iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၀၇ ခုနှစ်မှာ Pirates of the Caribbean ဇာတ်ကား ရိုက်ကူးခွင့်မူပိုင်ရရှိရာမှာ မမျှော်လင့်ပဲ ရုတ်တရက်နှုတ်ထွက်သွားခဲ့ပေမယ့် ပဉ္စမမြောက်ဇာတ်ကား “Pirates Of The Caribbean: Dead Men Tell No Tales”  အတွက် ပြန်လည်လက်ခံရိုက်ကူးဖို့တော့ Orlando Bloom တစ်ယောက် အဆင်သင့်ဖြစ်နေပုံရပါတယ်။

သူပါဝင်သရုပ်ဆောင်ဖြစ်မယ်ဆိုရင် Johnny Depp နဲ့အတူ အလုပ်အတူ တွဲလုပ်နိုင်မယ့် အခွင့်အရေးရရှိမှာဖြစ်ပြီး အဓိက အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်သွားရမှာဖြစ်တယ်။ Pirate ဇာတ်ကား သရုပ်ဆောင်တစ်ဦးအနေနဲ့ ဝင်ပါဖို့ သူ့ကို ပထမဦးဆုံး စိတ်ဝင်စားမှုရစေခဲ့တာ Depp ရဲ့ ပါဝင်ပတ်သက်မှုကြောင့်ဖြစ်တယ်လို့ Bloom က ဝန်ခံပြောဆိုခဲ့ပါတယ်။

ပင်လယ်ဓားပြဇာတ်ကားထဲ ဝတ်စားဆင်ယင်မှုတွေနဲ့အတူ Orlando Bloom ကို နောက်ဆုံးတွေ့မြင်ခဲ့ရတဲ့အချိန်မှာ အသက်ဇီဝန်မချုပ်သေးတဲ့ Dutch လူမျိုးသင်္ဘောCaptain တစ်ဦးအနေဖြင့် သူ့ကံကြမ္မာ မိုးမှောင်ထဲ လဲလှောင်းလျက်ရှိနေခဲ့တယ်။ နောက်တော့ ဆယ်နှစ်ကြာခွဲခွာနေခဲ့လို့ သူ့ရဲ့ချိနဲ့နေတဲ့ နှလုံးသားကို စောင့်ရှောက်ပေးဖို့ သူ့ဇနီး Elizabeth Swan တစ်ဦးတည်း ထားရစ်လျက် ပတ်ဝန်းကျင်တစ်ခုလုံးက သူကို လစ်လျုရှုပြီး အထီးကျန် ထားရစ်သွားခဲ့ပါတယ်။ Dutchman အဖြစ်နေရမယ့် Will Turner ရဲ့အချိန်ကာလနဲ့ စပ်လျဉ်းပြီး သေချာရေရာတဲ့ ဆွေးနွေးမှုတစ်ရပ်ကနေ Dead Men Tell No Tales ဇာတ်ကားရဲ့ ဇာတ်အိမ်နဲ့ပတ်သက်ပြီး အသေးစိတ် မသိရသေးပါဘူး။ ဒါပေမယ့် အတိတ်က ထက်မြတ်ပြီး သရုပ်ဆောင် စွမ်းရည်ပြသသွားနိုင်တဲ့ Bloom တစ်ယောက်လို သရုပ်ဆောင်စွမ်းရည်ပြည့်ဝသူသာ Pirate ဇာတ်ကားသစ်မှာ ပါဝင်မယ်ဆိုတာတော့ အားလုံးရဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top