iMyanmarHouse.com - Best Property Website for Myanmar
×









ယခင်က Death Row ဓါတ်ပြားတိုက်ရဲ့ ပိုင်ရှင်ဖြစ်ခဲ့တဲ့ Suge Knight ကို L.A မှာသေနတ်နဲ့ ပစ်သတ်မှုကြီး ဖြစ်ပေါ်ပြီး တဲ့နောက်မှာ ဒီဂီတ အသိုင်းအ၀ိုင်းက လူအချို့ကို ရဲတပ်ဖွဲ့က အထူးစောင်းကြည့်ရေး စာရင်းတွေ ထုတ်ခဲ့ရာမှာ နယူးယော့ခ်ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်မယ့် စာရင်းထဲ Lil Wayne ၊ Drake ၊ Chris Brown နဲ့ French Montana တို့ပါဝင်လာပါတယ်။

အဲဒီလို Hip-Hop အသိုင်းအ၀ိုင်းထဲက လူတွေရဲ့သတင်းကို လျှို့ဝှက်ထောက်လှမ်းတဲ့အဖွဲ့ကို Hip-Hop Police လို့လည်း ခေါ်ဆိုကြပါတယ်။ သူတို့ဟာ စောင့်ကြည့်စာရင်းမှာပါနေတဲ့ Hip-Hop အနုပညာရှင်တွေကို Night Club ဖျော်ဖြေပွဲတွေ နဲ့ ရှိုးပွဲတွေကို မြတ်ခြေမပြတ် စောင့်ကြည့် နေပါတယ်။ Wiz Khalifa ၊ Fabolus ၊ Young Jeezy တို့လို ထောင်ကျဖူးတဲ့သူတွေလည်း စောင့်ကြည့်ခံနေရပါတယ်။

ထိုလျှို့ဝှက်အဖွဲ့ဟာ အရပ်ဝတ်နဲ့ ရဲတွေဖြစ်ပြီး သူတို့ဟာလူထုကြားမှာရှိနေကာ Beef ရှိနေတဲ့ Rapper တွေကို သတိထား စောင့်ကြည့်လေ့ရှိပါတယ်။ Jennifer Lopez ရဲ့ Bronx မှာပြုလုပ်တဲ့ရှိုးပွဲမှာလည်း French Montana နဲ့ Fat Joe လာမှာဖြစ်တဲ့အတွက် သူတို့တွေ ရှိနေခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top