iMyanmarHouse.com - Best Property Website for Myanmar
×










နေ့ခင်းနေ့လည်ရောက်ရင် လူက ဘယ်လိုဖြစ်ပြီး ပင်ပင်ပန်းပန်းဖြစ် နေရတာလဲ။ ပင်ပန်းစေတဲ့အလုပ်လည်း ဘာတစ်ခုမှ မလုပ်ရသေးပဲ ပင်ပန်းနွယ်နယ်သလိုကြီး ခံစားနေရတယ်ဆိုရင်တော့ သင်မနက်ပိုင်းစား ထားတဲ့ မနက်စာ၊ ပြီးတော့ နေ့လည်စာ ဘာတွေ စားထားသလဲဆိုတာ တစ်ချက်ပြန်စဉ်းစားကြည့်သင့်ပါတယ်။ ဒီကြားထဲ ဘာမုန့်တွေ စားထားသေးလဲ ဆိုတာပါ ထည့်စဉ်းစားရမှာပါ။ ခုအောက်မှာဖော်ပြပေးမယ့် အစားအစာတွေ ဟာ သင့်ကို ပင်ပန်းသလို ခံစားစေနိုင်တဲ့ အစားအစာတွေပါ။

၁။ငှက်ပျောသီး
မဂ္ဂနီဆီယမ်ဓာတ် ပါဝင်နှုန်းမြင့်တဲ့ ငှက်ပျောသီး၊ ဖရုံစေ့စတာတွေဟာ သင့်ကို ပင်ပန်းနွမ်းနယ်သလို ဖြစ်စေမှာပါ။ ဒီလို ငှက်ပျောသီးမှာပါတဲ့ သံဓာတ် အမျိုးအစားတစ်ခုကြောင့် မအိပ်ခင်စားသင့်ပေမယ့် နေ့ခင်းနေ့လည်မှာ စားမယ်ဆိုရင်တော့ သင့်ကို ပင်ပန်းစေပါလိမ့်မယ်။

၂။ပေါင်မုန့်အဖြူ
ပေါင်မုန့်အဖြူတွေ စားမိရင်လည်း သင်ဟာ အားအင်တွေပြည့်နေသလိုမျိုး ခံစားချက် မရရှိနိုင်ပါဘူး။ အမျှင်ဓာတ်နည်းတဲ့ ဒီအစားအစာကြောင့် စားလိုက်သမျှ အားမဖြစ်ပဲ အားမရှိသလို ခံစားမိနေပါလိမ့်မယ်။

၃။အနီရောင်အသား
ဟမ်ဘာဂါတွေ၊ အသားညှပ်ပေါင်မုန့်တွေမှာပါတဲ့ အနီရောင်အသားတွေမှာ အဆီဓာတ်တွေ ပါဝင်နှုန်းများတဲ့အတွက် စားပြီးတဲ့အခါ အီလည်လည်ကြီးနဲ့ အားမရှိသလို ခံစားရပါလိမ့်မယ်။ ဒီအစားအစာကို ခြေဖျက်ပေးဖို့အတွက် သင့်ခန္ဓာကိုယ်အတွင်းက အားတွေသုံးရပါလိမ့်မယ်။ ဒါကို အာရုံစိုက်လိုက်ရခြင်းအတွက် သင်ဟာ ပင်ပန်းသလိုခံစားရမှာ မလွဲမသွေပါပဲ။ ဒါ့ကြောင့် အဲ့ဒီလို အသားကိုစားမယ့်အစား တစ်ခြားဆယ်မွန်ငါးတွေဘာတွေ ညှပ်ပြီး ပြောင်းစားသင့်တယ်လို့ အကြံပေးထားပါတယ်။

၎။ချယ်ရီသီးနဲ့ ချယ်ရီသီးဖျော်ရည်
ချယ်ရီသီးလေး စားလို့ကောင်းလိုက်တာဆိုပြီး နေ့ခင်းဘက်အချိန်စားမယ်၊ ဖျော်ရည်သောက်မယ်ဆိုရင်တော့ သင်ဟာ အိပ်ချင်သလိုလိုကြီး ခံစားလာရမှာဖြစ်ပြီး အားကုန်သလိုဖြစ်လာပါလိမ့်မယ်။ ဒါဟာ သူ့ဆီမှာပါဝင်တဲ့ melatonin ဓာတ်ကြောင့်ပါ။ ချယ်ရီသီးကို လူသိများတဲ့အချက်ကလည်း အိပ်လို့ကောင်းတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါ့ကြောင့် နေ့ခင်းနေ့လည် မစားမိပါစေနဲ့။

၅။သကြားလုံး၊ ချိုလွန်းတဲ့ အစားအစာများ
သကြားဓာတ်များစွာပါဝင်တဲ့ သကြားကို စားလိုက်မိပြီဆိုရင်တော့ သင့်ခန္ဓာကိုယ်သွေးကြောတွေထဲမှာ အဲ့ဒီဓာတ်တွေ ပျံ့နှံ့သွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက် အမိုင်နိုအက်ဆစ်တွေဟာ သင့်ဦးနှောက်ထိရောက်ရှိပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပါလိမ့်မယ်။ ဒါ့ကြောင့် ထမင်းစားပြီးချိန် စားရင် လန်းဆန်းမှုပျောက်ဆုံးမှု အိပ်ချင်စိတ်ကို ဖြစ်စေကာ နွမ်းလျစေပါလိမ့်မယ်။

၆။ကော်ဖီ
ကော်ဖီတို့၊ လက်ဖက်ရည်တို့ဟာ သောက်ပြီးပြီးချင်း မသိသာပေမယ့် ခဏအကြာမှာတော့ လူကို နွမ်းလျစေတတ်ပါတယ်။ ဒါဟာကဖင်းဓာတ်ကြောင့်ပါပဲ။ ဒါ့ကြောင့် မနက်အစောကြီး မနက်စာအစား ကော်ဖီသောက်တဲ့လူတွေဟာ တစ်နေ့တာလုံး ပင်ပန်းသလို ခံစားနေရတတ်တယ်လို့ ဆိုပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top