iMyanmarHouse.com - Best Property Website for Myanmar
×









နှလုံးခုန်မြန်ခြင်း၊ ဗိုက်အောင့်ခြင်း နဲ့ ချွေးထွက်လွန်ခြင်းတွေဟာ သိပ်ပြီး ဆိုးဝါးတဲ့ အခြေ
အနေမဟုတ်ပေမဲ့စိတ်ဖိစီးမှုကြောင့်တော့အံ့သြစရာကောင်းအောင်အလေးချိန်တက်စေနိုင်ပါတယ်။
ဒီတော့သင်ဘာပဲလုပ်လုပ်အလေးချိန်တက်စေတဲ့ဒီလုပ်ဆောင်ချက်အမှားတွေကို
 ရှောင်ကြဉ်ပါ။


စိုးရိမ်ပူပန်ခြင်း
စိတ်ညစ်စရာအကြောင်း တစ်စုံတစ်ရာ စဉ်းစားပါက (hunger hormone) လို့ခေါ်တဲ့ ghrelin
ပမာဏများပြားလာမှုကြောင့်အစာပိုစားမြိန်ပါတယ်။ ဖြစ်ခဲ့တဲ့အကြောင်းအရာသို့မဟုတ် ရှေ့
မှာဖြစ်လာမယ့်အရာကို စိုးရိမ်နေရမယ့်အစား လက်ရှိလုပ်နေတဲ့အရာကိုသာ အာရုံစူးစိုက်ပါ။

အစာစားဖို့မေ့နေခြင်း
လုပ်စရာ တစ်ပုံကြီးရှိနေရင် အစာစားဖို့ အချိန်မရှိဘူးလို့ ကျွန်ုပ်အားလုံး တွေးထင်တတ်ကြတယ်။
ဒါပေမဲ့ အစာတစ်နပ်စားဖို့ မေ့သွားခြင်းဟာ အစာချေဖျက်မှုနှေးကွေးစေသလို နောက်ပိုင်းမှာတော့ ခံနိုင်ရည်အားလည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။ပိုပြီးဆိုးဝါးစေတာကသိကြားအချိုဓာတ်လျော့
နည်းတဲ့ သွေးပမာဏကြောင့် အလုပ်လုပ်ရာမှာ ပိုပြီးခက်ခဲသလိုဖြစ်စေပြီး စိတ်ဖိစီးမှုလည်း ပိုများလာပါလိမ့်မယ်။

စိတ်ပါလက်ပါနဲ့ အစာစားခြင်း
တနေကုန် ဘာမှ မစားရသေးဘူးလို့ သတိရတဲ့အချိန်မှာ ပီဇာအတုံးကြီးကြီးတစ်ခုကို တစ်ချိန်တည်း စားလိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်သွားရေစာ၊ နေ့လည်စာနဲ့ညနေစာအတွက်ထမင်းကြော်စားလိုက်
တာပဲဖြစ်စေ စိတ်ပါလက်ပါနဲ့ အစာစားတာဟာ စိတ်လှုပ်ရှားမှုပိုဖြစ်စေပါတယ်။

အိပ်ချိန် အနည်းငယ်သာယူခြင်း
နောက်တစ်နေ့ စိတ်ဖိစီးမှုပြဿနာကင်းရှင်းစေဖို့ အိပ်ချိန် အလုံအလောက် လိုအပ်တဲ့အပြင် အိပ်
စက်ခြင်းဟာ အစားချေဖျက်မှုလုပ်ငန်းကိုလည်း ကောင်းမွန်စွာဆောင်ရွက်စေတာကြောင့် ခန္ဓာကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှာ အဆီဓာ
တ်တွေ အလွန်အကျွံဖြစ်ပေါ်ခြင်းကလေည်း ကာကွယ်ပေးပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top