iMyanmarHouse.com - Best Property Website for Myanmar
×










အလုပ်တွေကြောင့်မအား လပ်၊ စိတ်သောကတွေရောက်၊ စိတ်ဖိစီးမှုများတာတွေကို ကိုယ် ဝါသနာပါရာအလုပ်လေးတွေနဲ့ စိတ်အပန်းပြေအောင်လုပ်နိုင်ဖို့အတွက် ဘယ်လိုဝါသနာလေးတွေက စိတ်အေးချမ်းစေသလဲဆိုတာ လေ့လာကြည့်ရ အောင်ပါ။

ဂီတ - ဂီတကတော့ လူအတော်များများကိုစိတ်ဖိစီးမှုသက်သာ စေပြီး စိတ်တည်ငြိမ်မှုပေးနိုင်တဲ့ အရာတစ်ခုပါပဲ။ ဂီတကုထုံးဟာ စိုးရိမ်သောကဗျာပါရတွေကို သက်သာစေပြီး နာကျင်ကိုက်ခဲမှုတွေလျော့ပါးစေကာ ကျန်းမာရေးကောင်းစေတဲ့အတွက် ငြိမ့် ညောင်းတဲ့ဂီတသံနားထောင်တာပဲဖြစ်ဖြစ်၊ တူရိယာပစ္စည်းတစ်ခုခု တီးခတ်တာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။

သစ်ပင်စိုက်ပျိုးခြင်း - ဒီဝါသနာကလည်း စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာ ရေးအတွက် ကောင်းတယ်လို့ဆိုပါတယ်။

ပန်းချီဆွဲခြင်း - စိတ်တည်ငြိမ် အေးချမ်းဖို့အတွက် ပန်းချီဆွဲတာ က ထောက်ကူပေးနိုင်ပါတယ်။ အစိမ်းရောင်၊ အဝါရောင်၊ ခရမ်းရောင် စတဲ့ဆေးရောင်စုံကိုတွေ့ မြင်ရေးဆွဲရာကနေဖန်တီးနိုင်မှု စွမ်းအင်တွေရရှိစေမှာပါ။

လက်မှုပြုလုပ်ခြင်း - စက်ချုပ်တာ၊ သိုးမွေးထိုးတာ၊ ဖြတ်ညှပ် ကပ်ဗလာစာအုပ်လေးတွေလုပ်တာ စသဖြင့် ဟန်းမိတ်ပစ္စည်း လေးတွေဖန်တီးရတာကလည်း စိတ်အေးချမ်းစေပါတယ်။

ဓာတ်ပုံရိုက်ခြင်း - သဘာဝတရားရဲ့အလှအပတွေကို ဓာတ်ပုံရိုက်ခြင်းအနုပညာနဲ့ ကိုယ်တိုင်ဖန်တီးခြင်းအားဖြင့်လည်း စိတ်ဖိစီးတာတွေလျော့ပါးပြီး စိတ်တည်ငြိမ်စေနိုင်ပါတယ်။

စာရေး၊စာဖတ်ခြင်း - လူအများစု အပန်းဖြေလေ့ရှိတဲ့နည်းလေး တစ်ခုဖြစ်ပြီး သတင်းစာ (ဒါမှမဟုတ်) စာအုပ်တစ်အုပ်ကို ခြောက်မိနစ်လောက်ဖတ်လိုက်ရသဖြင့် စိတ်ဖိစီးမှု ၆၈ ရာခိုင်နှုန်းလောက် လျော့ပါးစေနိုင်ပါတယ်။

ချက်ပြုတ်ခြင်း -  စိတ်ဖိစီးမှုသက်သာအောင် အစားအသောက်တွေ ချက်ပြုတ်ခြင်းအားဖြင့်လုပ်ဆောင်နိုင်ပါတယ်။ အသီးအရွက် တွေလှီးချွတ်၊ ချက်ပြုတ်၊ ပြင်ဆင်ရတာလည်း စိတ်ချမ်းသာစရာတစ်ခုပါ။

အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း - ခွေးလေးပဲဖြစ်ဖြစ်၊ ကြောင်လေးပဲဖြစ်ဖြစ် အိမ်မှာအတူတူရှိနေရင်လည်း စိတ်ဖိစီးမှုတွေ သက်သာစေပါသတဲ့။ သူတို့ကိုအစာကျွေး၊ ဆော့ကစား၊ သန့်ရှင်းရေးလုပ်ပေး စတာတွေလုပ်နေရင်း စိတ်ပျော်ရွှင်စေ ပါတယ်။

ကခုန်ခြင်း - လှုပ်ရှားကခုန်ရတာကြောင့် စိတ်ခံစားမှုတွေမေ့ပျောက်စေပြီး စိတ်ရွှင်လန်းစေပါတယ်။ ထိုက်ချိချွမ်ကစားနည်းဟာဆိုရင်လည်း ခန္ဓာကိုယ်လှုပ်ရှား၊ အသက်ဝဝရှူပြီးလုပ်ရ တာကြောင့် စိတ်အေးချမ်းစေပါတယ်။ တေးဂီတဖွင့်ပြီး ကခုန်ပေးခြင်းဖြင့်လည်း စိတ်ပျော်ရွှင်အောင်ဖန်တီးလို့ရပါတယ်။

စက်ဘီးစီးခြင်း - ဟိုဟိုသည်သည်ကြည့်ရင်း စက်ဘီးလျှောက်စီးတာကလည်း စိတ်ပင်ပန်းတာတွေပြေပျောက်စေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရလည်း သန်စွမ်းကျန်းမာစေပြီး နှလုံးရောဂါတွေ၊ ဆီးချိုရောဂါနဲ့ အဆစ်ရောင်နာတွေကိုပါ သက်သာစေပါတယ်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top