iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသားများထက် အမျိုးသမီးများတွင် မျက်ကွင်းညိုတတ်ကြပြီး၊ အမှတ်တမဲ့ကြည့် ပါ က နေ မကောင်း၍ နုံးချိအားနည်းနေပုံ ပေါ်စေပါတယ်။ မျက်ကွင်းညိုခြင်းကို မိက်ကပ်ဖြင့်ဖုံးဖိမရ သ လို၊ ဆေးသိပ္ပံနည်းများဖြင့် အရေပြားခွဲစိပ်ပြုပြင်ဘို့ လည်း အင်မတန် မှ ခက်ခဲလှပါ တယ်။ မွေး ရာပါ (သို့ မဟုတ်) မျိုးရိုးဗီဇကြောင့် မျက်ကွင်းညိုခြင်းကို ယနေ့ အချိန်ထိ ရိုးရာကု ထုံးေ ရာ၊ သိပ္ပံဆေးဝါး များဖြင့် ထိထိရောက်ရောက် ကုသနိုင်ခြင်းမရှိသေးပါ။ သို့ သော် နေထိုင် စားေ သာက်ပုံ မမှန်ခြင်းကြောင့်လည်း ရံဖန်ရံခါ မျက် ကွင်းညိုတတ်ပေရာ၊ အောက်ပါ ဆောင်ရ န်ေ ရှာင်ရန်နည်းများဖြင့် ညိုသူဖြူ၍ ပြုံးပျော်နိုင်ကြပါစေရန် မျှဝေလိုက်ရပါတယ်။

(၁) အာလူးကို အခွံနွှာကြိတ်ချေပြီးရလာသော အနှစ်ကိုမျက်ကွင်းတ၀ိုက်လိမ်းအိပ်ပါ။ ဤနည်းြ ဖင့် ရက်သတ္တ ၁-ပတ်လျှင် ၃-ကြိမ်လုပ်ပေးပါ။

(၂) သခွားသီပါးပါးလှီးပြီး၊ မျက်ခွံနှင့်မျက်လုံးတ၀ိုက် ၁၅-မိနစ်လောက်ကပ်ထားပါ။ မျက်ကွင်း ညိုခြင်းကို သက်သာစေသည့် အပြင်၊ ဖောင်းအစ်၍ မျက်လုံးပင်ပန်းနွမ်းနယ်မှုကိုပါ သက်သာစေပါတယ်။

(၃) နံက်အိပ်ယာထ ၁၀-မိနစ်လောက် လဲလျောင်းပြီး၊ အေးမြသော လ္ဘက်ခြောက်ထုပ်(green tea bag) ၂-ထုပ်ကို မျက်လုံး ရဲ့  တစ်ဖက်စီပေါ်တင်ပေးပါ။ လ္ဘက်စိမ်းထဲတွင် ပါရှိသော tannin ဓာတ်က အရေပြားကို အားသစ်လောင်း လန်းဆန်း စေပြီး၊ မျက်ကွင်းညြိုခင်းကို သက်သာလာစေပါတယ်။

(၄) ဗာဒံစေ့အဆီကို မျက်ကွင်းတ၀ိုက်လိမ်း၍အိပ်ပါ။ ရက်သတ္တ ၂-ပတ်တိတိ ညစဉ်လိမ်းပေး ပါက အကျိုးထူးခံစားရပါလိမ့် မယ်။

(၅) စိတ်ဖိစီးခြင်းကလည်း မျက်ကွင်းကိုညိုစေတတ်၏။ ယောဂ ကျင့်စဉ်မှ pranayama (ခေါ်) အသက်ရှုလေ့ကျင့်ခဏ်း သည် စိတ်ဖိစီးမှုများကို ထိန်းချုပ်ပေးနိုင်သဖြင့် တစ်နေ့ လျှင်အနည်း ဆုံး ၅ မိနစ်မျှ လေ့ကျင့်ခဏ်းလုပ်ပါ။

(၆) ချေထားသော ပူဒီနာရွက်ကို မျက်လုံးတ၀ိုက်ကပ်ပေးပါ။ ပူဒီနာရဲ့  အေးမြတဲ့အစွမ်းက မျက်လုံးပင်ပန်းမှုကို ဖြေလျော့ပေး ပါတယ်။

(၇) ရေဓာတ်အလုံအလောက်ရရှိခြင်းကလည်း မျက်ကွင်းညိုခြင်းကိုသက်သာစေ လို့  ရေများ များေ သာက်ပေးပါ။

(၈) အထူးသဖြင့် ဗီတာမင်ကေ နှင့် ဗီတာမင် B12 ပါသော လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နှ င့် သစ်သီးဝလံ များများစား ပေးပါ။

(၉) လုံလောက်စွာ မအိပ်စက်နိုင်ခြင်းက သွေးလည်ပတ်မှုမကောင်းစေတော့ဘဲ၊ မျက်လုံးတ ၀ိုက် ညိုလာစေတတ်၍ အိပ်ရေး ၀၀ အိပ်ပါ။ အထူးသဖြင့် မကြာခဏမျက်ကွင်းညိုသူများ တစ်ညလျှင် ၇ နာရီမှ ၉ နာရီအထိ အိပ်စက်သင့်ပါတယ်။

(၁၀) ခရမ်းချဉ်သီးအနှစ်တွင် သံပုရာရည်ရောစပ်ပြီး၊ မျက်ကွင်းတ၀ိုက် တစ်နေ့ ၂ ကြိမ်မျှ လိမ်းေ ပးပါ။ *(မျက်လုံးထဲ ထိုအရော အနှောများ မ၀င်အောင်သတိထားပါ)*

(၁၁) အချို့ သောသူများမှာ အစားအစာတွင်ဓာတ်မတည့်မှုဖြစ်ပြီး၊ မျက်ကွင်းညိုလာတတ်၍ သတိဖြင့်ဆင်ခြင်သုံးသပ်ပါ။ ကျန်း မာရေးကြောင့် အသုံးပြုရသော ပိဋိဇီဝဆေးအချို့ ဖြင့်ဓာတ်မ တည့်ခြင်းအတွက် မျက်ကွင်းညိုလာတဲ့အခါ ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်ပါ။ လိုအပ်လျှင်
အရေပြားရောဂါအထူးကဆရာဝန်ဖြင့် ကုသမှုခံယူပါ။

(၁၂) မျက်ကွင်းညိုခြင်းကို ကောင်းကျိုးပြုစေသော ပျားရည်၊ ထောပတ်သီး၊ jojoba အဆီ၊ သိုးေ ထာပတ်ဆီ၊ ဗီတာမင်ကေ၊ ဗီတာမင်အေ စသည်တို့ ဖြင့် ပြုလုပ်ထားသည့် မျက်လုံးတ၀ိုက်လိ မ်းရသော ကရင်မ်များကိုရွေးချယ်ပါ။

(၁၃) ဆေးလိပ်သောက်ခြင်းသည် ကျမ္မာရေးထိခိုက်စေရုံသာမက၊ ခန္ဓာကိုယ်ထဲ ဗီတာမင်စီ ဆုံးရှုံးစေပြီး အရေပြားအိုမင်းကာ၊ အရေပြားအောက်ရှိ သွေးလွှတ်ကြောများအပြာရောင်ဘက်သ န်း၍ မျက်ကွင်းညိုစေလာပါတယ်။ ဒါ့ပြင် စီးကရက်မီးခိုး ငွေ့များဟာ မျက်လုံးသွေးခြေဥေ ရာင် ကိုင်းစေတတ်သဖြင့် မျက်ကွင်းညိုသူများ ဆေးလိပ်ဖြတ်ပါ။ (သို့ မဟုတ်) ဆေး လိပ်သောက် သူ နှင့် ဝေးဝေးနေပါ။

(၁၄) နာနတ်သီးအနှစ်ကို နနွင်းနည်းနည်းထဲ့ပြီး မျက်ကွင်းတ၀ိုက်လိမ်းပေးပါ။ *(မျက်လုံးထဲ ထို အရော အနှောများ မ၀င်အောင်သတိ ထားပါ)*

(၁၅) နေရောင်ခြည်ထဲမှ ပါလာသော ခရမ်းလွန်ရောင်ခြည်များဟာ အရေပြားတွန့် ပြီး မျက်နှာေ ပ်ါအမဲစက်ပြောက်များ ဖြစ် စေကာ၊ ထိုအမဲစက်များပြန့် နှံ့ လာပြီး မျက်ကွင်းညိုစေပါ တယ်။ေ နရောင်ခြည်တိုက်ရိုက်မထိတွေ့ နိုင်အောင် နေကာ မျက်မှန်တပ်ပြီး၊ SPF 30 (သို့ မဟုတ်) ၄င်းထက်ပိုသော နေရောင်ခံမျက်နာလိမ်းကရင်မ် လိမ်းပြီးမှ နေပူထဲတွက်ပါ။

(၁၆) စိတ်ဖိစီးမှုများခြင်း နှင့် စိတ်ဝေဒနာများကလည်း မျက်ကွင်းညိုစေတတ်ပါတ ယ်။ ရေ ကူြး ခင်း၊ မျက်စေ့မှိတ် လဲလျောင်းပြီး သီချင်းနားထောင်ခြင်း (သို့ မဟုတ်) သီချင်းဆိုခြင်းဖြင့်  စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ။

(၁၇) မျက်ကွင်းညိုခြင်းရဲ့ အဓိကတရားခံဟာ ဆား စားသုံးမှုလွန်ကဲခြင်းကြောင့်လို့ ဆိုပါ တယ်။
ဆား (၀ါ) ဆိုဒီယမ် ကြွယ်ဝ သော အစားအစာများ လျော့စားပေးပါ။

Credit : Pauk Pauk

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top