iMyanmarHouse.com - Best Property Website for Myanmar
×














ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ဂျူလီယာ ရောဘတ်က ခွဲစိတ်ပြုပြင်ခြင်း မရှိဘဲ သဘာဝအတိုင်း အသက် ကြီးရင့်ရသည်ကို ပို၍သဘောကျ သည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် အသက် (၄၀) ၀န်းကျင်၌ မျက်နှာနုပျိုအောင် ခွဲစိတ်ကုသမှုမခံယူခြင်းဖြင့် ၎င်း ၏ အသက်မွေးမှုလုပ်ငန်း၌ အ လွန်အမင်း စွန့်စားရာရောက် သည်ဟုလည်း ဂျူလီယာရော ဘတ်က ပြောကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ဟောလိဝုဒ်သရုပ်ဆောင်မင်းသ မီး ရီနေးဇယ်ဝက်ဂါ၏ ရုပ်ရည် အသွင်အပြင်မှာ အံ့သြလောက် ဖွယ် ပြောင်းလဲသွားကြောင်း မီဒီ ယာများက ဖော်ပြခဲ့ပြီးနောက် တွင် ဂျူလီယာရောဘတ်၏ မှတ် ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

အသက် (၄၆) နှစ်အရွယ် အော်စကာဆုရမင်းသမီး ဂျူလီ ယာရောဘတ်သည် ကမ္ဘာကျော် အလှကုန်ပစ္စည်း Lancome ၏ ကြော်ငြာမော်ဒယ်အဖြစ် ဆောင် ရွက်စဉ် အင်တာဗျူးတစ်ခု၌ ပြော ကြားခဲ့ခြင်းဖြစ်သည်။

‘‘ဟောလိဝုဒ်အဆင့်အတန်း အရ မျက်နှာနုပျိုအောင် ခွဲစိတ် ကုသမှုမလုပ်လို့ ကျွန်မအရမ်း စွန့်စားရာ ရောက်တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မ သ ဘာဝမော်ဒယ်တစ်ဦးပဲ ဖြစ်ချင် တယ်လို့ Lancome ကုမ္ပဏီကို ပြောခဲ့တယ်’’ ဟု ဂျူလီယာရော ဘတ်က You မဂ္ဂဇင်းနှင့် အင်တာ ဗျူးတွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၈ ရက် တွင် အသက် (၄၇) နှစ် ပြည့်မည့် ဟောလိဝုဒ် နာမည်ကျော် ဂျူလီ ယာရောဘတ်အတွက် မိသားစု သည် ၎င်းဘ၀၏ နံပါတ်တစ်ဦး စားပေးဖြစ်သည်ဟုလည်း သိရ သည်။   

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top