iMyanmarHouse.com - Best Property Website for Myanmar
×














ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သည့် Miss World Myanmar 2014 တွင် Winner ဆုရှင် ဖြစ်သည့် ၀ိုင်းလေးက Miss များနှင့် ပတ်သက်၍ ဝေဖန်မှု များကြောင့် Miss တစ်ယောက်၏ ဂုဏ်နှင့်အညီ ပြုမူနေထိုင် သွားမည် ဖြစ်ကြောင်း ပြောသည်။

ဒီ Miss ပြိုင်ပွဲတွေ၊ Organigation တွေနဲ့ ပတ်သက်လို့ ကြားရတဲ့ အခါတွေမှာ ဖေဖေက အစတုန်းက မပြိုင်စေချင်ဘူး ပေါ့နော်။ ကိုယ့် သမီးလေးလည်း အဲလို ဖြစ်မလားဆိုပြီး စိတ်ပူတယ်။ သို့ပေမဲ့ ၀ိုင်းလေး တို့က ပြိုင်မယ့်ပွဲ အကြောင်းကို သိဖို့ လိုတယ်။ စုံစမ်းတဲ့ အခါမှာ Miss World က အခိုင်အမာ ဖြစ်တယ်။

 ဒီမှာလည်း ပထမဆုံး ကျင်းပတဲ့ ပွဲလည်း ဖြစ်တယ်။ နောက်ပြီး Forever က လုပ်တာ ဆိုတော့ Organigation ကိုလည်း ယုံကြည် တယ်။ MRTV-4 မီဒီယာကိုလည်း ယုံကြည်မှု အပြည့်အ၀ ရှိပါတယ်။ အခုလို Winner ဆုကိုရတော့ တကယ့်ကို မယုံနိုင်စရာ၊ အိပ်မက်မက်နေ သလိုပါပဲ။ လုံးဝ မထင်ထားဘူး။ အဲဒီအတွက် ၀ိုင်းလေး အရမ်းပျော်ပါတယ်။ အခုလို Miss ဖြစ်လာပြီ ဆိုတော့ Miss တစ်ယောက် အနေနဲ့ သူ့တို့ ချမှတ်ထားတဲ့ စည်းကမ်း အတိုင်း လိုက်နာ သွားမယ်။ ပြိုင်ပွဲ တစ်လျှောက်လုံး မှာလည်း ၀ိုင်းလေးရဲ့ Personality ကိုလည်း သူတို့ လေ့လာ ပြီးသွားပါပြီ။ ၀ိုင်းလေးကို လည်း ယုံကြည်မှု ရှိမယ်လို့ ထင်ပါတယ်။ ၀ိုင်းလေးဘက် ကလည်း အကောင်းဆုံး လုပ်ဆောင် သွားမှာပါ။

UK မှာ သွားပြိုင်ဖို့ အတွက် ကိုလည်း စိတ်ဓာတ်ပိုင်း ဆိုင်ရာကအစ အားလုံး ပြင်ဆင်ထား ပါတယ်။ ကိုယ်ရသည် ဖြစ်စေ၊ မရခဲ့သည် ဖြစ်စေ တဲလင့်န်ပိုင်း ကိုလည်း ၀ိုင်းလေး အားခဲ ထားပါ တယ်။ တဲလင့်န်ပိုင်းနဲ့ ပတ်သက်ရင်လည်း သေသေချာချာလေး လေ့ကျင့် သွားပါမယ် ဟု ၀ိုင်းလေးက ပြောသည်။ ၀ိုင်းလေးသည် UKတွင် ကျင်းပပြုလုပ် မည့် Miss World 2014 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ရမည် ဖြစ်ပြီး၊ Organigation နှင့်လည်း သဘောတူ စာချုပ်သုံးနှစ်ချုပ်ဆို ထားကြောင်း ပြောသည်။


Credit : Messenger


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top