iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် နိုင်ငံကျော်အဆိုတော် တေလာ ဆွစ်ဖ်သည် အမေရိကန်နိုင်ငံ၏ နာမည်ကျော်ကြားသော ပြိုင်ပွဲတစ်ပွဲဖြစ်သည့် NBC ရုပ်သံလိုင်း၏ The Voice သီချင်းဆိုပြိုင်ပွဲ Season 7 တွင် အကြံပေးတစ်ဦးအဖြစ်ဆောင်ရွက်မည်ဟု Us Weekly မဂ္ဂဇင်းကဖော်ပြသည်။

တေလာဆွစ်ဖ်သည် ပြီးခဲ့ သည့် Season 6 ပြိုင်ပွဲ၌ အဆို တော်ခရစ်မာတင်တာဝန်ယူခဲ့ သည့်အတိုင်း အဖွဲ့များအားလုံးမှ ပြိုင်ပွဲဝင်များအား အကြံဉာဏ် များပေးသွားမည်ဟု Us Weekly ကဖော်ပြသည်။

The Voice သီချင်းဆိုပြိုင်ပွဲ ၏ထုံးစံအရ ပြိုင်ပွဲဝင်များအားလုံး ကို အကြံပေးသူအပြင် အဖွဲ့တစ် ဖွဲ့စီ၌ ကိုယ်ပိုင်အကြံပေးလည်းရှိ မည်ဖြစ်သည်။ ဒိုင်လူကြီး ဘလိတ်ရှယ်တန်၏အဖွဲ့ကို Little Big Town အဖွဲ့က အကူအညီပေး၍ အဒမ်လက်ဗင်း၏အဖွဲ့ကို စတိဗ်နစ်က အကြံပေးမည်ဖြစ်သည်။ ဂွန်းစတက်ဖနီ၏အဖွဲ့ကို ဂဗင်ရော့စ်ဒဲလ်ကအကြံဉာဏ်ပေးကာ ဖာရယ်ဝီလီယမ်၏အဖွဲ့ကို အယ်လစ်စီယာကီးစ်က ကူညီမည်ဖြစ် သည်။

The Voice ပြိုင်ပွဲအကြံပေးအဖြစ် တေလာဆွစ်ဖ် ဆောင် ရွက်မည့်သတင်းကို တာဝန်ရှိသူ များက ယခုချိန်အထိ မည်သည့် မှတ်ချက်မျှမပေးသေးပေ။ The Voice သီချင်းဆိုပြိုင်ပွဲ Season 7 ကို စက်တင်ဘာ ၂၂ ရက်တွင် တင်ဆက်မည်ဖြစ်သည်။

Credit : 7day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top