iMyanmarHouse.com - Best Property Website for Myanmar
×










အ၀တ်အစားတွေ မတော်တော့ဘူး။ ဘောင်းဘီခါးက တော်တော်ကျပ်နေပြီ။ ဒါဆိုရင် သင်အရင်ထက် အဆီတက်လာလို့၊ ၀လာလို့ပါပဲ။ ပေါင်ချိန်စက်ပေါ် တက်လိုက်ရင်လည်း အရင် သင်မြင်နေကျ ဂဏန်းနဲ့ မတူတော့ပဲ ပြောင်းလဲမှုတွေရှိနေပါပြီ။ ဒါတွေအပြင် သင်ဝိတ်ချကို ချမှ ဖြစ်မယ်ဆိုတာ ပိုသေချာသွားစေတဲ့ အချက်ကလေးတွေ ရှိပါသေးတယ်။ အဲ့ဒါတွေကတော့

၁။လှုပ်ရှားရတာ အရင်လို မလွယ်ကူတော့ဘူး။ သက်တောင့်သက်သာ မရှိတော့ဘူး။

ခုဆို ဟိုနားဒီနားသွားရင်တော့ ကိုယ့်ခန္ဓာကိုယ်က ပိုလေးနေတာကြောင့် အရင်လို ပေါ့ပေါ့ပါးပါး မရှိတော့ဘူး။ လေ့ကျင့်ခန်းလုပ်နေရင်းတောင် အရင်လို အဆင်မပြေတော့ဘူး။

၂။အိပ်ရင်လည်း ဟောက်တတ်တဲ့ အကျင့်ဖြစ်လာတယ်။ ဘေးနားကလူတွေ လန့်နိုးသွားနိုင်လောက်အောင် ဟောက်တတ်လာတယ်။

အရင်က မဟောက်တတ်ပေမယ့် ခုနောက်ပိုင်း ဘေးနားက လူ လန့်နိုးလောက်အောင်ကို ဟောက်တာမျိုးတွေ ဖြစ်လာတယ်။ ဒါဟာ ဘာ့ကြောင့်များလဲ အသက်ရှုရတာအခက်အခဲဖြစ်လို့ ဟောက်တာပါ။ ဘာ့ကြောင့်အခက်အခဲ ဖြစ်ရပါသလဲ။ သင့်လည်ပင်းမှာ အဆီတွေစုလာလို့ပါ။ ဒါဟာ အသက်ရှုရခြင်းအတွက် အခက်အခဲဖြစ်စေတာပေါ့။

၃။မောပန်းလွယ်လာတယ်။

အရင်ကလို အမောမခံနိုင်တော့ပါဘူး။ ရောဂါကြီးကြီးမားမားမရှိပဲနဲ့ တစ်ခုခုဆို မောပန်းလွယ်လာတယ်။ ဒါဟာ ၀ိတ်တက်လာလို့ဆိုတာ သေချာပြီပေါ့။

၎။တစ်ခုခုစားထားတာမကြာသေးပေမယ့် ခဏခဏကို ဗိုက်ဆာတတ်တယ်။

သင်စားထားတာက သကြားလုံးလိုမျိုး ဖိုင်ဘာတွေ၊ ပရိုတင်းတွေ နည်းတဲ့ အစားအစာမျိုး၊ မှားယွင်းတဲ့ အစားအစာကို စားထားမိတာလား သေချာပြန်စဉ်းစားပါ။ အဆီမှာတောင် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အဆီက ဗိုက်ပြည့်စေပါတယ်။ ဒီလို ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေ စားရဲ့သားနဲ့ ဗိုက်ဆာတာဆိုရင်တော့ သင်ဝိတ်ချသင့်နေပါပြီ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top