iMyanmarHouse.com - Best Property Website for Myanmar
×



ကနေဒါအ ဆိုတော် ဂျပ်စတင်ဘီဘာက ၎င်း သည် ချောက်ကမ်းပါးပေါ်မှ ရေ ထဲသို့ ဒိုင်ဗင်ထိုးချစဉ် နားစည်ကွဲ ၍ ခွဲစိတ်ကုသမှုခံယူရဖွယ် ရှိ သည်ဟု စက်တင်ဘာ ၂၄ ရက် တွင် ၎င်း၏ တွစ်တာစာမျက်နှာ၌ ပြောကြားခဲ့သည်။

‘‘ချောက်ကမ်းပါးကနေ ရေ ထဲကို ဒိုင်ဗင်ထိုးခဲ့တဲ့အချိန်မှာ နားစည်ကွဲသွားခဲ့တယ်။ ခွဲစိတ် ကုသမှု ခံရနိုင်တယ်လို့ ဆရာဝန် တွေက ပြောတာပဲ။ ကျွန်တော့် နားစည်က သိပ်အဆင်မပြေပေ မယ့် ပရိသတ်ကြီးအတွက်တော့ တေးသီချင်းသစ် ဖန်တီးနေဆဲပါ’’ ဟု ဂျပ်စတင်ဘီဘာက ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားခဲ့ သည်။

အဆိုတော် ဂျပ်စတင်ဘီဘာ က  ဘယ်အချိန်၊ ဘယ်နေရာ၌ မတော်တဆမှု ဖြစ်ပွားခဲ့သည်ကို မူ ထုတ်ဖော်ပြောကြားခြင်း မရှိ ပေ။

အနည်းငယ်မြင့်မားသော နေရာတစ်နေရာမှ ရေထဲသို့ ခုန် ချစဉ် ရုတ်တရက် ဖြစ်ပေါ်လာသော    ဖိအားအပြောင်းအလဲ ကြောင့် နားစည်ကွဲတတ်သည်ဟု   သိရသည်။



Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top