iMyanmarHouse.com - Best Property Website for Myanmar
×










တောင်ကိုရီးယား သရုပ် ဆောင်မင်းသား ဂျောင်အီဝူသည် လက်ရှိတွင် တောင်ကိုရီးယား နိုင်ငံသို့ မပြန်နိုင်ဘဲ တရုတ်နိုင်ငံ ရှန်ဟိုင်းလေဆိပ်၌ သောင်တင် နေသည်ဟု ဂျောင်အီဝူ၏ အေ ဂျင်စီက အောက်တိုဘာ ၃၀ ရက် တွင် ပြောသည်။

ဂျောင်အီဝူသည် အောက် တိုဘာ ၂၉ ရက်တွင် ရှန်ဟိုင်းမြို့ ရှိ ရှန်ဂရီလာဟိုတယ်၌ ပြုလုပ် သော Cosmo Beauty Awards ဆုပေးပွဲသို့ တက်ရောက်ခဲ့သည်။

၎င်းသည် အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ် (ကိုရီးယားစံတော်ချိန်) တွင် ကို ရီးယားနိုင်ငံသို့ ပြန်ရန် စီစဉ်ထား သည်။

သို့ရာတွင် လေယာဉ်ပေါ်သို့ မတက်မီ ဂျောင်အီဝူ၏ နိုင်ငံကူး လက်မှတ်နှင့် ပြည်ဝင်ခွင့် ဗီဇာ တို့မှာ ပျောက်သွားကြောင်း သိရ ၍ လက်ရှိတွင် ၎င်းသည် ရှန်ဟိုင်း လေဆိပ်၌ သောင်တင်နေသည် ဟု အေဂျင်စီက ပြောသည်။

‘‘နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာ တွေ ပျောက်နေတဲ့ ဂျောင်အီဝူ ဟာ အစောဆုံးဆိုရင် ဒီနေ့နေ့ လယ်လောက် ပြန်နိုင်ပြီး နောက် အကျဆုံးဆိုရင်တော့ မနက်ဖြန် မှပဲ ပြန်ဖြစ်လိမ့်မယ်’’ ဟု အေဂျင် စီက အောက်တိုဘာ ၃၀ ရက် တွင် Newsen သတင်းသို့ ပြော သည်။

ဂျောင်အီဝူသည် ဖက်ရှင်၊ အလှအပရေးရာတို့နှင့်ပတ်သက် ၍ ဆုချီးမြှင့်သည့် ဂုဏ်သတင်းအ ကြီးဆုံး ဆုပေးပွဲတစ်ပွဲဖြစ်သော 2014 Cosmo Beauty Awards ဆုပေးပွဲသို့ ဖိတ်ကြားခံရသည့် တစ်ဦးတည်းသော ကိုရီးယားအနု ပညာရှင်ဖြစ်သည်။

ဂျောင်အီဝူသည် လာမည့် ဒီဇင်ဘာလတွင် အာရှပရိသတ် နှင့် တွေ့ဆုံပွဲပြုလုပ်ရန် စီစဉ် ထားသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top