iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယား မိန်းကလေးအဆိုရှင်များအဖွဲ့ 2NE1 ၏ I Am The Best တေးဂီတဗီဒီယို ကို ယူကျု့ဘ်၌ ကြည့်ရှုသူ သန်းတစ်ရာကျော်သွားပြီဖြစ်သည်။

I Am the Best တေးဂီတ ဗီဒီယိုကို ၂၀၁၁ ဇွန်လ ၂၇ ရက် တွင် 2NE1 အဖွဲ့ဝင် တရားဝင် ယူကျု့ဘ်ရုပ်သံလိုင်း၌ စတင်ဖော်ပြခဲ့သည်။ ယင်းသီချင်းကို YG Entertainment မှ တက်ဒီပတ်က ထုတ်လုပ်ပေးခဲ့ပြီး တေးဂီတဗီဒီယိုကို ဒါရိုက်တာ ဆိုဟွန်ဆောင်းက စီစဉ်ရိုက်ကူးပေးခဲ့ခြင်းဖြစ်သည်။

ယင်းသီချင်းသည် 2NE1 အဖွဲ့၏ နာမည်အကျော်ကြားဆုံး သီချင်းတစ်ပုဒ်ဖြစ်ပြီး ဖျော်ဖြေပွဲများ၌လည်း ပရိသတ်များ အစဉ်တောင်းဆိုလေ့ရှိသည့် သီချင်းတစ်ပုဒ်ဖြစ်သည်။ ယင်းသီချင်းကို အမေရိကန်နည်းပညာကုမ္ပဏီ မိုက်ကရိုဆော့ဖ်၏ Surface Pro 3 ကြော်ငြာသီချင်းအဖြစ် လည်း အသုံးပြုခဲ့သည်။ I Am the Best သည် ယူကျု့ဘ်၌ ကြည့်ရှုသူ သန်း ၁၀၀ရှိသည့် အဋ္ဌမမြောက် ကေပေါ့ပ် တေးဂီတဗီဒီယိုဖြစ်ပြီး 2NE1 အ ဖွဲ့အတွက် ကြည့်ရှုသူသန်းတစ်ရာကျော်သည့် ပထမဆုံး တေးဂီတဗီဒီယိုလည်းဖြစ်သည်။      

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top