iMyanmarHouse.com - Best Property Website for Myanmar
×










University of Michigan ဆေးကျောင်းမှပြုလုပ်ခဲ့သော လေ့ လာမှုအရ သမားတော်များသည် နောက်ကျမှလက်ထပ်လေ့ရှိပြီး၊ ၎င်းင်း တို့ရဲ့ လက်ထပ်မှုဟာ ဘယ်လိုစိန်ခေါ် မှု တွေနဲ့ကြုံပါစေ ခိုင်မြဲလေ့ရှိကြောင်း အခြားသော လုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူများထက် မိသားစုနှင့် ကြင်ဖော်ကို အချိန်နှင့် ဂရုစိုက်မှုပို ပေးလေ့ရှိကြောင်း သိရသည်။

 လေ့ လာမှုများက သမားတော်များနှင့် ၎င်းင်းတို့၏ကြင်ဖက်များအား ဆေး ပညာရှင်အချင်းချင်း လက်ထပ်ရာမှာ မည်ကဲ့သို့ပြုမူကြသည်ဆိုသည့် ဖြစ် ရပ်မှန်များကို မေးမြန်ခဲ့ကြသည်။ ရလဒ်များအရ ဇနီးမောင်နှံနှစ်ဦး တွင် တစ်ဦးကသမားတော်ဖြစ်စေ (သို့) နှစ်ဦးစလုံးသမားတော်ဖြစ်နေ သည့်အိမ်ထောင်စုများ၌ အောက်ပါ နည်းစနစ်များအားလိုက်နာကြောင်း တွေ့ခဲ့ရသည်။

(၁) အချင်းချင်း အပြန်ပြန်အလှန်လှန်အားကိုးခြင်း၊
(၂) မိသားစုဝင်တိုင်း၏ တန်ဖိုးကို နားလည်ကြခြင်း၊
 (၃) မူဝါဒစည်း ကမ်းများကို အတူတူချမှတ်ကြခြင်း၊
(၄) မိသားစုဆက်ဆံရေးမှာ သမား တော်ပါဝင်ခြင်း၏ကောင်းကျိုးကို အသိအမှတ်ပြုခြင်း
စသည်တို့ကို လိုက်နာလေ့ရှိကြောင်း တွေ့ရသည်။

 အင်တာဗျူးများတွင် ပါဝင်သူများက အိမ်တွင် ၎င်းင်းတို့တာဝန်ကဘာဆို တာကို နားလည်ကြပြီး၊ မိမိ၏ အဖော်ကမည်သည့်တာဝန်များကို လုပ်ဆောင်နိုင်ကြောင်း နားလည် ကြသည်ကို တွေ့ခဲ့ရသည်။ သမား တော်များကိုပြုလုပ်ခဲ့သည့် အင်တာ ဗျူးများ၌ မိသားစု၊ အိမ်ထောင်ဖက်နှင့် ဝေးကွာနေခြင်းက ၎င်းင်းတို့၏အလုပ် အပေါ်ကို သက်ရောက်မှုရှိစေ ကြောင်းဖြေကြားခဲ့သည်။

Credit : Health Updates Journal

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top