iMyanmarHouse.com - Best Property Website for Myanmar
×










ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့အတွက် သာမန်လူတွေ ထားရှိတဲ့ စိတ်ထားတဲ့ ပိုမိုမြင့်မြတ်သော စိတ်ထားမျိုး ရှိရပါ့မယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်းတွေမှာ ရှိသင့်တဲ့ စိတ်ထားတွေကတော့

(၁) စွန့်လွှတ် အနစ်နာခံတတ်ရမယ်

အဖွဲ့အစည်းတစ်ခုမှာ သင်ဟာ ခေါင်းဆောင်စိုပါစို့။ စွန့်လွှတ် အနစ်နာခံတတ်ရဲ့လားလို့ မိမိကိုယ့်ကိုယ် ပြန်မေးပါ။ တကယ်လို့ သင်ဟာ စွန့်လွှတ် အနစ်နာ မခံတတ်ဘူးဆိုရင် ခေါင်းဆောင်မပီသပါဘူး။ တစ်နည်းဆိုရသော် သင်ဟာ ရယူလိုစိတ် အတွက်သာ ခေါင်းဆောင် လုပ်နေခြင်း ဖြစ်ပါတယ်။

(၂) လက်အောက်ငယ်သားတွေ အပေါ်မှာ နားလည်ပေးတတ်ရမယ်

မိမိလက်အောက်မှာ ရှိတဲ့သူတွေကို မိမိဆန္ဒထက် သူတို့ဆန္ဒကို ဦးစားပေးဆောင်ရွက် နိုင်မှသာ ခေါင်းဆောင်ကောင်း ပီသ ပါလိမ့်မယ်။ သို့နည်းမဟုတ် အရာရာကို ငါ ခေါင်းဆောင်ဖြစ်သည့်အတွက် ငါ့ဆန္ဒ တစ်ခုတည်းသာ အဓိက ဆိုရင် ခေါင်းဆောင်ကောင်း မပီသ ပါဘူး။
(၃) ချစ်ခင်ကြင်နာတတ်ရမယ် မိမိ၏ လက်အောက်ငယ်သားတွေ အပေါ်မှာ နိုင်ထက်စီးနင်း မပြောဆိုရဘူး။ ငါဟာ ဒီအဖွဲ့မှာ ခေါင်းဆောင်ဖြစ်လို့ ငါ ပြောချင်ရာပြောမယ်ဆိုရင် ခေါင်းဆောင်ကောင်း မပီသပါဘူး။ ဒါကြောင့် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ချင်ရင်တော့ ချစ်ခင်ကြင်နာတတ်ရပါ့မယ်။

(၄) အရာအရာကို အကောင်းဘက်မှ တွေးတောပေးပါ

လက်အောက်ငယ်သား တစ်ယောက်က မသိလို့ဖြစ်စေ သိသိကြီးနှင့် ပြောသည်ဖြစ်စေ မိမိဟာ ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ အကောင်းဘက်မှ မြင်ပေးရပါ့မယ်။ သို့နည်းမဟုတ် လက်အောက်ငယ်သားနှင့် အပြိုင်တုပြီး စကားနိုင်လုနေရင်တော့ ခေါင်းဆောင်ကောင်း တစ်ယောက် မဟုတ်ပါဘူး။

(၅) တာဝန်ယူလိုစိတ် အပြည့်ရှိရမယ်

ဆိုလိုသည်မှာ ရရှိလာသော
အကျိုးအမြတ် တွေကြတော့ ငါ ခေါင်းဆောင်ဆိုပြီး ပိုယူကာ ပြဿနာအတွက်ကြတော့ လက်အောက်ငယ်သားတွေကို ဖြေရှင်းခိုင်း တာမျိုး မလုပ်သင့်ပါ။ ဒါကြောင့် ခေါင်းဆောင် ကောင်းတွေဟာ တာဝန်ယူလိုစိတ် အပြည့်အဝကို ရှိရပါ့မယ်။ အထက်ပါ ဖော်ပြသော အချက် ၅ ချက်အပြင် အခြားသော အရာတွေလည်း များစွာ ကျန်ရှိနေပါသေးတယ်။

ခေါင်းဆောင်လုပ်ဖို့ ရည်ရွယ်ထားပြီ ဆိုရင် ဖော်ပြပါ နည်းလမ်းတွေကို လိုက်နာနိုင်ရဲ့လားလို့ မိမိကိုယ်ကိုယ် မေးကြည်ပါ။

Credit : MM Social Sky

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top