iMyanmarHouse.com - Best Property Website for Myanmar
×










လူမှုကွန်ရက်ဆက်သွယ်ရေး စနစ်တွေ မြင့်မားလာတဲ့ခေတ်မှာ လူတိုင်းဟာ Facebook, Twitter, Instagram အစရှိတဲ့ app တွေကို နေ့စဉ်သုံးစွဲလာကြပါတယ်။ အဲဒီလို လူမှုကွန်ရက်ပေါ်မှာ မိတ်ဆွေတွေနဲ့ အပြန်အလှန် ဓါတ်ပုံတွေ ၊မိမိရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို ဝေမျှရတာဟာ လည်း လူတိုင်းအတွက် သ၀ရဲ့ အစိတ်အပိုင်းတစ်ခု သဖွယ်ဖြစ်လာပါတယ်။ အဲဒီလို လူမှုကွန်ရက်တွေကို နေ့စဉ် သုံးစွဲခြင်းကနေ ပုံစံသွင်းပေးလိုက်တဲ့ နေထိုင်မှု အမူအကျင့် တစ်ချို့ရှိလာပါတယ်။

၁။ ကောင်းမွန်တဲ့ အသွင်အပြင်ရှိဖို့အတွက် ခံယူမိခြင်း
သင်ဟာ အလုပ်ကိစ္စ၊ကျောင်းကိစ္စတွေနဲ့ မအားလပ်တဲ့အခါ အအိပ်အစားမှန်ဖို့ ၊ကျန်းမာရေးလေ့ကျင့်ခန်း တွေလုပ်ဖို့ဆိုတာ က ခက်ခဲလာပါတယ်။ ဒါပေမယ့်လည်း သင်ဟာ လူမှုကွန်ရက်တွေမှာ သင့်ရဲ့ လက်ရှိအသွင်အပြင်ကို သူငယ်ချင်းတွေ သတိထားနေမှာကို သိနေတဲ့အတွက် မအားလပ်တဲ့ကြားက သင့်ရဲ့ စတိုင်လ်၊ အ၀တ်အစား ၊ အသွင်အပြင် တို့ သပ်ရပ်စွာ နဲ့ ကြည့်ကောင်းနေဖို့ သင် တတ်နိုင်သလောက် ပြင်ဆင်နေမိမှာပါ။

၂။အဖွဲ့လိုက်လှုပ်ရှားမှုတွေရှိလာတယ်
သင်ဟာ သင့်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေ ၊လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အပြင်ထွက်လည်တာမျိုး ၊ သောက်ကြစားကြတာမျိုး၊ အလုပ်ကိစ္စတစ်ခုအတွက် အတူလုပ်ဆောင်ရတာမျိုးတွေကို လူမှုကွန်ရက်တွေမှာ မှတ်တမ်းတင်ထားမိမှာပါ။ အဲဒါဟာ သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးမှာ အသိအမှတ်ပြုစရာတစ်ခုဖြစ်လာစေမှာပါ။

၃။ app တွေကို ပိုသုံးဖြစ်တယ်
သင်ဟာ လူမှုကွန်ရက်ကို မသုံးဖြစ်သည့်တိုင်အောင် သင့်ရဲ့ Facebook အကောင့်နဲ့ချိတ်ဆက်ထားတဲ့ app တွေကို တော့သုံးဖြစ်နေမှာပါ။ ဂိမ်းကစားမျိုးတွေက အစပါ။ သင်တစ်နေ့ကို ဂိမ်းတစ်ခုရဲ့ အဆင့် ဘယ်လောက်ထိ ရောက်အောင် ကစားထားတယ်ဆိုတာကို သင် လူမှုကွန်ရက်မှာဝေမျှ ချင်စိတ်ဖြစ်မိမှာပါ။

၎။ မမြင်ဘူးပဲချိန်းမတွေ့ဖြစ်တော့ပါဘူး
ချစ်သူရည်းစား ၊ အိမ်ထောင်မရှိတဲ့ လူပျို/အပျိုတွေဟာ တစ်ယောက်နဲ့တစ်ယောက် Facebook လို လူမှုကွန်ရက်မျိုးကနေ အပြန်အလှန် အကဲခတ်နိုင်ပါတယ်။ အရင်ခေတ်တွေတုန်းကလို တစ်ယောက်အကြောင်းတစ်ယောက်မသိပဲ လူချင်းတွေ့ဖို့  ချိန်းလိုက်တာမျိုးတွေ မရှိတော့ပါဘူး။ သင်ဟာသင့်ရဲ့ ဓါတ်ပုံကို ပြသထားနိုင်သလို သင်စိတ်ဝင်စားနေတဲ့သူရဲ့ ရုပ်ရည် ကိုလည်း သင် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

Credit : Trend

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top