iMyanmarHouse.com - Best Property Website for Myanmar
×














 ဟောလိဝုဒ် သရုပ်ဆောင်များဖြစ်ကြသော ဂျနီဖာအန်နီစတန်နှင့် ဂျက်စတင် သရူးတို့စုံတွဲသည် မင်္ဂလာဆောင် မည့်နေ့ကို သတ်မှတ်ပြီးသွားပြီ ဖြစ်ကြောင်း ၎င်းတို့နှင့် ရင်းနှီးသူများက ဗြိတိန် OK မဂ္ဂဇင်းအား ပြောကြားခဲ့သည်။

‘‘အဲဒီမင်္ဂလာပွဲတကယ်ဖြစ် လာတော့မယ်။ ဂျနီဖာလည်း အရမ်းစိတ်လှုပ်ရှားနေတယ်။ မင်္ဂ လာဆောင်မယ့်နေ့ဟာ သူ့ဘ၀ရဲ့ အကောင်းဆုံးနေ့ဖြစ်လိမ့်မယ်လို့ လည်း ဂျနီဖာက ပြောတယ်။ သွားမေးကြည့်ဖို့ ကြိုးစားရင်တော့ သူ ထုတ်ပြောမှာ မဟုတ်ဘူး။ သူတို့ နှစ်ယောက်စလုံး ကြီးကျယ်ခမ်း နားတဲ့ မင်္ဂလာပွဲမျိုး မလိုချင်ဘူး’’ ဟု ဂျနီဖာအန်နီစတန်တို့ စုံတွဲနှင့် ရင်းနှီးသော သတင်းရင်းမြစ်က OK မဂ္ဂဇင်းအား ပြောသည်။

အသက် (၄၅) နှစ်အရွယ် ဂျနီဖာအန်နီစတန်နှင့် အသက် (၄၂) နှစ်အရွယ် ဂျက်စတင်သရူး တို့သည် တစ်နှစ်ခန့်ချစ်ကြိုက် ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် စေ့စပ်ခဲ့ကြသည်။ ဂျနီဖာအန်နီစတန်၏ ခင်ပွန်းဟောင်းဖြစ်သော ဘရက်ပစ်သည် ပြီးခဲ့သည့် သြဂုတ်လတွင် ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး အန်ဂျလီနာဂျို လီနှင့် လက်ထပ်ခဲ့သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top