iMyanmarHouse.com - Best Property Website for Myanmar
×










ခုလတ်တလော Adele ဟာ သူမရဲ့နောက်စတိုဒီယိုတေးသံအယ်လ်ဘမ်သစ်အတွက် Sony ကုမ္ပဏီနဲ့ သဘောတူ လက်မှတ်ရေးထိုးနေမယ့် အနေအထားရှိတယ်လို့ Mirror သတင်းအစီရင်ခံစာအရသိရပါတယ်။

အဲဒီသဘောတူညှိနိုင်းမှု လက်တွေ့အကောင်အထည်ပေါ်လာရင်တော့ ဒါဟာ သမိုင်းမှတ်တမ်းတွင် အကြီးကျယ်ဆုံးဖြစ်လာမှာဖြစ်ပြီး အဆိုတော် Adele ကိုလည်း သူမရဲ့ကိုယ်ပိုင်တေးထုတ်လုပ် ရောင်းချတဲ့ ကုမ္ပဏီနဲ့လက်တွဲ ဆောင်ရွက်နေတာတွေ မြင်တွေ့ရမှာဖြစ်ပါတယ်။

Adele ရဲ့ အယ်လ်ဘမ်တွေကို ထုတ်လုပ်ရာင်းချပေးမယ့် ကုမ္ပဏီဖြစ်တဲ့ XL Recordings က သူမရဲ့ တတိယမြောက်အယ်လ်ဘမ်ကို ဒီအတွင်း ထွက်ရှိမှာမဟုတ်ကြောင်း အတည်ပြုတဲ့ သတင်းထွက်ပေါ်လာပါတယ်။ Adele ကို ၂၀၁၂ အောက်တိုဘာလတွင် သားလေး Angelo မွေးဖွားပြီးတဲ့အချိန်ကတည်းက ထင်ထင်ရှားရှားမတွေ့ရတော့ပါဘူး။

သူမရဲ့ ပွဲဦးထွက် အယ်လ်ဘမ် “19” မှာ ဆု(၂) ခုရရှိခဲ့ပြီးတဲ့နောက် ဂရမ်မီဆု (၄) ခုအတွက် လျာထားခြင်းလည်းခံခဲ့ရပြီး အဲဒီနောက် သူမရဲ့ နောက်ဆက်တွဲ ထွက်ရှိတဲ့ “21” မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ နံပါတ် (၁) နေရာဝင်သွားကာ ဂရမ်မီဆုတစ်ခုနဲ့ Brit ဆုတစ်ခုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ မကြာသေးမီအချိန်က James Bond ရုပ်ရှင်ဇာတ်ကားနောက်ခံတေးအဖြစ် အသုံးပြုသွားတဲ့ Skyfall သီချင်းမှာလည်း အကောင်းဆုံးရုပ်ရှင်နောက်ခံတေးဂီတဆုအဖြစ် Golden Globe and Academy Award ဆုကို ဆွတ်ခူးရရှိသွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top