iMyanmarHouse.com - Best Property Website for Myanmar
×













တတိယတစ်ကိုယ်တော်   စီးရီးအာဘွားဒီဗီဒီကို ယခင်ဒီဗီဒီ များထက် နှစ်ဆခန့်အကုန်အကျ ခံကာ ရိုက်ကူးထားပြီး နိုဝင်ဘာ ၁ရက်တွင် စတင်ဖြန့်ချိပေးမည် ဖြစ်ကြောင်း ၀ိုင်းစုခိုင်သိန်းက ပြောသည်။

‘‘၀ိုင်းစု ဒီအခွေမှာပါတဲ့ သီ ချင်းတိုင်းကို အရင်ခွေတွေထက် ကြိုးစားထားပါတယ်။ အဓိကက အိုင်ဒီယာတွေကို ဒါရိုက်တာတွေ နဲ့ရော ၀ိုင်းစုစိတ်တိုင်းကျရောရိုက်ထားတဲ့သီချင်းတွေပါပါ တယ်။ မင်းရဲ့ ရွေးချယ်မှုသီချင်း ဆိုရင် ၀ိုင်းစုအိုင်ဒီယာနဲ့ရိုက်ကူး ထားပါတယ်’’ဟု ၎င်းကပြော သည်။

မင်းရဲ့ရွေးချယ်မှုသီချင်းကို ဖိုးကာကရေးပေးထားခြင်းဖြစ်ပြီး ယင်းသီချင်းအကြမ်းရသည့်အ ချိန်ကတည်းက စဉ်းစားထား သည့် အိုင်ဒီယာဖြင့်ရိုက်ကူးခဲ့ ကြောင်း၎င်းကဆိုသည်။

‘‘ကိုဖိုးကာအကြမ်းစပေးက တည်းက ဒီအိုင်ဒီယာနဲ့ ရိုက်မယ် ဆိုပြီး စိတ်ကူးရထားတာ။ပရိ သတ်က ၀ိုင်းစုကို မြင်ဖူးနေကျပုံစံတော့ မဟုတ်ဘူး။ အဓိကက ကိုယ့်အပေါ် သစ္စာမရှိတဲ့သူကို စွဲလမ်းမ နေဘဲ သွားချင်ရာသွားဆိုတဲ့ပုံစံ မျိုးရိုက်ပြထားတာ။ဒါပေမဲ့ ရိုက် ကူးရေးဆိုတော့ လူစိတ်ဝင်စား အောင်အလွန်အကျွံတော့လုပ်ပြ ထားတယ်’’ဟု ၀ိုင်းစုခိုင်သိန်းက ပြောသည်။

ထို့အပြင် သီချင်းခေါင်းစဉ် အာဘွားရိုက်ကူးရေးသည်လည်း အပင်ပန်းဆုံးဖြစ်ခဲ့ကာ ဆက်တင် ဆောက်ရန်တစ်နေ့လုံးအချိန်ပေး ခဲ့ရပြီးညမှ   ရိုက်ကူးခဲ့ရကြောင်း ၎င်းကပြောသည်။

‘‘ပုံမှန်သီချင်းတွေရိုက်ရင် ကတ်တစ်ကတ်ခြင်းဖြတ်ရိုက်ပေ မယ့် အာဘွားသီချင်းကဆက်တင် တွေဆက်တိုက်ဆောက်ပြီး ၀ိုင်းစု သွားတဲ့တောက်လျှောက်အင်္ကျီ လဲတာကအစ ကတ်မဖြတ်ဘဲရိုက် ထားတယ်’’ဟု အာဘွားသီချင်း ရိုက်ကူးရေးအကြောင်း   ပြော သည်။

ထို့အပြင် သီချင်းတိုင်းကိုသ ရုပ်ဆောင်အဖြစ်ရိုက်ကူးမထားဘဲ သီချင်းနှင့်လိုက်ဖက်မှုရှိမည့် သရုပ်ဆောင်များကိုရွေးချယ်ရိုက် ကူးထားကြောင်း၎င်းကဆိုသည်။

ယင်းဒီဗီဒီကို နိုဝင်ဘာ  ၁ ရက်တွင် စတင်ဖြန့်ချိပေးမည်ဖြစ် ပြီး ဒဂုံစင်တာ ၂၌ ပရိုမိုးရှင်းပွဲပြု လုပ်မည်ဖြစ်သကဲ့သို့ နိုဝင်ဘာ ၂ ရက်တွင် ဘားအံမြို့၊ နိုဝင်ဘာ ၄ ရက်တွင် မန္တလေးမြို့၌ ပရိုမိုးရှင်း ပွဲများပြုလုပ်သွားရန်အစီအစဉ်ရှိ ကြောင်း ၀ိုင်းစုခိုင်သိန်းကပြော သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top