iMyanmarHouse.com - Best Property Website for Myanmar
×

ကလေးများကို ပြုစုပျိုးထောင်တဲ့နေရာမှာ အပြုသဘောမဆောင်တဲ့စကား၊ ကလေးရဲ့အတွင်းစိတ်ကို ထိခိုက်စေတဲ့စကားများဟာ မပြောဆိုသင့်သော စကား (သို့) ပြောဆိုရန်ရှောင်ရှားသင့် တဲ့ စကားတွေ ဖြစ်ပါတယ်။ အဲဒီစကားလုံများကို မသိလို့ပဲဖြစ်ဖြစ်၊ သိရက်နဲ့ အမူမဲ့ အမှတ်မဲ့ ပြောဆိုမိတာပဲ ဖြစ်ဖြစ် ဆင်ခြင်ရှောင်ရှားနိုင်အောင် ကောက်နူတ်ဘာသာပြန်တင်ပြလိုက်ရပါတယ်။

၁။ စာကြိုးစားတယ်ဆိုတာ အပင်ပမ်းခံရတယ်။ ဆင်းရဲဒုက္ခ များများခံရမယ်။

ကလေးများကို စာကျက်ဖို့၊ စာကြိုးစားဖို့ တိုက်တွန်းတဲ့ အခါမှာ ကျွန်တော်တို့ဟာ ယခု အနာခံမှ နောင်အသာစံမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ဆိုဆုံးမလေ့ရှိတယ်။ ဘယ်လိုဘယ်လို ဒုက္ခခံသင့်တယ် ဆိုတာကို ဥပမာတွေနဲ့ သားသမီးတွေကိုရှင်းပြတတ်ကြပါတယ်။ ဒါပေမဲ့ လူရဲ့ ပင်ကိုယ်သဘာဝအရ ပျော်စရာကောင်းတဲ့ အရာ နောက်ကို ကောက်ကောက်ပါအောင် လိုက်စားတတ်ပြီး ဒုက္ခမှန်သမျှကို အတွင်းစိတ်ထဲမှ စပြီးတော့မှ တွန်းဖယ်ငြင်းဆို တတ်ပါတယ်။ တကယ်လို့ ပညာသင်ယူခြင်းကို ဒုက္ခရောက်တယ်လို့ ကလေးကတွဲပြီး ယူဆသွားရင် ပညာသင်ယူဖို့ အလိုအလျောက် ငြင်းဆိုတတ်ပါတယ်။ တကယ်တော့ ကလေးတွေဟာ အာသာတဲ့ဘာသာရပ်မှာ ပျော်ရွှင်မူကို ရှာဖွေတွေ့ရှိတတ်ပါတယ်။ အချို့ကသင်င်္ချာံတွက်နေရရင် ပျော်တတ်သလို၊ အချို့ကသမိုင်းကို ပိုမိုနှစ်သက်တတ်ပါတယ်။ အဲဒီနှစ်သက်တဲ့ဘာသာရပ်မှာ ပျော်ရွှင်တဲ့စိတ်ကလေးကို အခြားဘာသာရပ် အားလုံးဆီကို ကူးပြောင်းပေးနိုင်ဖို့ မိဘများကြိုးစားပြီး နည်းလမ်းရှာသင့်ပါတယ်။

၂။ မင်းဟာ အဖေအမေတို့ရဲ့ မျော်လင့်ချက်ပဲ၊ မင်းကိုပဲ အားကိုးရမှာ…

ကလေးများ အမှားလုပ်မိရင်၊ မကောင်းခဲ့ရင် မိဘများမျော်လင့်ချက်ကင်းမဲ့သွားပြီ ဆိုတဲ့အဓိပ္ပါယ်မျိုး သက်ရောက်စေပါတယ်။ ကလေးများရဲ့နုနယ်နေတဲ့ စိတ်ကလေးတွေကို မလိုအပ်ပဲတဲ့ ဖိအားများသွားစေတဲ့ စကားလုံး၊ တစ်ခုခုကို စွန့်စားပြီး မလုပ်ခင်မှာ ရပ်တန့်သွားစေမဲ့ စကားလုံးများလည်းဖြစ်ပါတယ်။ ကလေးရဲ့အတွင်းစိတ်လွတ်လပ်မူကို ချုပ်ချယ်မိစေပြီး ဘာပဲဆုံးဖြတ်ဆုံးဖြတ်၊ မိဘရဲ့မျော်လင့်ချက်ကို အရင်ဦးစားပေး စဉ်းစားတော့ ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်၊ အားကိုးစိတ်ကို ပါထိခိုက်သွားစေပါတယ်။

၃။ မင်းဘာဖြစ်လို့ အဲလောက် “ အ ” ရတာလဲ

ကိုယ့်ကလေးကို သိပ် အ တာပဲလို့ မိဘများကမှတ်ချက်မပေးသင့်ပါဘူး၊ မိဘများ အသိအမှတ်ပြုပေးသလို၊ အဓိပ္ပါယ်သပ်မှတ်သလို၊ ကလေးတွေဟာ ကိုယ့်ကိုကို ထင်မြင်သွားတတ်ပါတယ်။ ကိုယ့်ကိုကိုထင်မြင်သလို ဖြစ်သွားတတ်ပါတယ်။ အလွန်အန္တရာယ် ရှိတဲ့စကားလုံးတွေပါ။

၎။ ကလေးတွေဘာနားလည်လို့လဲ၊ ဘာတွေလာပြီး ရှောက်မေးနေတာလဲ၊

ကလေးတွေဟား စူးစမ်းချင်တဲ့ သဘာဝရှိတော့ မိဘများကို နိုက်နိုက်ချွှတ်ချွှတ် မေးမြန်းတတ်ပါတယ်။ မိဘများဟာ မအားလပ်လို့ပဲ ဖြစ်ဖြစ်၊ စိတ်ရူတ်တဲ့ အခါပဲ ဖြစ်ဖြစ် မင်းတို့ ကလေးတွေ ဘာနားလည်လို့လဲ၊ ဘာတွေလာပြီးရှောက်မေးနေတာလဲ…သွားသွား၊ စသည်ဖြင့် ပြောဆိုမောင်းထုတ် တတ်ပါတယ်။ ကလေးများရဲ့ စူးစမ်းတတ်တဲ့စိတ်ဟာ ကလေးများရဲ့ အနာဂါတ်ဘ၀ အတွက် အလွန်အရေးကြီး တဲ့အတွက်ကြောင့် အဲဒီစကားလုံးများကိုရှောင်ရှားသင့်ပါတယ်။

၅။ မင်းဒီအိမ်က ကလေး မဟုတ်ဘူး၊ မိဘနဲ့ကို မတူဘူး

မိဘများ ကိုယ့်ကိုမချစ်တော့ဘူး၊ ကိုယ့်ကိုမလိုချင်တော့ဘူး လို့ ကလေးတွေ အထင်ရောက်သွားစေတဲ့ စကားလုံးမျိုးဖြစ်ပါတယ်။ ကလေးများ မိမိကိုမိမိ တန်ဖိုးထားတတ်တဲ့ ( Self-respect) စိတ်ကိုထိခိုက်စေတတ်ပါတယ်။

၆။ ငါမရဘူးဆိုရင် မရဘူးပဲ၊ အိမ်စာမပြီးရင် ကစားဖို့ စဉ်းကိုမစဉ်းစားနဲ့

ကလေးဟာကလေးပါပဲ၊ မိဘများရဲ့သူတို့အတွက် ကောင်းစေချင်တဲ့ စေတနာအရင်းခံကို နားလည်ချင်မှ နားလည်မှာပါ။ သူတို့ဟာ မိဘများရဲ့ညင်ညင်သာသာ ပြောဆိုမူ ကို နစ်သက်ပါတယ်။ ဖေဖေမေမေ မတရားဘူးလို့ အထင်ရောက်သွားစေမဲ့ စကားလုံးတွေဖြစ်ပါတယ်။

ရ။ မိဘမျက်နာကို အိုးမဲ မသုတ်နဲ့ ၊ မိဘကိုအရှက်မရစေနဲ့၊ မင်းတို့ စာကောင်းကောင်းကြိုးစား

ကလေးများ စာကြိုးစားခြင်းဟာ မိမိအတွက် မဟုတ်တော့ပဲ မိဘမျက်နာရဖို့၊ မိဘမျက်နာ အိုးမဲမသုတ်မိစေဖို့ ဆိုတဲ့အဓိပ္ပါယ်မျိုး သက်ရောက်သွားစေတယ်။ ကလေးများဟာ ကိုယ့်တာဝန်ကို ကိုယ်ထမ်းရမဲ့ အပြင် ဖေဖေမေမေရဲ့မျက်နာ ဆိုတဲ့တာဝန် ကိုပါ တပါတည်း ထမ်းဆောင်ရတဲ့ အတွက် ဖိအားများသွားစေပါတယ်။ ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ်ဘာဝါသနာဘာလဲ လို့ စဉ်းစားခြင်း၊ (သို့) စဉ်းစားတတ်အောင်သင်ယူခြင်းထက်၊ မိဘကိုယ့်ကို ဘာဖြစ်စေချင်သလဲ ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်သွားစေတတ်ပါတယ်။ မိဘဖြစ်စေချင်တာ မိဘ မျက်နာရအောင်လို့ ဆိုတာဖြစ်သွားရင် ကလေးများရဲ့အနာဂါတ်ကို ထိခိုက်သွားစေနိုင်ပါတယ်။

၈။ မင်းကိုရိုက်တာဟာ မင်းကိုကောင်းစေချင်လွန်းလို့၊

အမှန်တော့ ကလေးများကို မိဘက လုံးဝမရိုက်သင့်ပါဘူး၊ ရိုက်တယ်ဆိုတာ စကားနားမထောင်လို့ ( သို့ ) မလိုက်နာလို့ အပြစ်ပေးတဲ့ သဘော၊ ကြောက်အောင်မှတ်ခိုင်းတဲ့ သဘော ဆောင်ပါတယ်။ ကြောက်စိတ်ဟာ မိဘလိုချင်တဲ့ ကိစ္စ တစ်ခုခုပြီးမြောင်အောင်လုပ်ဆောင်ဖို့၊ ဥပမာ စာကျက်ခိုင်းတာမျိုး ကို ရိုက်မှာကြောက်လို့ လုပ်ရလေတော့ တွန်းအားဖြစ်တတ်ပေမဲ့ အပြုသဘောလုံးဝမဆောင်ပါဘူး။ ကြောက်ဖို့ မလိုအပ်တော့ဘူး ဆိုတဲ့အချိန်ကျရင် လုပ်ဖို့လည်းမလိုအပ်တော့တဲ့သဘော ဖြစ်သွားတတ်ပါတယ်။ ကောင်းစေချင်လို့ ရိုက်တာ လို့ ပြောတာဟာ ကလေးကိုရိုက်အပြီး မိဘများရဲ့ စိတ်ထဲမှာ စိတ်မကောင်းခြင်း၊နောင်တရခြင်း စတဲ့ ခံစားချက်တွေကို ပြန်လည်ဖြေသိမ့်တဲ့ စကားလုံးဖြစ်ပါတယ်။

၉။ စာပဲကောင်းကောင်းကြိုးစား၊ ကျန်တာ မင်း ဘာမှမစဉ်းစားနဲ့၊

စာကြိုးစားတာကလွှဲလို့ ကျန်တာ ကလေးနဲ့ ဘာမှ မဆိုင်တဲ့သဘောပါ။ ပညာဆိုတာ ဗဟုသုတကိုစုစောင်းခြင်းသက်သက် မဖြစ်သင့်ပါဘူး၊ လက်တွေ့ကျကျ အသုံးချတတ်မှ ပညာဟာတန်ဖိုးရှိမှာပါ။ လက်တွေ့ ဘ၀နဲ့ ကင်းကွာသွားတဲ့ကလေးဟာ ဘ၀တစ်ခုလုံး ရုန်းကန်ဖို့အတွက်အရည်အချင်းများဆုံးရူံးသွားတတ်ပါတယ်။ ကလေးများဟာသဘာဝအရစော့ကစားချင်တယ်။ သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ ပျော်ရွှင်ချင်တယ်။ ပတ်ဝန်းကျင်ကို စူးစမ်းချင်ပါတယ်။ ဒါတွေအားလုံးဟာ ကလေးများကို ပိုမိုသန်မာဖို့၊ ပတ်ဝန်းကျင်ကို ၀င်ဆန့်တတ်ဖို့ အလိုအလျောက် လေ့ကျင့်ပေးပါတယ်။ စာတစ်ခုတည်းသာ ကလေးကအာရုံပြုနေရင် စာကလွှဲရင် ကိုယ့်ကိုကို နိုင်နင်းဖို့တောင် ဘာမှမလုပ်တတ်တော့တဲ့ ကလေးဖြစ်သွားနိုင်ပါတယ်။

Credit : Aung Ko Latt

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top