iMyanmarHouse.com - Best Property Website for Myanmar
×











အရမ်း ကြိုက်လို့ ကောက်နူတ် ဘာသာပြန်လိုက်ပါတယ်။ မိဘများ ကြိုက်နှစ်သက် နိုင်ပါစေ၊ အသုံးဝင်နိုင်ပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။ အချို့နေရာမှာ ဖတ်ရူ့လို့ကောင်းအောင် “ သားသား” “ ဖေဖေ” လို့ သုံးထားပေမဲ့ မီးမီး နဲ့ မေမေ အတွက်လည်း အတူတူပဲ ဖြစ်ပါတယ်။

မိမိ သားသမီးများအပေါ် မိဘများအမြဲပြောဆိုသင့်တဲ့ စကားများကတော့……..

၁။ သားသားအရမ်းလိမ္မာတာပဲ ၊ ဖေဖေမေမေ သားသားကိုအရမ်းချစ်တာ။ ။
ကလေးများဟာ မေတ္တာငတ်မွတ်လို့ မရပါဘူး။ မိဘများဆီကမေတ္တာဆို ပိုမို အရေးကြီးပါတယ် ။ ဒီ စကားလုံးလေးတွေဟာ ကလေးကိုအားကိုးရာ ရှိစေပါတယ်။ ကလေးများရဲ့ ရင်ကို နွေးထွေးစေပါတယ်။ ကလေးများရဲ့ အတွင်းစိတ်ကို ပိုမိုလုံခြုံစေပါတယ်။

၂။ ပညာသင်ကြားရတာ အရမ်းပျော်စရာကောင်းတာပဲ။ ။
ပညာသင်ကြားခြင်း နဲ့ ပျော်ရွှင်စရာကောင်းခြင်းဆိုတဲ့ အသိနှစ်ခုကို တွဲမိသွားအောင်၊ ကလေးစိတ်တွင်းမှာ စွဲသွားအောင် Autosuggestion သဘောအရ “ ပညာသင်ကြားရတာ အရမ်းပျော်စရာကောင်းတာပဲနော်” ဆိုတဲ့စကားမျိုး အမြဲပြောဆိုပေးပါ။ အဖေအမေ ခေတ်တုန်းက ဆိုရင် ဘယ်လိုဘယ်လို ဒုက္ခခံပြီး ကြိုးစားရတာမျိုး ကလေးကို မပြောမိပါစေနဲ့။ လူ့ရဲ့သဘောသဘာဝ အရ “ဒုက”္ခလို့ လက္ခံသွားတဲ့ မည်သည့်အရာကိုမဆို ရှောင်ရှားတတ်တဲ့စိတ် ရှိတတ်လို့ပါ။

၃။ သားသားတစ်ယောက်ထဲ ပြီးမြောက်အောင်လုပ်နိုင်ပါတယ်။ ။
ဒီစကားဟာ ကလေးကို အားပေးအားမြောက် ပြုရင်းနဲ့ ကိုယ့်ကိုကို ယုံကြည်လာအောင်၊ ကိုယ့်ကိုကို အားကိုးတတ်အောင် ပျိုးထောင်ပေးတဲ့သဘောပါ။

၎။ သားသားလုပ်တာ သိပ်ကောင်းတယ်။ ဒီအတိုင်းဆက်လုပ်၊ ဖေဖေ မင်းကိုလုံးဝယုံတယ်။ ။ အားပေးတဲ့ စကားပါ။ ယုံကြည်မူတိုးလာအောင်၊ တိုးတက်ချင်စိတ်ကို ပျိုးထောင်ပေးတဲ့ စကားလုံးလေးတွေပါ။

၅။ သားသားအရမ်းတော်တယ်၊ အဖေမင်းအတွက်ဂုဏ်ယူတယ်၊ ၀မ်းလည်းသာတယ် ။ ။ Autosuggestion အဆိုအရ မိဘများက ခဏခဏ အသိအမှတ်ပြုပေးရင် အသိအမှတ် ပြုတဲ့အတိုင်းဖြစ်သွားပါတယ်။

၆။ သားဒီလိုလုပ်တတ်တာ အဖေတော့ အရမ်းသဘောကျတယ်ဟေ့။ ။
ကလေးက တစ်ခုခုလုပ်တာ ကောင်းမွန်စွာ ပြီးမြောက်သွားတဲ့ အခါတိုင်း ပြောဆိုပေးသင့်ပါတယ်။ မင်းနောက်ကို ဒီအတိုင်းပဲလုပ် ဆိုတဲ့သဘောကို သွယ်ဝိုက်ပြီး စံ တစ်ခုသပ်မှတ်ပေးလိုက်တဲ့ သဘောပါ။

၇။ ဖေဖေနဲ့မေမေ သားရဲ့ရွှေးချယ်မူ့ကို သဘောကျတယ်။ ။
သားမှန်မှန်ကန်ကန် ရွေးချယ်တတ်တာကို ယုံကြည်စိတ်ချတဲ့ သဘောနဲ့ ပြောဆိုတာပါ။ ကလေး ရဲ့ ရွေးချယ်နိုင်မူ စွမ်းရည်ကို မြင့်တင်လိုတဲ့သဘော၊ ယုံကြည်စိတ်ကို တိုးတက်အောင် အားပေးတဲ့သဘော ဆောင်ပါတယ်။

၈။ သားကြီးလာပြီပဲ၊ ကိုယ့်ပြသနာကို ကိုယ်ရှင်းတတ်ရပြီ။ ကိုယ့်ရဲ့အချိန်ကိုလည်း ကိုယ်ကိုကို စီမံတတ်ရပြီပေါ့။
ကိုယ့်ကိုကိုရပ်တည်နိုင်အောင်၊ တဖြည်းဖြည်းနဲ့ ဆွဲခေါ်တဲ့ ပြောဆိုမူမျိုးပါ။ ကိုယ့်ကိုကို တာဝန်ယူတတ်အောင်၊ ယူလည်းယူရဲအောင် မွေးထုတ်တဲ့သဘောဆောင်ပါတယ်။ ဆုံးဖြတ်ချက် ချတတ်အောင် လမ်းလည်းခင်းပေး လိုက်ပါတယ်။ အလွတ်သဘောနဲ့ စဉ်းစားတတ်သွားမယ်။ ကိုယ့်ကိုကိုတန်ဖိုးထားတတ်တဲ့စိတ်၊ မိမိကိုမိမိ ယုံကြည်စိတ်၊ တိုးတက်လိုတဲ့စိတ်၊ တာဝန်ယူရဲတဲ့စိတ် အားလုံးပါသွားပါတယ်။

၉။ လူတိုင်းဆီမှာ အတုယူစရာ ကောင်းကွက်ကိုယ်စီလေးတော့ ရှိကြပါတယ်။ ။
ဒီစကား အမြဲပြောပေးရင် သူများကောင်းကွက်လေးကို မြင်တတ်သွားမယ်၊အတုယူတတ်မယ်။ ကိုယ့်ကိုကို နှိမ့်ချတတ်တဲ့စိတ်ထားမျိုးကို မွေးမြူပေးတဲ့ သဘောပါ။
၁၀။ ဖေဖေမေမေ မှားသွားပြီ။ ဆောရီးနော် သား။ ။
မိမိကလေးကို မှားယွင်းပြီး အပြစ်တင်မိရင်၊ “ဆောရီး”ပြောဖို့ မိဘများဝန်မလေးသင့်ပါ။ အမှားဝန်ခံတတ်ခြင်းကို ကလေးများအတွက် ရှေ့ဆောင်လမ်းပြ အဖြစ်နမူနာ ပြထားသင့်ပါတယ်။ ၀န်ခံတတ်တဲ့အကျင့်၊ ၀န်ခံရဲတဲ့အကျင့် ဟာ ကျွန်တော်တို့ တိုင်းပြည်မှာ လောလောဆယ် အလိုအပ်ဆုံး သတ္တိ လို့တောင် ပြောရမလိုဖြစ်နေပါပြီ။

Credit : Esther Kying

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top