iMyanmarHouse.com - Best Property Website for Myanmar
×














သင့်ချစ်သူနားလည်အောင် ဘယ်လောက်ချစ်ကြောင်း ဖွင့်ပြောနိုင်ဖို့လည်း လိုပါတယ်။ အခုဖော်ပြထားပေးတဲ့ စကားတွေဟာ အချစ်စစ်နဲ့ ပျော်ရွှင်နေကြတဲ့သူတွေရဲ့ ပြောဆိုထားတဲ့ စကားလုံးလေးတွေပဲဖြစ်ပါတယ်။ သူများကတော့ ဒီလိုပြောလိုက်ကြပြီ။ သင်ရော သင့်ချစ်သူကို ဘယ်လိုပြောမလဲ။

၁။ မရင့်ကျက်သေးတဲ့အချစ်ကတော့ “ငါ နင့်ကိုချစ်တယ်…. ဘာဖြစ်လို့လဲဆိုတော့ နင့်ကို ငါလိုအပ်လို့” ဆိုပြီးပြောတယ်။ ဒါပေမယ့် ရင့်ကျက်တဲ့ချစ်ခြင်းကတော့ “ငါနင့်ကိုလိုအပ်တယ်… ဘာဖြစ်လို့လဲဆိုတော့ ငါနင့်ကို ချစ်လို့ပဲ” ဆိုပြီး ဖွင့်ဟပါတယ်။

၂။ “ငါနင့်ကို အရမ်းချစ်တယ်… ဒါပေမယ့် ချစ်ရတဲ့အကြောင်းပြချက်ကို ငါ ဘာဖြစ်လို့ မသိနိုင်တာပါလိမ့်”

၃။ “နင့်ကိုငါချစ်တယ်… ဒါနင်နဲ့ဘာမှမဆိုင်ဘူး… ငါချစ်လို့ချစ်တာ…”

၎။ “ငါနင့်ကိုချစ်တာ အစလည်းမရှိသလို အဆုံးလည်းမရှိဘူး။ ငါ့ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ အင်္ဂါရပ်အပိုတစ်ခုလိုပဲ နင့်ကိုငါလိုအပ်နေတာ။ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်ခွင့်ရှိတဲ့ အခွင့်အရေးတစ်ခုလိုပဲ နင့်ကို ငါချစ်တယ်။ ကြောက်စိတ်လည်းမရှိသလို မျှော်လင့်ချက်လည်းမရှိပါဘူး။ ငါ့နှလုံးသားထဲမှာ နင့်ကိုသိမ်းထားခွင့်ပြုပေးရုံကလွဲပြီး အခြားမျှော်လင့်ချက်ဘာတစ်ခုမှမရှိပါဘူး။”

၅။ ငါ့ခံစားချက်တွေကို ဖွင့်ပြဖို့ “နင့်ကိုချစ်တယ်” ဆိုတဲ့စကားလုံးဟာ ဆိုလိုရင်းတော့ သိပ်မရောက်ဘူး။ အရမ်း ချစ်စ်စ်စ်စ်စ် တယ်… အဆုံးမရှိတဲ့ချစ်ခြင်းကို ညွှန်းဆိုဖို့ အဆုံးမရှိတဲ့ စကားလုံးအတွက် လိုအပ်နေတယ်။

၆။ “ငါနင့်ကိုချစ်လိုက်တာ ဘယ်လိုချစ်လိုက်လဲ… ဘယ်နေရာ ဘယ်အချိန်ဆိုတာကို သေချာမရှိခဲ့တာပါ။ ရုတ်တရတ်ပဲ ငါချစ်လိုက်တာ။ အဲဒါကြောင့် ငါ့ကို အကြောင်းပြချက်မတောင်းဆိုပါနဲ့… ငါနင့်ကိုချစ်တာ အကြောင်းပြချက်မရှိပဲ ချစ်တာပါ။”

၇။ “နင့်ကို ငါ့ရင်ခွင်ထဲဆွဲသွင်းထားရုံနဲ့တင် မလုံလောက်ဘူး… နင့်စိတ်ထဲမှာရှိတဲ့ အတွေး၊ အယူအဆအားလုံးကိုလည်း ငါ့ရဲ့ပိုင်ဆိုင်မှုတွေ ဖြစ်စေချင်တယ်။ နင့်ကိုအရမ်းချစ်တယ်။”

၈။ “နင့်ကိုငါအရမ်းချစ်တယ်…  ငါ့ရဲ့အချစ်တွေကို အရမ်းနောက်ကျနေပြီလို့နင်ထင်ရင်လည်း ငါဂရုမစိုက်ဘူး။ နင့်ကို ငါချစ်တဲ့အကြောင်းတွေ ဆက်ပြီးငါပြောမှာပဲ။”

၉။ “နင်နားလည်ဖို့ကတော့ တစ်ရက်ပြီးတစ်ရက် ငါပိုပိုပြီးချစ်တယ်။ ဒီနေ့အချစ်ဟာ မနေ့ကအချစ်ထက် ပိုသလို မနက်ဖြန်မှာချစ်ရမယ့်အချစ်ထက်တော့ လျော့တယ်။”

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top