iMyanmarHouse.com - Best Property Website for Myanmar
×

 နိုင်ငံတကာရုပ်ရှင်အမွေ အနှစ်ပွဲတော်ကိုအောက်တိုဘာ ၂၈ရက်မှ နိုဝင်ဘာ ၂ရက်အထိ ခြောက်ရက်ကြာ နေပြည်တော်  ရုပ်ရှင်ရုံ၌ ကျင်းပသွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။

ထိုရုပ်ရှင်ပွဲတော်တွင် ခေတ် ဟောင်းရုပ်ရှင် ကိုးကားပြသသွား မည်ဖြစ်ပြီး ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအ ဖြစ် ချာလီချက်ပလင်ဇာတ်ကား ပြသပေးသွားမည်ဖြစ်သည်။ ရုပ် ရှင်ဇာတ်ကားများတွင် အမေရိ ကန်ခေတ်ဟောင်းရုပ်ရှင်သုံး ကား၊ ပြင်သစ်ခေတ်ဟောင်းရုပ် ရှင်နှစ်ကား၊ အင်္ဂလန်၊ မွန်ဂိုးလီး ယားနှင့် ဂျပန်ခေတ်ဟောင်းရုပ် ရှင်တစ်ကားစီပြသသွားမည်ဖြစ် သည်။

အောက်တိုဘာ ၂၈ရက်မှ ၃၁ရက်အထိ တစ်ရက်လျှင် တစ် ပွဲနှုန်းဖြင့် ညနေ ၆နာရီခွဲတွင် ပြ သပေးသွားမည်ဖြစ်ပြီးနိုဝင်ဘာ ၁ ရက်နှင့် ၂ရက်များတွင် ညနေ ၃ နာရီခွဲပွဲစဉ်ကိုပါ ထပ်တိုး၍တစ် ရက်လျှင် နှစ်ပွဲပြသပေးသွားမည် ဖြစ်သည်။

ရုပ်ရှင်ကြည့်ရှုလိုသူများအ နေဖြင့် ရုပ်ရှင်လက်မှတ်များကို အခမဲ့ထုတ်ယူနိုင်ပြီး ရုပ်ရှင်မပြမီ နာရီဝက်ခန့်စော၍ လာရောက်ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာရုပ်ရှင်အမွေအ နှစ်ပွဲတော်ကို NGO MEMORY ရုပ်ရှင်အဖွဲ့အစည်းနှင့် တက်ကနီ ကာလာဖောင်ဒေးရှင်းတို့မှ စီစဉ် တင်ဆက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဘက်မှ ပြင်သစ်သံရုံး၊ ဂျပန်သံရုံး၊ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံအုပ်စု၊ ဗြိတိသျှကောင်စီနှင့် Yangon Film Schoolတို့က ပါဝင်ကူညီ ထားကြောင်းသတင်းရရှိသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top