iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သော ဂီတဆုပေးပွဲတွင် ပရိသတ်အကြိုက်ဆုံးအနုပညာရှင်ဆု(I Love Artist)ရခဲ့သည့် စိုင်း စိုင်းခမ်းလှိုင်နှင့် ၀ိုင်းစုခိုင်သိန်းတို့ က ဆုရရှိခဲ့သော ရွှေတစ်ကျပ်သားကို ပရိသတ်များတွက် အမှတ်တရအနေဖြင့် လှူဒါန်းသွားမည်ဟုပြောသည်။

ပရိသတ်အကြိုက်ဆုံးအနုပညာရှင်(အမျိုးသား)ဆုရရှိခဲ့သော  စိုင်းစိုင်းခမ်းလှိုင်က အဆိုပါဆုကို ပရိသတ်ကိုယ်စား တက်ရောက်ယူပေးခြင်းဖြစ်ပြီး ပရိသတ်များ၏ နာမည်ဖြင့် လှူဒါန်းသွားမည်ဟု ကျေးဇူးတင်စကားပြောတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ၎င်း၏တရားဝင် Fan Page တွင်လည်း ‘‘ဒီဆုကတော့ ပရိသတ်ပေးတဲ့ လက်ဆောင်ပါပဲ။ ပင်ပန်းမှာစိုးလို့ Vote မလုပ်နဲ့တော့လို့ မှာထားပေမယ့် ဆုရတော့လည်း တကယ်ပျော်ပါတယ်။ မေတ္တာဆိုတာ အသွားအပြန်ရှိတယ်လို့ ကျွန်တော်အမှန်ယုံတယ်။ အခွေမထွက်တာကြာနေပေမယ့် ကျွန်တော့်ဘက်က အမြဲ ရပ်တည်ပေးနေတဲ့အားလုံးအားလုံးကို ကျေးဇူးတင်ဦးညွှတ်ပါတယ်။ ရွှေတစ်ကျပ်သားလက်ဆောင်ရလာတာ ဒီတစ်ပတ်အတွင်းမှာ ပရိသတ်ကြီးကို အမှူးထားပြီး တစ်နေရာမှာလှူဒါန်းပါမယ်’’ဟု ရေးသားထားသည်။

ပရိသတ်အကြိုက်ဆုံးအနုပညာရှင်(အမျိုးသမီး)ဆု ရရှိခဲ့ သော ၀ိုင်းစုခိုင်သိန်းကကျေးဇူး တင်စကားပြောရာတွင် အဆိုပါဆုသည် သာမန်ဆုတစ်ခုမဟုတ်ဘဲ ပရိသတ်များတကယ်ချစ်သည်ဆိုသည်ကို သက်သေပြသည့်ဆု ဖြစ်သည်ဟုပြောကြားခဲ့သည်။

ဆုရရှိခဲ့သည့် ရွှေကို ၀ိုင်းစုချစ်ပရိသတ်များကောင်းမှုအနေ ဖြင့် နေရာတစ်နေရာ၌ လှူဒါန်းလိုသောကြောင့် ရွှေတိဂုံဘုရား၊ နာရေးကူညီမှုအသင်း၊ မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာစသဖြင့် ပရိသတ်များလှူဒါန်းလိုသည့်နေရာကို ရွေးချယ်ပေးနိုင်ရန် ၎င်း၏တရားဝင် Fan Page၌ ရေးသားထားပြီး ပရိသတ်အများဆုံးလှူဒါန်းရန် ဆန္ဒရှိသည့်နေရာတွင် လှူဒါန်း ပေးသွားမည်ဟု ရေးသားထား သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top