iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ်ယောက်ကို မြတ်မြတ်နိုးနိုး မေတ္တာရှိနေမယ်ဆိုရင် ဒီအချက်လေးတွေနဲ့ စမ်းသပ်ကြည့်ပါ။

(၁) ပွင့်လင်းရမယ်။

သင်က ချမ်းသာ၊ဆင်းရဲ၊ ချောသူ၊ ရုပ်ဆိုးသူ ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းသာ ပြသလိုက်ပါ။ အတုအယောင်ဆိုတာ ဒူရင်းသီးလို အနံပြင်းတာမို့ အဲယာကွန်းခန်းထဲ့ရောက်လာသလို (ရင်းနှီးလာလေ) ဖုံးဖိရတာ ပိုခက်လေ ဖြစ်လွန်းလို့ပါ။ ဒဿ ** လိုဘီးလူးခေါင်းကြီးလည်း ချသာပြ မေတ္တာစစ်လိုချင်သူ အတွက်ပါ။

(၂) မြန်မြန်ဆန်ဆန် ခွင့်လွှတ်ပါ။

ချစ်သူရှိနေသူကိုမှ မှားယွင်းပြီး ရူးမိပြီဆိုရင် မြန်မြန်သာ ခွင့်လွှတ်လိုက်ပါ။ ခွင့်မလွှတ်နိုင်ရင် စိတ်ဆင်းရဲရလိမ့်မယ်။ အချစ်ဦးမဖြစ်ချင်ပဲ အချစ်ဆုံးဖြစ်အောင်သာ ကြိုးစားပါ။ ဒီခေတ်မှာ အချစ်ဦးတွေက လမ်းဘေးမှာ ထိုအိပ်ကုန်ပြီ။ ချစ်သူရှိတာ လက်ထက်ထားတာမှ မဟုတ်တာ၊ ဒဿ ** တောင် ခွင့်လွှတ်ပြီးအိမ်ထောင်ရှိတဲ့ မယ်သီတာကို လုသေးတာပဲ။ အပြင်မှာတော့ သွားလုရင် ရှင်းရမှာပါ။

(၃) တစ်ဖြည်းဖြည်းချင်း ဆွဲခေါ်ကြည့်ပါ။

လူတစ်ယောက်ကို တစ်ကယ်တန်ဖိုးထားရင် ဇွတ်တရွတ် မလုပ်မိပါစေနဲ့။ လူတွေက ကျောက်တုံးတွေထက်တောင် တွန်းရတာလွယ်ပါတယ်။ လောကမှာ အထီးကျန်ဆန်တဲ့ ရောဂါကို ပိုင်ဆိုင်တဲ့လူသားအများစုဟာ ယောင်္ကျားများဖြစ်ပြီး အချို မတရားစွဲလမ်းသူများမှာ မိန်းမများသာဖြစ်ပါတယ်။ သင့်ရဲ့သူဟာ ကောင်လေးဆိုရင် အရမ်းဂရုစိုက်ပေးပြီး ကောင်မလေးဆိုရင် သင်ပြောတဲ့စကားလုံးတိုင်းကို ဖြစ်နိုင်ရင် သကြား(သို့) ပျားရည်သာ ဆမ်းပြီးပြောပေးလိုက်ပါ။ ထိုသူများက ထိုအရာများကို တွန်းလှန်နိုင်စွမ်းမရှိပါ။ မျက်စိနောက်အောင်တော့ မလုပ်မိဖို့ သတိထားပါ။

(၄) ရက်ရက်ရောရော ပေးကမ်းပါ။

သူလိုချင်တဲ့ လက်ဆောင်တွေ ဝယ်ပေးတာ၊ စားချင်တာ ဝယ်ကျွေးတာ၊ သွားချင်တာ လိုက်ပို့ပေးတာ စသည့် သူနဲ့ပါတ်သတ်တာတွေ အသေးအမွှားကအစ ဂရုစိုက်ပေးပါ။ ဒါတွေပေးမှ ရမှာလား မပေးနိုင်ဘူးဆိုတဲ့ ကပ်စေ့နဲ ဆိုရင်တော့ ဒီတစ်သက် ချစ်တဲ့သူ မပြောနဲ့ ရည်းစာတောင်ရမှာ မဟုတ်ပါ။ ဘ၀ဆိုတာကို ရင်ဆိုင်စေချင်ပါတယ်။ အတွက်အချက်ကောင်းပြီး အပျိုကြီး လူပျိုကြီးတော့ မလုပ်စေချင်ပါ။ လူလွတ်ကြီးတွေ လုပ်မယ်ဆိုရင်လည်း တရားရှာ၊ မိဘမဲ့ကလေး (သို့) ဘိုးဘွားရိပ်သာတွေမှာ အကျိုးပြုစေချင်ပါတယ်။

(၅) သစ္စာရှိရှိ နေထိုင်ပါ။

စိတ်ရင်းနဲ့ ခံစားမိနေပြီဆိုရင် ဒီတစ်ယောက်ကိုပဲ စိတ်ထဲထားဖို့လိုအပ်ပါတယ်။ “အမေကျော် ဒွေးတော်လွမ်း”ပြီး လိုချင်တာမရသေးခင် အရံဆွဲတာမျိုးကို ဝေးဝေးကသာ ရှောင်ပါ။ လူတစ်ယောက်ကို မေတ္တာရှိနေတာ ဖော်ပြဖို့ သစ္စာရှိရှိ နေထိုင်ဖို့ အရမ်းကို လိုအပ်ပါတယ်။

ဒီအချက်တွေအားလုံးက ရာမဇာတ်ထဲက အချစ်ကြီးသူ အချစ်ရှုံးသမား ဒဿ ** မှာ ရှိပါတယ်။ သူ့ရုပ်မှန်၊ သူ့ဘဝအနေအထား၊ သူမေတ္တာ အားလုံးကို ရိုးသားစွာ ပြသခဲ့ပါတယ်။ ဒီခေတ်မှာ ကိုရီးယားမင်းသား၊ မင်းသမီးတွေက လည်း လှပြီးရင်လှနေတော့ ရန်ကုန်က ကောင်လေးတွေ၊ ကောင်မလေးတွေကို ချစ်မိရင်တော့ မျက်ရည်သုတ်ဖို့ ပဝါလေးတော့ ဆောင်ထားရမှာပေါ့။ မိတ်ဆွေက ရုပ်ရည်လေး အနေတော်ဆိုရင် ချောလှနေဖို့ထက် သန့်သန့်လေး ဖြစ်နေရင် ပြည့်စုံပါပြီ။ စာရေးသူအထင်နဲ့ ပြောရရင် ဒဿ **က ရုပ်ဆိုးပြီး အကြမ်းနည်း သုံးမိလို့များ မယ်သီတာ လန့်သွားတာများလား (သို့) အချစ်စစ်ပေမယ့် ဖူးစာမပါလို့ များလား။ ဖူစားမပါလို့လွဲခဲ့ရင် မမိုမို သီချင်းလေးနဲ့ “တစ်ရက်တော့ငို”ပါ ။ ကိုစိုင်းစိုင်းပြောသလို အချစ်က ချစ်နေတာပါ။ စွန့်လွှတ်ချစ်မျိုးလည်း ချစ်တတ်ရင် ဝမ်းသာစရာပါပဲ။

Credit  - Lily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top