iMyanmarHouse.com - Best Property Website for Myanmar
×

Harry Potter ဇာတ်လမ်းရဲ့ မင်းသမီးလေး Emma Watson ဟာ လတ်တလော ခေတ်စားနေတဲ့ ဟောလီးဝုဒ်အနုပညာရှင်တွေရဲ့ အဖော်အချွတ်ဓါတ်ပုံ ပျံနှံ့မှုတွေရဲ့ နောက်ဆုံးပစ်မှတ် ဖြစ်လာတယ်လို့ ထိုဓါတ်ပုံတွေကို ခိုးယူနေတဲ့ Hacker က သတိပေးလိုက်ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့က  “Emma You Are Next” လို့အမည်ရတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ဖန်တီးခဲ့ပြီး ထို Hacker က သတိပေးခဲ့တာဖြစ်ပါတယ်။ ထို ၀က်ဘ်ဆိုက်မှာ Emma Watson ရဲ့ ပွဲတက်နေတဲ့ ဓါတ်ပုံတစ်ပုံကို ၀ါးထားပြီး အချိန်ရေတွက်တဲ့ နာရီတစ်လုံးကို ဖော်ပြထားပါတယ်။ လေးရက်အတွင်း ဓါတ်ပုံတွေ ဖြန့်မယ်လို့ လည်း ရေးထားပါတယ်။

Emma Watson ဟာ UN က ပြုလုပ်တဲ့ HeForShe အစီအစဉ်မှာ မိန်းမ၀ါဒကို မိန့်ခွန်းအဖြစ် ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက်  ယခုလို ခြိမ်းခြောက်ခံရတာဖြစ်တယ်လို့ London’s Telegraph သတင်းဋ္ဌာနရဲ့ပြောကြားချက်အရသိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top