iMyanmarHouse.com - Best Property Website for Myanmar
×














တောင်ကိုရီးယားသရုပ် ဆောင်များဖြစ်ကြသော ယွန်း အွန်ဟေးနှင့် ပတ်ရှီဟူတို့သည် တရုတ်နှင့် ကိုရီးယား ပူးပေါင်း ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကား သစ် After Love တွင် ပါဝင်သရုပ် ဆောင်ရန် ကမ်းလှမ်းခံထားရ သည်ဟု ၎င်းတို့၏ အေဂျင်စီများ က ပြောသည်။

After Love ဇာတ်ကားအ တွက် သရုပ်ဆောင်ပေးဖို့ ကမ်း လှမ်းခံထားရပါတယ်။ အပြု သဘောဆောင်တဲ့ စဉ်းစားမှုအ ပိုင်းမှာပဲ ရှိပါသေးတယ်။ အခု ချိန်ထိ ဆုံးဖြတ်ချက် တိတိကျကျ မချရသေးပါဘူး’’ ဟု   ကေဒရာမာစတား နှစ်ဦး၏      အေဂျင်စီ များက Newsen သတင်းအား ပြောကြားသည်။

ယွန်းအွန်ဟေးနှင့် ပတ်ရှီဟူ တို့၏ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှု ကို ရုပ်ရှင်လောက၌ အများအ ပြားအာရုံစိုက်လျက်ရှိပြီး အထူး သဖြင့် သရုပ်ဆောင်မင်းသား ပတ် ရှီဟူ ရုပ်ရှင်လောကသို့ ပြန်လာ မည့်အရေး ပို၍ စိတ်ဝင်စားနေကြ သည်။

ပတ်ရှီဟူသည် ပြီးခဲ့သည့် နှစ်က အသက် (၂၂) နှစ် အရွယ် တက်သစ်စမင်းသမီး တစ်လက် ကို အဓမ္မပြုကျင့်သည်ဟု စွပ်စွဲ ခံရပြီးနောက်ပိုင်းမှစ၍ ကိုရီးယား ၌ အနုပညာလှုပ်ရှားမှုများ အား လုံး  ယာယီရပ်ဆိုင်းခဲ့သည်။

ထို့နောက်တွင် ၎င်းသည် တရုတ်ရုပ်ရှင်ဇာတ်ကား Scent ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။

After Love အချစ်ဇာတ် ကားကို ယခုနှစ်ကုန်တွင် တရုတ် နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူကျွန်းတို့၌ ရိုက်ကူးမည် ဖြစ်သည်။  

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top