iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ်ဆောင် လောကတွင် ဇာတ်ပို့၊ ဇာတ်ရံ အဖြစ်မှ ခေါင်းဆောင် မင်းသမီးတစ်လက် ဖြစ်လာသည့် သွန်းဆက်က ခေါင်းဆောင် နေရာ ရောက်ရှိရန် တစ်ဆင့်ပြီး တစ်ဆင့် တက်လာခဲ့ရပြီး တာဝန်လည်းပိုများ လာကြောင်း ပြောသည်။

 သွန်းဆက်က အရင်တုန်းက ဇာတ်ပို့ ဇာတ်ရံ ဖြစ်လို့ မကြိုးစားခဲ့တာ မရှိပါဘူး။ အမြဲတမ်းလည်း ကြိုးစားနေတာပါ။ ကာရိုက်တာ တစ်ခုဆိုရင် အဲဒီကာရိုက်တာကို အကောင်းဆုံးနဲ့ အပီပြင်ဆုံး ဖြစ်အောင် လုပ်ပါတယ်။

အခု ခေါင်းဆောင် ဖြစ်လာတော့ ခေါင်းဆောင် ဆိုတာ ကိုယ်က တစ်ကားလုံး ပါရတာဆိုတော့  အ၀တ်အစားက အစ အကုန်လုံး သေသေချာချာ ပြင်ရတယ်။ အပြင်က ပုံစံနဲ့ ဖြစ်ပျက်နေ တာတွေကို တူအောင် တောက်လျှောက် ပြင်ဆင်ထား ရတယ်။

 အိုက်တင်ပိုင်းတွေ ကိုလည်း မထပ်အောင်၊ ပိုကောင်းလာအောင်၊ ကာရိုက်တာနဲ့ တူအောင် လုပ်သွားပါတယ်။ တကယ်လို့ ကာရိုက်တာ အရ Sexy ဆိုတာ မလွှဲမရှောင်သာ ရိုက်ရမယ် ဆိုရင် အရမ်းကြီးတော့ အဖော်အချွတ် မရိုက်ပါဘူး။ Sexy ဆိုတောင်မှ နည်းနည်းကြည့် ကောင်းမယ့် ပုံစံ Classic ဖြစ်မယ့် ပုံစံလေးတွေကို ရွေးပြီး ရိုက်မှာပါ။

 ရှေ့ဆက်ပြီး အများကြီး ကြိုးစားဖို့ လိုသေးတာပေါ့နော်။ ရှေ့က အစ်ကို၊ အစ်မတွေ ရဲ့ အိုက်တင်တွေက အရမ်းကောင်းနေတယ်။ အခုအချိန်မှာ ကိုယ်က သူတို့ရဲ့ခြေဖျားတောင် မမီပါဘူး။ သူတို့ရဲ့ အိုက်တင် ကိုလည်း လေ့လာရဦးမှာ။ ဇာတ်ပို့ ဇာတ်ရံနေရာ ကနေ တဖြည်းဖြည်းနဲ့ တစ်ဆင့်ချင်းနဲ့ တက်လာခဲ့ပြီးမှ ဒီလိုမျိုး ရောက်လာတာပါ။

ဒါပေမဲ့ ရှေ့ဆက်ကြိုးစားရပါ ဦးမယ် ဟု သွန်းဆက်က ပြောသည်။ သွန်းဆက်သည် အောင်သီရိ၊ အောင်တိုင်းကျော်၊ သင်္ကေတ ဗီဒီယို ရုပ်ရှင် ထုတ်လုပ်ရေးများ နှင့် ဇာတ်ကားများ ရိုက်ကူး နေကြောင်း ပြောသည်။

Credit: Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top