iMyanmarHouse.com - Best Property Website for Myanmar
×














တစ်ကိုယ်တော် အခွေကို မွေးနေ့အမီ ထွက်နိုင်ရန် ရိုက်ကူး နေသည့် စိုးပြည့်ပြည့်စံ က Only One MTV တွင် ဆံပင်ဖက်ရှင် ပုံစံမျိုးစုံနှင့် မြင်တွေ့ ရမည် ဖြစ်ကြောင်း ပြောသည်။

 စိုးပြည့်ရဲ့ MTV လေးကို မွေးနေ့ မတိုင်ခင် ထွက်ဖို့ စိုးပြည့် ကြိုးစား နေတယ်။ ဒီ MTV လေးထဲ မှာလည်း စိုးပြည့်က ဖက်ရှင်နဲ့ ပတ်သက် တာကို လုပ်ထားတယ်။ ဘာလို့လဲ ဆိုတော့ စိုးပြည့်က မော်ဒယ်လောက ထဲမှာ ရှိကတည်းက စိုးပြည့်ရဲ့ စတိုင်နဲ့ ပတ်သက်ပြီး ကြိုက်ကြတဲ့ သူတွေ ရှိပါ တယ်။ သူတို့တွေ ကလည်း ဖက်ရှင်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြားလေး လုပ်ပါဆိုတဲ့ MTV မရိုက်ခင် ကတည်းက တောင်းဆို ထားတာလေးတွေ   ရှိပါ တယ်။ MTV ထွက်တဲ့အခါ ဆံပင်ပုံစံမျိုးစုံ၊ စတိုင် မျိုးစုံနဲ့ MTV ကိုမြင်ရပါမယ်။ နောက်ပြီးတော့ စိုးပြည့်တို့ အပြင်မှာလို လက်တွေ့ ကျကျ ဖြစ်ပျက်နေတဲ့ အရာလေးတွေကို လုပ်ထား ပါတယ်။ ဖန်တီးထား ပါတယ်။ စိုးပြည့် ကလည်း ဖက်ရှင်နဲ့ ပတ်သက်ရင် အရမ်း Crazy  ဖြစ်တယ်။ အရင်ကတည်း ကလည်း စတိုင်တစ်ခု အနေနဲ့ ခွဲထွက်ခဲ့တယ်။

အဆိုတော် ဖြစ်လာတဲ့ အခါမှာလည်း သီချင်းပေါ် မူတည်ပြီး ဖက်ရှင် စတိုင်တွေ ချိန်းထား ပါတယ်။ ထူးခြားတဲ့ အိုင်ဒီယာ၊ ထူးခြားတဲ့ ဖက်ရှင်လေးတွေနဲ့ တကယ့် အမှန်ကို မြင်ရမယ့် စိုးပြည့်ရဲ့ Hair Style  ကိုတွေ့ရပါမယ်။ စိုးပြည့်ရဲ့ မွေးနေ့မှာလည်း အမှတ်တရ လေးဖြစ်အောင် ပရိသတ်နဲ့ အတူ ဖြတ်ကျော်ချင်ပါတယ် ဟု စိုးပြည့်ပြည့်စံက ပြောသည်။ စိုးပြည့်ပြည့်စံ၏ Only One တစ်ကိုယ်တော် အခွေတွင် Electro Dance သီချင်းများ၊ အသည်းကွဲ သီချင်းများ ပါဝင်ကြောင်း သိရသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top