iMyanmarHouse.com - Best Property Website for Myanmar
×











မိန်းမသားတွေအနေနဲ့ သူတို့ရဲ့ သားမြတ်လို့ခေါ်တဲ့ ရင်သားတွေ တစ်ခါတစ်လေ နာကျင်တာမျိုးတွေ ကြုံဖူးကြမှာပါ။ ဘာ့ကြောင့်မှန်းမသိ အဖြေရှာလို့မရပေမယ့် ဒီလိုနာကျင်ရခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ခြေရှိတဲ့ အချက်တွေ ပြောပြပေးချင်ပါတယ်။

၁။ဓမ္မတာလာနေချိန်

အမျိုးသမီးအများစုဟာ ရာသီလာနေချိန်အတွင်း ရင်သားတွေ နာကျင်နေတတ်ပါတယ်။ ဒါဟာ ဟိုမုန်းအပြောင်းအလဲကြောင့်ပါ။ ရာသီမလာခင်တစ်ရက်နဲ့ ရာသီလာလာချင်း ပထမဆုံးတစ်ရက်မှာ ခုလို ရင်သားထိပ်လေးတွေ နာကျင်တာဆိုရင်တော့ ဒါဟာ အခြားသော အမျိုးသမီးတွေလည်း ဖြစ်လေ့ဖြစ်ထရှိတာမို့ စိုးရိမ်စရာ မလိုပါဘူး။ ရာသီလာပြီးသွားတာနဲ့ အဲ့ဒီနာကျင်မှုတွေပါ ပျောက်သွားမှာပါ။

၂။ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေတဲ့အခါ

ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ လက်မောင်းကြီးလာအောင် ၀ိတ်တုံးမတာတွေ ဘာတွေ ရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ကိုယ်လုပ်နေကျ မဟုတ်တဲ့ အလေးမတာမျိုးတွေ ဘာတွေ လုပ်တဲ့အခါမှာလည်း သင့်ရဲ့ကြွက်သားတင် နာတတ်တာ မဟုတ်ပါဘူး။ ခုလို ရင်သားတွေလည်း အခန့်မသင့်ရင် နာကျင်တတ်ပါတယ်။

၃။တစ်ခုခုကို "မ" မိတဲ့အခါ

ကိုယ်လက်လေ့ကျင့်ခန်းမှ မဟုတ်ပါဘူး။ တစ်ခါတစ်လေ အလေးချိန်များတဲ့ စားပွဲခုံကို မလိုက်တာမျိုး၊ ထိုင်ခုံကို မယူလိုက်တာမျိုးတွေ လုပ်မိတဲ့အခါမှာလည်း သင့်ရဲ့ရင်သားတွေ နာတတ်ပါတယ်။ ဒီလို နာကျင်တယ်ဆိုတာ ရင်သားအောက်က ကြွက်သားတွေဆီက ဖြစ်လာတဲ့ ခံစားမှုပါပဲ။

၎။သင့်ရဲ့ဘရာက သင်နဲ့အဆင်မပြေတော့တဲ့အခါ

အမျိုးသမီးတွေအတွက် ဘရာစီယာရွေးချယ်မှုဟာ သိပ်အရေးကြီးပါတယ်။ ကြီးလွန်းနေတဲ့ ဘရာ၊ သေးလွန်းနေတဲ့ ဘရာတွေဟာ သင့်ရင်သားအတွက် ဆိုးကျိုးတွေ ဖြစ်စေပါလိမ့်မယ်။ သေးတဲ့ဘရာဆိုရင် အုံနဲ့ရင်သားကွက်တိမဖြစ်တာကြောင့် ခုလို နာကျင်မှုတွေ ဖြစ်စေတာပါ။

၅။ခုန်ရတဲ့ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ

သင့်ရဲ့ဘရာစီယာဟာ သင့်ရင်သားနဲ့ ကွက်တိဖြစ်မနေတဲ့အခါ ခုန်ရတဲ့ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီးတာနဲ့ သင်နေလို့ ကောင်းမှာ မဟုတ်တော့ပါဘူး။ ဒီတော့ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဘရာစီယာကို သေချာရွေးချယ်ပြီး ကွက်တိဖြစ်အောင် ၀တ်ဆင်ပါ။

၆။ကဖင်းဓာတ်ကို လိုအပ်သလိုဖြစ်လာတဲ့အခါ

ကော်ဖီသောက်ခြင်းဟာ သင့်ရင်သားနဲ့တော့ တိုက်ရိုက်ပတ်သက်မှုမရှိပါဘူး။ ဒါပေမယ့် ကော်ဖီကို ပုံမှန်တစ်နေ့ သုံးခွက်လောက်သောက်ရာကနေ လုံးဝဖြတ်လိုက်မယ်ဆိုရင်တော့ သင့်အတွက် မအီမသာခံစားမှုနဲ့အတူ ရင်သားနာကျင်သလို ဖြစ်တာမျိုးတွေ ခံစားရနိုင်ဖွယ်ရှိပါတယ်။ ဒီလိုမျိုးဖြစ်လာရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top