iMyanmarHouse.com - Best Property Website for Myanmar
×














တိုးတက်လာတဲ့ နည်းပညာတွေက ချစ်သူရည်းစားတွေအပေါ် သက်ရောက်မှုတွေ အများကြီး ဖြစ်ပေါ်စေပါတယ်။ သာယာနေတဲ့ အချစ်ရေးဟာ နည်းပညာကြောင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုကင်းမဲ့သွားစေနိုင်သလို အစတုန်းက အဆင်မပြေတဲ့ အတွဲ၊ တစ်ဦးနဲ့တစ်ဦး မယုံကြည်တဲ့ အတွဲတွေအတွက်လည်း သူက အဆင်ပြေအောင် ဖန်တီးပေးနိုင်ပါတယ်။ အဲ့ဒီအရာတွေက ဘာတွေများဖြစ်လိမ့်မလဲ။

၁။နည်းပညာကြောင့် ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး အကြောင်းအရာတွေကို ခေါင်းထဲမှာ မှတ်ထားလေ့မရှိတော့ပါဘူး။

ဖုန်းထဲမှာ၊ ကွန်ပျူတာထဲမှာ နှစ်ဦးသား အမှတ်တရနေ့တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်စတာတွေကို မှတ်သားလာတတ်ကြတာကြောင့် ဒါဟာ အလေးထားမှုအပိုင်းကို အားနည်းလာစေပါတယ်။ အစစအရာရာ ငါတို့မလုပ်လဲ ဖြစ်တာပဲဆိုတာချည်း အတွေးဝင်သွားတဲ့အခါ နှစ်ဦးသားရဲ့ဆက်ဆံရေးဟာ ချို့ယွင်းချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။

၂။ကိုယ့်ချစ်သူကောင်မလေးကို ဘယ်သူက follow လာလုပ်သလဲဆိုတာ ဖုန်းယူပြီး စစ်ဆေးတာတွေ လုပ်လာတတ်ပါတယ်။

တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ် ၊ ကိုယ့်ချစ်သူကို ဘယ်သူတွေ instagramမှာ လာ follow လုပ်သလဲ။ facebook မှာ friend request ပို့ထားသလဲ စသဖြင့် သူ့ဖုန်းယူပြီး စစ်တာဆေးတာတွေ လုပ်လာပြီဆိုရင်တော့ ကြာရင် သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်လာနိုင်သလို သူ့အပေါ်ယုံကြည်မှုမရှိဘူးဆိုတာလည်း ဖော်ပြလိုက်ရာ ရောက်ပါတယ်။

၃။သူဘယ်မှာရှိနေသလဲဆိုတာ တောက်လျှာက်ခြေရာခံတာတွေ လုပ်တတ်ပါတယ်။

ကိုယ့်ချစ်သူ ခုဘယ်မှာရှိနေသလဲဆိုတာကို နောက်ကခြေရာခံ လိုက်ကြည့်တာ၊ သူ့ကို ရောက်တဲ့နေရာ check in လုပ်ခိုင်းတာမျိုးကလည်း နင့်ကိုငါမယုံလို့ဟေး ဆိုပြီး ပြောနေသလိုပါပဲ။

၎။သူရဲ့ passowrd နဲ့ ကိုယ့် password လဲသုံးဖို့ တောင်းဆိုခြင်းတွေ ရှိလာပါတယ်။

တစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာကို ၀င်ရောက်စွက်ဖက်နိုင်တယ်ဆိုပေမယ့် အတိုင်းအတာတွေ ရှိရပါလိမ့်မယ်။ ဖောက်ပြန်ချင်တဲ့သူက ဖောက်ပြန်မှာပါပဲ။ ဒီ paswword ပေးထားပြီး နောက် account အသစ်နဲ့ ရှုပ်လို့ရတာပဲလေ။ ခုလိုမျိုး password တောင်းကြည့်တာ၊ လဲသုံးမယ်ပြောတာကမှ ကိုယ့်ချစ်သူအပေါ် ကိုယ်ဘယ်လောက် မယုံကြည်သလဲဆိုတာ ပြသလိုက်တာမို့ ဒါဟာ သံယောဇဉ်ပိုခိုင်မာအောင် ကြိုးစားဖို့အတွက် နည်းမှန်တော့ မဟုတ်ပါဘူး။

၅။ဒေါသအလျောက် facebook ရဲ့ ကိုယ့်ချစ်သူရဲ့ wall မှာ ပို့စ်လုပ်ခြင်းတွေ ရှိလာပါတယ်။

စိတ်တို၊ ဒေါသထွက်တဲ့အခါ ကိုယ့်ချစ်သူ wall ကို သွားပြီး အပြစ်ပြော၊ အပြစ်တင်တဲ့ ပို့စ်မျိုးတွေ အဆိုးဆုံးက ဆဲဆိုတာမျိုးတွေ ပို့စ်လုပ်ခြင်းဟာ တော်တော်လေးကို ဆိုးရွားလွန်းတဲ့အပြုအမူတစ်ခုပါပဲ။

၆။အရင်တုန်းက ကိုယ့်ချစ်သူတွဲခဲ့တဲ့ ရည်းစားဟောင်းတွေရဲ့ wall ကို သွားကြည့်ပြီး အာရုံနောက်ရတတ်ပါတယ်။

ဘယ်သူမဆို ကိုယ့်ချစ်သူရဲ့ အရင်တုန်းက တွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းနဲ့ ပတ်သက်ပြီး သ၀န်တိုတာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒီသ၀န်တိုတာမျိုးကို အရှည်ချဲ့ပြီး သူတို့ facebook wall ကို သွားကြည့်မိတယ်ဆိုပါစို့။  တစ်ခါတစ်လေ ကိုယ်နဲ့တိုက်ဆိုက်တဲ့ အကြောင်းအရာတစ်ခုကို စတေးတပ်စ်တင်ထားတာ တွေ့ပြီဆိုတာနဲ့ ဒေါသတွေထွက်ပြီး ကိုယ့်ချစ်သူနဲ့ နှစ်ဦးသားရန်ဖြစ်ရတာမျိုးဟာ မတန်ပါဘူး။

၇။သူ သုံးသွားတဲ့ browser history ကို လိုက်စစ်ဆေးခြင်းဟာလည်း နှစ်ဦးစလုံး မလုပ်သင့်ပါဘူး။

အင်တာနက်သုံးတဲ့အခါ ကိုယ့်ချစ်သူ ဘယ်စာမျက်နှာတွေ၊ ဘယ်ဆိုက်တွေ ကြည့်သွားသလဲဆိုတာ သိချင်တာကြောင့် history ကို လိုက်စစ်ဆေးခြင်းကလည်း တစ်ဦးကိုတစ်ဦး မယုံကြည်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top