iMyanmarHouse.com - Best Property Website for Myanmar
×











ဇာတ်လမ်း ရွေးချယ်မှု ပြောင်းလဲလာသည့် ၀တ်မှုန်ရွှေရည်က ယခုနှစ် အတွင်း ပရိသတ်ကြား ရေပန်း အစားဆုံး ဖြစ်ခဲ့သည့် စိုင်းစိုင်းခမ်းလှိုင် နှင့်အတူ ပထမဆုံး ပြန်လည် ရိုက်ကူး ဖြစ်ခြင်းသည် ပရိသတ် အတွက် အထူးအဆန်း ဖြစ်စေလိုသည့် အတွက်ကြောင့် ဖြစ်ကြောင်း ပြောသည်။

ကစ်တို့ ရိုက်မယ့် ဇာတ်လမ်းလေးက ထူးထူးခြားခြားလေး ဖြစ်တာပေါ့နော်။ ရထားတစ်စီး ပေါ်မှာ ဖြစ်သွားတဲ့ ဇာတ်အိမ်ကို တည်ထားတော့ ကစ်တို့ နှစ်ယောက် ကလည်း ကားမရိုက်တာ နည်းနည်းကြာပြီ ဆိုတော့ အခုမှ ကားကြီးမှာ ပြန်ရိုက်တော့ ပရိသတ် အနေနဲ့လည်း အမြင် ဆန်းမယ်လို့ ထင်ပါတယ်။ ကစ် ပထမဦးဆုံး သရုပ်ဆောင် စလုပ်ခါစ ကလည်း ကိုစိုင်းနဲ့ပဲ စရိုက်ခဲ့တာပါ။ အခုလည်း ရုပ်ရှင်ကားကြီးမှာ ကိုစိုင်းနဲ့ပဲ စရိုက်မှာ ဆိုတော့ ပရိသတ် အတွက်လည်း အမြင်ဆန်း စေမယ်လို့ ထင်ပါတယ်။

 ကစ်အနေနဲ့ ပြောရရင် ကြားထဲမှာ ကိုစိုင်းနဲ့ ကြော်ငြာတွေ ရိုက်တယ် ဆိုပေမယ့် ဗီဒီယို ကားလည်း ရိုက်တာ နည်းပါတယ်။ ကားရိုက်တာ ကြတော့ မဆုံဖြစ်ဘူး။ အခု ရုပ်ရှင်မှာ ပထမဦးဆုံး ဆုံပြီး ရိုက်ရမယ် ဆိုတော့ ပရိသတ် အတွက် တစ်ခု ခု အပြောင်းအလဲလေး အထူးအဆန်းလေး တစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ ကစ်အနေနဲ့ ကလည်း ကစ်ကိုမြင်နေကြ ပုံစံ အတိုင်းချည်းပဲ  မမြင်စေချင်ဘူး။  ပရိသတ် အတွက် အမြဲတမ်း အပြောင်းအလဲလေးနဲ့ မြင်နေတာကို ဖြစ်စေချင်တယ်။ ကစ် ကိုယ်တိုင် ကလည်း အဲလိုမျိုး ဖြစ်အောင် အမြဲတမ်းကြိုးစားနေ ပါတယ်။ ဒီကားလေး ကိုလည်း ပရိသတ်အတွက် တစ်ခုခု ဖြစ်အောင်လို့ လက်ခံပြီးရိုက် ဖြစ်ခဲ့တာပါ။

ဇာတ်လမ်းတွေ ဘာတွေ ကျတော့ သေချာတော့ မသိရသေးဘူး။ အခု နောက်ပိုင်းလည်း ကစ်က ဇာတ်လမ်းတွေကို အပြောင်းအလဲ ဖြစ်အောင် သေချာလေးရွေးပြီး ရိုက်ပါမယ် ဟု ၀တ်မှုန်ရွှေရည် က ပြောသည်။ ၀တ်မှုန်ရွှေရည်သည် ယခုနှစ်တွင် ရုံတင်ခဲ့သည့် “နင်စေရင် ၊ နှလုံးသားဖြင့် ပြုလုပ်သည် စသည့် ရုပ်ရှင် ဇာတ်ကားများဖြင့် ပရိသတ် အကြိုက်ဆုံး မင်းသမီးတစ်လက် အဖြစ် ရပ်တည်လျက် ရှိသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top