iMyanmarHouse.com - Best Property Website for Myanmar
×

သြစတျေးလျနိုင်ငံ Sydney မြို့မှာ သောကြာနေ့က ကျင်းပတဲ့ Kanye Westရှိုးပွဲကို လာရောက်အားပေးတဲ့ ပရိသတ်အားလုံး မတ်တပ်ရပ်ပြီး သူ့သီချင်းနဲ့ မကခုန်မချင်း သူသီချင်းဆက်မဆိုတော့ဘူးလို့ Kanye West က ငြင်းဆိုခဲ့ပါတယ်တဲ့။

Kanye ရဲ့ ခုလိုပြောဆိုပြူမူလိုက်တာကြောင့် ကံမကောင်းဘူးလို့ပြောရမှာက ပရိသတ်ထဲက ခြေတစ်ဖက်အတုတပ်ထားရတဲ့သူနဲ့ တွန်းလှည်းပေါ်သာထိုင်နေရတဲ့သူ တို့ပါပဲ။

အားလုံး မတ်တပ်မရပ်မချင်း ဒီရှိုးပွဲ မကျင်းပပေးနိုင်ဘူးလို့ ပရိသတ်ကို ပြောဆိုခဲ့တယ်လို့ အဲဒီဂီတဖျော်ဖြေပွဲ သွားရောက်အားပေးသူတစ်ယောက်က Daily Mail ကို ပြောပြခဲ့ပါတယ်။ အဲဒီပရိသတ်က သူ့လက်ကို လေပေါ်ဝှေ့ယမ်းပြီး သူ့ကို အားပေးချိန်မှာ Kanye ကစာနာသနားစိတ်နဲ့ သူပွဲကို ဆက်လက်ဆောင်ရွက်ပေးလိုက်ပြီး နောက်ထပ် ထိုင်ခုံနဲ့ ထိုင်နေတဲ့ ပရိတ်သတ်တစ်ဦးကို လှမ်းတွေ့လိုက်တဲ့အချိန်မှာ ခုနလိုပဲ ဖျော်ဖြေပွဲကို ရပ်လိုက်ပြန်ပါတယ်။

Tabloid သတင်းစာအရ အဲ့ဒီတုန်းက သူပြန်လည်ဖျော်ဖြေချိန်ကို စောင့်ရတာဟာ သီချင်းတစ်ပုဒ်ဖန်တီးချိန်လောက်ကို ကြာတာပါတဲ့။ မယုံနိုင်စရာပါပဲလို့ ပြောဆိုနေရင်းနဲ့ပဲ အဲဒီ “Good Life” ဂီတဖျော်ဖြေတင်ဆက်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top