iMyanmarHouse.com - Best Property Website for Myanmar
×











၁) သွေးကျစေပါတယ်။
အမေရိကန်နိုင်ငံမှာ သွေးတိုးရောဂါရှိသူ သက်ကြီးရွယ်အိုများကို ရက်သတ္တ ၁-ပတ်လျှင် ၃နာရြီ ဖင့် အချိန်ကာလ ၄-လကြာမျှ ကျောက်စရစ်ခဲတွေပေါ် ခြေဗလာဖြင့်လမ်းလျှောက်စေခဲ့ရာ၊ သိသိ သာသာ သွေးတိုးကျသွားပါတယ်။ သွေးတိုးရောဂါသည်များ အဲဒီလျှောက်ပေးခြင်းက မြေပြင် ညီေ ပ်ါဖိနပ် စီး ၍ ပုံမှန်လမ်းလျှောက်ခြင်းထက် ပိုမိုကောင်းကျိုးဖြစ်စေတယ်လို့  ၂၀၀၅ ခုနှစ် ထုတ် “ The American Geriatrics Society ” (ခေါ်) “အမေရိကန်သက်ကြီးရွယ်အိုလူ့ ဘောင် အဖွဲ့ ” လို့ အမည်ရတဲ့ ဂျာနယ် တစ်စောင်မှာ ဖော်ပြထားပါတယ်။

၂) အာရုံစူးစိုက်မှုကောင်းလာစေပါတယ်။
အာရုံစူးစိုက်ပြီး ခြေလှမ်းတိုင်းကို ဖြေးဖြေးနဲ့ မှန်မှန် လှမ်းလျှောက်ရခြင်းကြောင့် သက်ကြီးပိုင်း ဆိုင် ရာ အသိအာရုံ ကောင်းမွန် တိုးတက်လာပါတယ်။

၃) စိတ်တက်ကြွမှုဖြစ်စေပါတယ်။
ဘသာဝပထ၀ီ မြေကြီးဓာတ်ရဲ့  ထူးခြားသောအကျိုးအာနိသင်ကြောင့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ် ပိုင်း ဆိုင်ရာပါ ကောင်းကျိုး ပြုပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပူပင်သောကများ ကို အလိုအလျောက် ပြေလျော့သွားတယ်လို့ ဆိုပါတယ်။

၎) ခြေဖ၀ါးအနှိပ်ခံသကဲ့သို့ ထိရောက်မှုဖြစ်စေပါတယ်။
ခြေဖ၀ါးဟာ ခန္ဓာကိုယ်အစိပ်အပိုင်းများရဲ့ အကြောစုံဖြစ်သလို၊ ခန္ဓာကိုယ်တွင်းကလီစာများနှင့် လည်း ဆက်နွယ်နေလို့  ခြေဖ၀ါးနှိပ် နယ် ကုသမှုခံယူ နေကြခြင်းဖြစ်ပါတယ်။ ယခုလို ကျောက် စရစ်ခဲတုံးလေးတွေပေါ်ခြေဗလာဖြင့် လမ်းလျှောက်ခြင်းက လက်ဖြင့်  နှိပ်နယ်ခံရသကဲ့သို့ အကျိုး အာနိ သင် ရှိစေလို့ ၊ ငွေမကုန်ဘဲရောဂါသက်သာစေတဲ့ နည်းလမ်းကောင်းပါဘဲ။

၅) ကြွက်သားများကို ကျမ္မာစေပါတယ်။
ကျောက်စရစ်ခဲများပေါ် ခြေကြွလှမ်းလျှောက်ခြင်းကြောင့် ခြေဖနောင့်-ခြေဖ၀ါးအလယ်-ခြေချောင်း စသည်ဖြင့် ခြေဖ၀ါးတပြင်လုံး သွေးလည်ပတ်မှုကောင်းစေကာ၊ ဖြေဖ၀ါးကြွက်သားများကို ကျမ္မာ ကြံ့ ခိုင်လာစေပါတယ်။ လွန်ခဲ့သော နှစ် ၂၀၀၀ ခန့် က ခြေနင်း ဖိနပ်လုံးဝမစီးဘဲ ခြေဗလာဖြင့်လှ ည့် လည် သွားလာရှင်သန်ခဲ့ကြသည့် ဇူးလူး လူမျိုးတို့ ရဲ့  ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုများကို ပြန် လည်ေ လ့လာစမ်းစစ်ကြည့်ရာ ယနေ့ ခေတ်အရိုးစုနဲ့ မတူ ခြေချောင်းရိုးလေးများ သန်မာကြေ ကာင်း လေ့လာတွေ့ ရှိရ ပါတယ်။

၆) ခြေထောက်ယောဂ လေ့ကျင့်ခဏ်းယူခြင်း တစ်မျိုးပါဘဲ။
ခြေဖ၀ါးကိုဟန်ချက်ညီညီ ကျောက်စရစ်ခဲပေါ်ထိန်းပြီး ကိုယ်ကိုမတ်မတ်ထားကာ ခြေဆ န့်  လမ်းေ လျှာက်ခြင်းကြောင့် ကြွက်သား နှင့်အရိုးစပ်ကြားရှိအရွက်ကြောလုံး များ၊ ခြေ တစ်ေ ချာင်းစီ ရဲ့ အရိုးများကိုဆက်သွယ်ထားသည့်အရွတ်ပြားများ နှင့် အရိုးအဆစ် အဆက်များကို ကျန်းမာကြံ့ ခိုင်စေသည့်ပြင်၊ ဒူးနာ-ခါးနာတို့ ကို ပါ ပျောက်ကင်းစေပါလို့  ခြေထောက်ယော ဂကျင့်စဉ် အထူး လုပ်နေစရာ မလိုတော့ပါဘူး။

၇) ညဘက်နှစ်ခြိုက်စွာအိပ်မောကျစေပါတယ်။
နှစ်ခြိုက်စွာအိပ်မောကျစေလို့ နာတာရှည် အိပ်မပျော်သူများအတွက် အကောင်းဆုံးကုထုံး လို့ ဆိုပါတယ်။

၈) ဇီဝကမ္မဖြစ်စဉ်ကို အလုံးစုံတိုးတက်စေပါတယ်။
လူ့ ခန္ဓာကိုယ်ကို ရေဓာတ် ၆၀%နဲ့ ဖွဲ့ စည်းတည်ဆောက်ထားတာပါ။ ကမ္ဘာပထ၀ီမြေကြီးရဲ့  အစိပ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်စ ရစ်ခဲထဲမှာ (-)သံဓာတ်များပါရှိပါတယ်။ ထိုကျောက်စရစ်ခဲေ ပါ် ခြေဗလာလမ်းလျှောက်ခြင်းဖြင့် ခြေဖ၀ါးအပူဓာတ်ကနေ (-)သံ ဓာတ်များကိုယခန္ဓာထဲ စီး ၀င်လာပြီး၊ အဆိပ်အတောက်ပြေစေခြင်း/ကိုယ်တွင်းကိုယ်ပရောင်ရမ်းနာများ ကိုသက်သာစြေ ခင်း/ ဟိုမုန်းမျှတခြင်း/စိတ်ပိုင်းဆိုင်ရာကျမ္မာစေခြင်း …စသည်ဖြင့် ကောင်းကျိုးများခံစားရစေပါ တယ်။ ရေစွတ်စိုသော သဲသောင်ပြင် ပေါ် ဖိနပ်မပါဘဲလမ်းလျှောက်ခြင်းကလည်း ထိုကျမ္မာေ ရးအကျိုးကျေးဇူးများကို ရနိုင်ပါတယ်။

၉) ပျော်ရွှင်စရာလေ့ကျင့်ခဏ်းတစ်မျိုးပါ။
နေခြည်နုနုအောက် လေကောင်းလေသန့် ရှုရှိုက်ရင်း၊ ကျောက်စရစ်ခဲလမ်းကလေးပေါ် ဖြည်းဖြည်းမှန်မှနှ်
လမ်းလျှောက်ကာ မိမိအားသန်ရာ သီးချင်းသီဆိုခြင်း (သို့ မဟုတ်) ဘုရားစာရွတ်ဖတ်ြ ခင်း (သို့ မဟုတ်) တရားရှုမှတ်ခြင်းဖြင့် လူးလာခေါက်တုန့် လျှောက်ခြင်းက စိတ်နှလုံးအေး ချမ်းစေတဲ့ ပျော်ရွှင်ဖွယ်ရာ အားကစားလေ့ကျင့်ခဏ်းလေးပါဘဲ။

Credit : Pauk Pauk

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top