iMyanmarHouse.com - Best Property Website for Myanmar
×














နောက်ပိုင်းမှာတော့ အနုပညာ လှုပ်ရှားမှုတွေကို သိပ်မလုပ်ဖြစ်တော့ဘဲ စီးပွားရေးကိုပဲ ဦးစားပေးလုပ် ဖြစ်တော့မှာဖြစ်ကြောင်း ဂုဏ်ရည်အေးကျော်က ပြောပါတယ်။ “အခု ရက်ပိုင်းအများဆုံးလုပ်ဖြစ်နေတာ က ပြက္ခဒိန်တွေဆက်တိုက်ရိုက်ဖြစ်နေတယ်။ကားရိုက်ဖို့တွေတော့ မလုပ်တော့ဘူး။ အနုပညာအလုပ် တွေတောင် ဒီတစ်နှစ်ေ လာက်လုပ်ပြီးရင်ဆက်မလုပ်တော့ဘူးလားလို့။ ဒါပေမဲ့Talk Show တွေ တော့ဆက်ပြောချင်ပါသေးတယ်။

 စကားပြောရတာပဲ ကြိုက်တော့ Talk Show တွေ Presenterလုပ်ဖို့တွေရှိရင်တော့ လက်ခံပါမယ်။ ဓာတ်ပုံတွေပဲရိုက်ဖြစ်တာများတယ်။ကားရိုက်ဖို့တော့အဲဒီ လောက်ထိဝါသနာပါမဘူး။ရှင်းရှင်းပြောရရင်
အနုပညာလောကကြီးထဲမှာအဲဒီလောက်ထိအရှည်ကြီးဆက်သွားမယ်လို့ရည်မှန်းချက်မထားဘူး။Miss
  ဖြစ်သွားပြီး ဒီလောက်အထိ ရိုက်ရတယ် ဆိုတော့ ဂုဏ်ရည်အတိုင်းအတာ အရဆိုရင်   တော်တော်တောင်ကျေနပ်နေပါပြီ။ ဂုဏ်ရည်စီးပွားရေး ဘက်ကိုတော့ ပြန်လုပ်ဖို့ရှိတယ်။ အရင်ကလုပ်ခဲ့ဖူးတဲ့ အိမ်ခြံမြေ အလုပ်ကိုပဲ ဆက်လုပ်မယ်။ ပြီး တော့ရန်ကုန် မှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွဲပြီး ဖက်စပ်လုပ်ဖို့တွေရှိတယ်။ နောက်ပိုင်း ဆိုရင် စီးပွားရေးဘက်ကိုပဲ ပိုဦးစားပေးပြီး လုပ်ဖြစ်မယ်” လို့ ပြောပြခဲ့ပါတယ်။

Credit : popularmyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top