iMyanmarHouse.com - Best Property Website for Myanmar
×









ကိုရီးယား မင်းသားချော လီမင်ဟိုသည် ကွာလာလမ်ပူ မြို့တော်၏ ကွန်ဗန်း ရှင်း စင်တာတွင် ပြီးခဲ့သည့် တနင်္ဂနွေ နေ့က ပရိသတ် များနှင့် တွေ့ဆုံခဲ့ပြီး ပရိသတ် ခုနစ်ရာခန့် မှာ သူနှင့် တွေ့ဆုံရ သည့် အတွက် အလွန် ဝမ်းမြောက်ခဲ့သည် ဟု ဆိုသည်။

လီသည် OSIM နိုင်ငံတကာ ကုမ္ပဏီ မှထုတ်သည့် အနှိပ် ကုလားထိုင်၏ သံတမန် တစ်ဦးဖြစ်သည့် အားလျော်စွာ ယခုအခါ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့သို့ OSIM ၏ အရေးပါ သူများနှင့် တွေ့ဆုံရန် အတွက် သွားရောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

”ဒါနဲ့ဆို မလေးကို ရောက်တာ သုံးခါရှိပြီ။ ဘယ်လို ပဲဖြစ်ဖြစ် ပရိသတ် တွေ နဲ့တွေ့ဆုံရတော့ အရမ်းပျော်ပါတယ်” ဟု လီက ဆိုခဲ့သည်။
လီသည် ပရိသတ် များအား အပြုံး ဖြင့် ပြန်လည် တုံ့ပြန်ခဲ့ပြီး ပရိသတ်များ ထဲမှ အမျိုးသမီး များမှာ အချိန်တော်ကြာသည် အထိ လီအား တွေ့ဆုံနှုတ်ဆက် ခဲ့ကြသည် ဟု လည်း ဆိုထားသည်။

လီမင်ဟိုသည် ၂ဝဝ၉ ခုနှစ်က ထွက်ရှိ ခဲ့သည့် ဒရမ်မာ ဇာတ်လမ်းတွဲ တစ်ခုဖြစ်သည့် Boys Over Flowers ဇာတ်ကားတွင် ဂူဂျွန်ဖြိုး အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ ရာမှ အာရှ တစ်လွှား နာမည်ကျော်လာ သူဖြစ်ခဲ့ပြီး လီထပ်မံ ရိုက်ကူးခဲ့သည့် City Hunter, The Heirs ဇာတ်ကားများမှာ လူကြိုက်များခဲ့ သည့် ဇာတ်ကားကောင်း များဖြစ် ခဲ့ရုံမျှ မက CNN သတင်း ဌာန မှလည်း လီအား တောင်ကိုရီးယား ၏ နာမည်ကျော် မင်းသား အယောက်နှစ်ဆယ်ထဲ တွင် ထိပ်ဆုံး စာရင်း ဝင်သူအဖြစ် သတ်မှတ် ထားခဲ့ သူဖြစ်သည်။



Credit : Popular Journal

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top