iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ်ဆောင်အောင်ရဲလင်းဟာ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတွေထဲက တစ်ယောက် ဖြစ်လာပါပြီ။ အဲဒီလိုမျိုး သူအောင်မြင်မှုရလာလေလေသူ့ရဲ့နောက်ကွယ်က Personal အကြောင်းအရာ ကောလဟာလတွေ နဲ့ ပတ်သက်ပြီး မျိုးစုံဝေဖန်ပြောဆိုလာကြတာလည်း အားလုံး ကြားကြရမှာပါ။ သူက ဘယ်လို၊ တစ်ယောက်ပြီးတစ်ယောက်တွဲတာ၊ ဘယ်သူကိုမှ အတည်မရှိဘူး စသဖြင့် သူ့ကို ဝေဖန်ပြောဆိုလာကြတဲ့ အပေါ်မှာ သူ့အနေနဲ့ ဘယ်လိုစိတ်မျိုးထားမိသလဲဆိုတာကိုတော့ “ကျွန်တော့်ကို အနုပညာနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ Personal နဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် ဝေဖန်ကြရင် ကျွန်တော်အဲဒီ့အပေါ်မှာ သတိမထားဘူး။ ကျွန်တော့်နားထဲကို တိုက်ရိုက် လာပြောရင်တောင် လျစ်လျူရှုလိုက်တယ်။ ကျွန်တော့်ကိုPersonal နဲ့ပတ်သက်ပြီး ဝေဖန်တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပရိသတ်အားပေးတာက အနုပညာကိုပါ။ Personal ကိုအားပေးတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော့်ကို Personal နဲ့ပတ်သက်ပြီး တိုက်ရိုက်ဝေဖန် ပြောလာရင် တောင်လျစ်လျူရှုလိုက်ပါတယ်။ ပရိသတ်ဆိုတာ အနုပညာရှင်ရဲ့Personal ကို စိတ်ဝင်စားလည်း ခဏတာပါပဲ။ ပြီးသွားရင် အနုပညာကိုပဲ ဆက်ပြီး အားပေးတာပဲလေ။ ကျွန်တော်ကတော့ အဲဒီလိုဝေဖန် တိုက်ခိုက်ပုတ်ခတ်တာမျိုးကို ဘယ်လိုမှ စိတ်ထဲမှာ မထားထားပါဘူး။ ကိုယ်လုပ်စရာရှိတဲ့ အနုပညာ အလုပ်တွေပေါ်မှာပဲ အမြဲကြိုးစားပြီးဆက်လက် လျှောက်သွားဖို့ပဲ ရှိပါတယ်”လို့ သူက ပြောပါတယ်။

လက်ရှိမှာေ အာင်ရဲလင်းဟာ အချစ်လို့ထင်တယ်ဆိုတဲ့ MTV တစ်ပုဒ်ကို ရိုက်ကူးနေပြီး သူက ရတနာမိုင်အတွက် ဒီသီချင်းကို မေတ္တာနဲ့ ကူညီရိုက်ပေးတာလို့ ဆိုပါတယ်။ ဒါ့အပြင်သူက ထပ်ပြီး MTV နဲ့ ဇာတ်ကား ရိုက်ကူးရတာခြင်း ကွာခြားပုံကို “MTV ရိုက်ရတာ ဇာတ်ကားရိုက်ရတာထက် ပိုပြီး တာဝန်ကြီးပါတယ်။ ဇာတ်ကားကရိုက်ပြီးသွားလို့ ကားထွက်လာရင် ပရိသတ်က တစ်ခါပဲကြည့် တာလေ။ ကျွန်တော့်ကို တစ်ခါပဲ တွေ့ရမှာပါ။ MTV က သီချင်းကိုကြိုက်ရင်ပဲဖြစ်ဖြစ်၊ အဲဒီ့သီချင်း ပေါက်သွားခဲ့ရင် ပရိသတ်က ထပ်ခါထပ်ခါကြည့်ကြမှာလေ။ နားထောင်မှာလေ။ အဲဒီလိုကြည့်တဲ့အခါတိုင်းမှာ ကျွန်တော့်ကို့ မြင်တွေ့နေရမယ်။ အဲဒါကြောင့် ပိုတာဝန်ကြီးတယ်လို့ ပြောတာပါ။ ကျွန်တော့်ကိုMTV၊ VCD တွေရိုက်ဖို့ ကမ်းလှမ်းလာရင် ကျွန်တော့်ဘက်က အစအဆုံး အဝတ်အစားပိုင်းကအစ သေချာလေး ပြင်ဆင်ဖြစ်တယ်။ တစ်ချို့သီချင်းတွေဆို သီချင်းနဲ့ လိုက်အောင်လို့ hair style ပြောင်းပေးရမယ်ဆိုရင်တောင် ပြောင်းပေးပါတယ်။ MTV တစ်ပုဒ်ရိုက်တာ ဇာတ်ကားတစ်ကား အစအဆုံး ဖန်တီးပြီး ပြင်ဆင်ရိုက်ရတာနဲ့ အတူတူပါပဲ။ MTV ဆိုကျွန်တော်က Story ပုံစံရိုက်ရတာကို ပိုသဘောကျတယ်။ များသောအားဖြင့် Story ပုံစံတွေပဲ လက်ခံ ရိုက်ပေးတာ များပါတယ်”တဲ့။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top