iMyanmarHouse.com - Best Property Website for Myanmar
×

ဗြိတိန်ကွန်ပျူတာ သိပ္ပံ ပညာရှင် အယ်လန်ကျူရင်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားဖြစ်သော The Imitation Game ဇာတ်ကား သည် (၃၉)ကြိမ်မြောက် တိုရန်တို နိုင်ငံတကာ    ရုပ်ရှင်ပွဲတော်၌ ထိပ်တန်းဆုဖြစ်သော People's Choice Award ဆုကို ရရှိခဲ့သည်။

The Imitation Game ရုပ် ရှင်ဇာတ်ကားတွင် ဗြိတိန်သရုပ် ဆောင်များဖြစ်ကြသော ဘန်နက် ဒစ်ကမ်ပါဘက်ခ်ျ၊ ကီရာနိုက်တ လေနှင့် မက်သရူးဂွတ်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေ သည့် အချိန်ကို အခြေခံရိုက်ကူး သော The Imitation Game ဇာတ်ကား၌ ဘန်နက်ဒစ်ကမ်ပါ ဘက်ခ်ျက စကားဝှက်ဖော်သူ ဗြိ တိန်သင်္ချာပညာရှင် အယ်လန် ကျူရင်းအဖြစ် သရုပ်ဆောင်ထား သည်။

ဘန်နက်ဒစ်သည် ယင်း ဇာတ်ကားတွင် သင်္ချာပညာရှင် တစ်ဦးအဖြစ်    သတ်မှတ်ထား သော ထိုခေတ်၌ လူသိမခံဝံ့သည့်လိင်တူစုံမက်သူ (ဂေး)တစ်ဦးအ ဖြစ် သရုပ်ဆောင်ထားသည်။

ပြီးခဲ့သည့်နှစ်များက တိုရန် တို ရုပ်ရှင်ပွဲတော်၌ People's Choice Award ဆုကို ရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကားခြောက်ကားအ နက် သုံးကားမှာ အော်စကာဆု ပေးပွဲများ၌ အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆုများ ရရှိခဲ့သည်ဟု သိရသည်။

(၃၉) ကြိမ်မြောက် တိုရန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၄ ရက်မှ ၁၄ ရက် အထိ ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

Credit :7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top