iMyanmarHouse.com - Best Property Website for Myanmar
×











ဈေးသက်သာတဲ့အပြင် နေရာ တိုင်းလိုလိုမှာဝယ်စားနိုင်တဲ့ ထိုင် ဝမ်မုန်ညင်းလို့ခေါ်ကြတဲ့ မုန်ညင်း စိမ်းလေးတွေက   ကျန်းမာရေး အတွက် ဘာတွေအကျိုးပြုသလဲ ဆိုတာ မျှဝေပေးချင်ပါတယ်။ လတ်ဆတ်ချိုမြတဲ့၊ အရသာရှိတဲ့ မုန်ညင်းလေးတွေက ကိုယ် အလေးချိန်လျော့ကျဖို့ ထောက် ကူပေးတဲ့အပြင် ကျန်းမာရေးနဲ့ လည်း ညီညွတ်စေပါတယ်။

ထိုင်ဝမ်မုန်ညင်းက ကစီ ဓာတ်နဲ့ ကယ်လိုရီနည်းတဲ့အစား အစာဖြစ်ပြီး ထမင်းစားချိန်မှာ များများဖြည့်စွက်စားပေးမယ်ဆို ရင် အဆာလည်းခံသလို အဆီ လည်းမတက်နိုင်ပါဘူး။
နောက်ပြီး ဓာတ်တိုးဆန့် ကျင်ဂုဏ်သတ္တိလည်း ကြွယ်ဝ တာကြောင့် ရောဂါဖြစ်ပွားမှုတွေ ကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိ ပါတယ်။ ဒါ့အပြင် ကင်ဆာရော ဂါအမျိုးမျိုးဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်သလို နှလုံးရော ဂါကိုလည်း ကာကွယ်ပေးနိုင်ပါ တယ်။

ဗီတာမင်စီ ပါဝင်တာကြောင့် ဟင်းသီးဟင်းရွက်  အစားနည်း လို့ ဗီတာမင်ချို့တဲ့ပြီး ဖြစ်ပွားတဲ့ သွေးရောဂါဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တာကြောင့် ထမင်းစားတိုင်း   ထည့်စားပေးသင့်ပါ တယ်။

သံဓာတ်လည်းကြွယ်ဝတဲ့ အတွက် ကိုယ်ဝန်ဆောင်အမျိုး သမီးတွေစားဖို့ သင့်လျော်တာ ကြောင့် ကိုယ်ဝန်ဆောင်အစား အစာစာရင်းထဲမှာ ထည့်ထားသင့်ပါတယ်။
ထိုင်ဝမ်မုန်ညင်းမှာ ပိုတက်ဆီယမ်ကြွယ်ဝ တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ကိုယ်လိုအပ်တဲ့ပိုတက်ဆီယမ်ပမာဏအတိုင်း နေ့စဉ်စားအစားအစာစာရင်းထဲမှာ ထည့်သွင်းစားသောက်နိုင်ပါသေးတယ်။

မုန်ညင်းအပြင် အခြားသော အသီးအရွက်စိမ်းတွေကလည်း ကျန်းမာရေးအတွက် အထောက်အကူပြုတာကြောင့် သက်ရှည်ကျန်းမာပြီး ပျော်ရွှင်တဲ့နေ့ရက်တွေရှိလာဖို့အတွက်   ဟင်းသီး ဟင်းရွက်တွေကိုမဖြစ်မနေ  စားပေးသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top