iMyanmarHouse.com - Best Property Website for Myanmar
×

ခြေထောက်ကို မထိခိုက်စေဘဲ ဒေါက်ဖိနပ်အမြင့်လေးနဲ့ လမ်းလျှောက်ချင်ပါသလား။ အောက်ဖော်ပြပါ နည်းလမ်းလေးတွေက ခြေထောက်တွေကို ထိခိုက်နာကျင်ခြင်း မရှိစေဘဲ သက်တောင့်သက်သာ ဖြစ်စေပါတယ်။

၁။ပွဲမတက်ခင် တစ်ညအလိုမှာ ခြေထောက်ကို ဆားငံရေနွေးလေးနဲ့ စိမ်ပေးပါ။ ပြီးရင် အရေပြားပေါ်က ခြောက်သွေ့နေတဲ့ဆဲလ်သေတွေကို ဖယ်ရှားပြီး အစိုဓာတ်ထိန်းပေးတဲ့ moisturizer လေးနဲ့ နှိပ်နယ်ပေးပါ။

၂။ခြေသည်းလေးတွေကို တိုတိုလေးညှပ်ထားပါ။ ဒါမှဒေါက်ဖိနပ် ထိပ်ချွန်လေးတွေစီးရင် ခြေသည်းလေးတွေက အသားကို ထိုးမနေမှာဖြစ်ပါတယ်။

၃။ခေါက်ပြီးပိုက်ဆံအိတ်ထဲ ထည့်ယူသွားလို့ရတဲ့ ဖိနပ်ပါးအပျော့လေး (Fold-up Shoes) လေးတွေကို ပွဲပြီးလို့ အိမ်အပြန်လမ်းမှာ စီးရအောင် ယူသွားပါ။

၎။အိမ်ပြန်ရောက်တဲ့အခါ ခြေထောက်ကို ဆားငံရေထဲမျာ (၁၀)မိနစ်လောက်ကြာအောင် စိမ်ခြင်းအားဖြင့် ယောင်ယမ်းခြင်းတွေကို သက်သာစေပါတယ်။

credit …GandaWin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top