတွေ သွယ်တယ်။ ရှည်တယ်။ရင်သားဟာ သာမန်အနေအထားကနေ ဆိုဒ်ကြီးအထိရှိလေ့ရှိတယ်။ ဝိတ်တက်လာရင် ဗိုက်နေရာမှာ တက်လေ့ရှိတယ်။ ဒီဘော်ဒီအတွက် အချိုးလှအောင် ဝတ်ရမှာကတော့ ခါးနေရာကို အဓိကပြင်ပြီး ဝတ်ပေးရမှာ ဖြစ်ပါတယ်။ ခါးစည်းတို့၊ ရင်စည်းတို့ ဝတ်ပေးပါ။

အိတ်ဘော်ဒီ (X)
ဒီဘော်ဒီကတော့ အကွေ့အကောက်ရှိတဲ့ ဘော်ဒီမျိုးပါ။ အချိုးအစားလှတဲ့ ဘော်ဒီလည်းဖြစ်ပါတယ်။ ရင်သားဟာ လှပလုံးဝန်းပြီး ခါးဟာသေးတယ်။ တင်ကတော့ ဖုမောက်ပြီး သူ့နေရာနဲ့သူ ရှိသင့်တဲ့ အချိုးအစားတိုင်း ရှိနေပါတယ်။ ပေါင်တံနဲ့ အပေါ်ပိုင်းဟာလည်း အချိုးအစား ညီပါတယ်။ ဝိတ်တက်ရင်လည်း အချိုးအစားညီညီ တက်လေ့ရှိပါတယ်။ ရှိနေတဲ့ အချိုးအစားကို ပိုပြီးပေါ်လာအောင် ဝတ်ပေးသင့်ပါတယ်။ ခါးနေရာကို လှပထင်ရှားအောင် ဝတ်ပေးပါ။ အဝတ်အစားကို နှစ်ထပ်၊ သုံးထပ်တွေ မဝတ်ပါနဲ့။ ခန္ဓာကိုယ်နဲ့ ကိုယ်တိုင်းကျတဲ့ဟာတွေသာ ဝတ်ပေးပါ။
အဝတ်အစား ဝတ်တဲ့အခါမှာ လူတွေဟာ ပုံစံအမျိုးမျိုး ဝတ်လေ့ရှိပါတယ်။ ဘယ်လိုပုံစံတွေ အဝတ်များလဲဆိုတော့…

ဂန္ထဝင်စတိုင်လ်
ဂန္ထဝင်စတိုင်လ် ရှိတဲ့သူတွေဟာ အရပ် ငါးပေလေးလက်မကနေ ၇လက်မအထိ မြင့်လေ့ရှိတယ်။ အချိုးအစားဟာ ကျနလှပလေ့ရှိတယ်။ ရုပ်ရည်သွင်ပြင်ဟာ ရင့်ကျက်တဲ့ပုံစံရှိပြီး ဆယ်ကျော်သက်တွေ ဝတ်တတ်တဲ့ အဝတ်အစားတွေ ဘယ်တော့မှ ဝတ်လေ့မရှိဘူး။ ခန္ဓာကိုယ်ဟာ သိပ်အပိန်ကြီး မဟုတ်သလို တောင့်တောင့်ကြီးလည်း ဖြစ်မနေဘူး။ သပ်သပ်ရပ်ရပ် နေလေ့ရှိတယ်။ နွေးထွေးပြီး ကြင်နာတတ်တဲ့သူလည်း ဖြစ်တယ်။ တွဲဖက်ဖက်ရှင်ပစ္စည်းတွေ ဆင်တဲ့အခါ လက်ဝတ်ရတနာ၊ ခါးပတ်၊ ဟန်းဘက်၊ ဖိနပ်တို့နဲ့ ပနံသင့်လှပတယ်။ ခေတ်ပေါ် အပျံစားပစ္စည်းတွေ ဝတ်လေ့မရှိဘူး။ ရှော့ပင်းထွက်တဲ့အခါမှာ ဘာဝယ်မလဲဆိုတာ စဉ်းစားတွက်ချက်ပြီးမှ ဝယ်တာ အကောင်းဆုံးဖြစ်တယ်။ သူတို့ဟာ အဝတ်အစားကို ဈေးကြီးပေးပြီး အကောင်းစားဝယ်လေ့ရှိတာမို့ တွက်ချက်ပြီးမှ ဝယ်တာ အကောင်းဆုံးဖြစ်မှာမို့ပါ။

Credit : 8 Days Journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top