iMyanmarHouse.com - Best Property Website for Myanmar
×

ဗီယက်နမ် လူမျိုး များ အသားအရေ နှင့် ခန္ဓာကိုယ် လှပ ရသည့် အကြောင်း အရင်း

ဗီယက်နမ် နိုင်ငံ သူ၊ နိုင်ငံသား အများစု က အသက် ကြီးငယ် မရွေး အသား အရေ ကြည်လင် လှပ ပြီး ခန္ဓာကိုယ် အဆီ မရှိဘဲ သွယ်လျ လှပ ကြတာ ကို တွေ့ရှိ ရ ပါတယ်။ ဘာကြောင့် သူ တို့ အေ နနဲ့ အသား အရေ လှပပြီး ခန္ဓာကိုယ် ကြည့်ကောင်း နေရ သလဲ ဆိုတဲ့ အကြောင်း ကတော့ စားေ သာက်တဲ့ အစား အသောက် အများစု က ဆီ မပါတဲ့ ဟင်းလျာ တွေ၊ ငါး၊ ပုစွန်၊ ကမာ၊ ခရု စတဲ့ ပင်... လယ် စာတွေ၊ ကစွန်းရွက်၊ သခွားသီး စတာ တွေ ဖြစ်နေတာ ကို တွေ့ရပါ တယ်။ ဒါကြောင့် ဗီယ က် နမ် လူမျိုး တွေ ကို ကျန်းမာ လှပစေ တဲ့ အဓိက ဟင်းလျာ တွေ အကြောင်း ကို ပြောပြ ချင်ပါ တယ်။


၁။ ဗီယက်နမ် ဟင်းလျာ ထဲတွင် အဓိက ပါဝင် ပစ္စည်းများ

ဗီယက်နမ် ဟင်းလျာ တွေ ထဲမှာ ငါးနဲ့ လုပ်ထားတဲ့ ဆော့စ်၊ ပဲပိစပ် ဆော့စ်၊ ဆန်၊ လတ်လတ် ဆတ် ဆတ် ဟင်းခတ် အမွှေး အကြိုင် တွေ၊ သစ်သီး နဲ့ ဟင်းသီး ဟင်းရွက် တွေ ကို အဓိက အသုံးပြု ပါ တယ်။ ဟင်းခတ် အမွှေး အကြိုင် အနေနဲ့ ပူရှိန်း၊ ပင်စိမ်းရွက်၊ နံနံပင်၊ ရှောက်သီး၊ သံပရာသီး၊ ဆ လတ်၊ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) စတာတွေကို သုံးလေ့ ရှိပါတယ်။ ဗီယက်နမ် လူမျိုး တွေက ဟင်း လျာ တစ်မျိုးထဲကို ထည့်သွင်း ချက်ပြုတ် မယ့် ပါဝင် ပစ္စည်း တွေရဲ့ လတ်ဆတ် သန့်ရှင်းမှု နဲ့ ဆေး ဖက် ဝင်ပုံ တို့ကို အထူး အလေးထား ပါတယ်။

၂။ ဗီယမ်နမ် မိသားစု များ စားသောက်ပုံ

ပျမ်းမျှအားဖြင့် ဗီယက်နမ် မိသားစုတွေက ထမင်းဖြူ ပန်းကန်လုံးတစ်ခွက်စာ၊ ငါး ဒါမှမဟုတ် ပင် လယ် စာနဲ့ ဟင်းသီးဟင်းရွက် ရောပြုတ်ထားတဲ့ ဟင်းရည်၊ ဟင်းသီးဟင်းရွက်သနပ်၊ ဟင်းသီး ဟင်း ရွက်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်ကြော် တစ်မျိုး၊ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲ စွပ်ပြုတ်တွေ ပါဝင် ပါတယ်။ အဲဒီအစာတွေ နဲ့ တွဲစားနိုင်ဖို့ ငါးဆော့စ် ဒါမှမဟုတ် ပဲပိစပ်ဆော့စ်၊ ကြက်သွန်ဖြူ၊ ငံပြာ ရည် စတာတွေ ကို လည်း ပြင်ဆင် ထား ပါတယ်။ ထမင်း စားပြီး အချိုပွဲ အနေနဲ့ စားတတ် တာ ကေ တာ့ သင်္ဘော သီး၊ ပဲသုပ် နဲ့ ရာသီပေါ် အသီး အနှံတွေ ပဲ ဖြစ် ပါတယ်။

၃။ ဗီယက်နမ် ရိုးရာ ခေါက်ဆွဲ စွပ်ပြုတ်

ထမင်းစား တိုင်း မပါမဖြစ် ပါခဲ့ တာက ကြက်သား ဒါမှ မဟုတ် ဝက်သား ဒါမှ မဟုတ် အမဲသား ပါတဲ့ ခေါက်ဆွဲ စွပ်ပြုတ် ပဲ ဖြစ်ပါတယ်။ အဲဒီ စွပ်ပြုတ် ရဲ့ နာမည်က Pho ဖြစ်ပါတယ်။ အဆီ မပါဘဲ ပြုတ်ရည် ကို အရသာ ရှိပြီး ချိုမွှေး နေအောင် ပြုလုပ် ထားပါတယ်။ အဲဒီ စွပ်ပြုတ် ကို အနီရောင် ငရုတ်သီး၊ ပင်စိမ်း၊ ကြက်သွန်နီ၊ ဟင်းသီး ဟင်းရွက် တွေနဲ့ ရော ထည့် စားရ ပါတယ်။

၎။ ဗီယက်နမ် ကြက်ဥကြော်

ကြက်ဥကြော် က လည်း ဗီယက်နမ် တွေရဲ့ ရိုးရာ အစား အသောက် ထဲမှာ တစ်မျိုး အပါ အဝင် ပါပဲ။ ကြက်ဥ ကို မွှေပြီး အခွံခွာ ထားတဲ့ ပုစွန် ဒါမှမဟုတ် ကမာ၊ ကြက်သွန် နီ ပါးပါး၊ တစ်ခါ တစ်ရံ မှို ထည့်ပြီး အုန်းဆီ၊ နနွင်းမှုန့် တို့ နဲ့ ရောပြီး ကြော်တာ ဖြစ်ပါ တယ်။ အုန်းဆီ ( Coconut Oil ) က ဗီယက်နမ် မှာ အသုံးများ တဲ့ ဆီ ဖြစ်ပါတယ်။

၅။ ဗီယက်နမ် ထမင်းလိပ်

ဒါကို Vietnamese Fresh Roll လို့ ခေါ်ပြီး ဆန် ကို စက္ကူပုံစံ အလိပ်လေး လုပ်ပြီး အထဲမှာ ပုဇွန်၊ ဟင်းခတ် အမွှေး အကြိုင်၊ အသား၊ မြေပဲဆော့စ် စတာ တွေ ထည့် ပါတယ်။ အများ အားဖြင့် ဂျုံ ခေါက်ဆွဲ ဒါမှမဟုတ် ဂျုံ ကြာဆံ နဲ့ ရာသီ ပေါ် ဟင်းသီး ဟင်းရွက် တွေ ကို ထည့်သွင်း ပြုလုပ် ကြပါတယ်။

၆။ ဗီယက်နမ် ရိုးရာ ဆေးနည်းများ

လူ့ ခန္ဓာကိုယ် မှာ ဓာတ် ပစ္စည်းတွေ မျှတ နေဖို့ အတွက် ဟင်းလျာ တစ်မျိုး ထဲ ထည့်မယ့် ပါဝင် ပစ္စည်း တွေ ကို ရွေးချယ် သုံးစွဲ ကြပါတယ်။

- ဘဲသား ကို အအေးစာ လို့ ယူဆပြီး နွေရာသီ မှာ စားကြ ပါတယ်။ ချင်း ( ဂျင်း ) ပါတဲ့ ငါးဆော့စ် နဲ့ တွဲစား ပေးရင် နွေးတယ် လို့ ယူဆ ပါတယ်။ ကြက်သား ကို အနွေးစာ၊ ဝက်သား ကို အပူစာ လို့ ယူဆ ပြီး ဆောင်း ရာသီ မှာ အစားများ ပါတယ်။

- ပင်လယ်စာ ကို အအေးစာ လို့ ယူဆပြီး ချင်း ( ဂျင်း ) နဲ့ တွဲစား ပါတယ်။

- ဟင်းခတ် အမွှေး အကြိုင် တွေ ကို ချဉ်တဲ့ ဆော့စ် တွေ နဲ့ တွဲဖက် ပြုလုပ်ပြီး ယင် ဓာတ် နဲ့ ယန် ဓာတ် မျှတ အောင် ပြုလုပ် ပါတယ်။

- အအေးမိ နေသူ၊ တုပ်ကွေး ကွေး နေသူတွေ ကို ချင်း ပြုတ်ရည် သောက် ခိုင်း ပါတယ်။

Credit : Good Health

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top