iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဆုံး သရုပ်ဆောင်ရာတွင် အက်ရှင်ကားဖြင့် စတင်ခဲ့သည့် ထားထက်ထက်က ယခုတစ်ကြိမ်တွင်လည်း အက်ရှင် ဇာတ်ကားဖြင့် ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ခွင့်ရသည့် အတွက် အကျိုးပေးပြီး ကံကောင်းကြောင်း ပြောသည်။ ပထမဆုံး ဗီဒီယို စရိုက်တုန်း ကလည်း အက်ရှင်ပေါ့။ အခုရုပ်ရှင်ကား ကလည်း အက်ရှင် ဆိုတော့ ထားထက်ထက် အတွက် အကျိုးပေးတယ် ပေါ့နော်။ ထားထက်ထက် ကလည်း အက်ရှင်ကို ၀ါသနာ ပါတယ်။ အခုရိုက်မယ့် ကားကလည်း  ရုပ်ရှင်ကားကြီးလည်း ဖြစ်တယ်။ တခြား ဇာတ်တွေနဲ့လည်း မတူဘူး။ နည်းနည်း ထူးခြားတယ်။ ထားထက်ထက်ရဲ့ ကာရိုက်တ  ကလည်း ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့ ခရစ်ယာန်မလေး တစ်ယောက်ပေါ့နော်။ ဒီကားကိုလည်း ထားထက်ထက်က အများကြီး မျှော်လင့်ထားပါတယ်။ ကာရိုက်တာ အတွက်လည်း အသေးစိတ် ပြင်ဆင်ရပါတယ်။ အ၀တ်အစားရော၊ ဆံပင်ရောပေါ့။ တခြား ကာရိုက်တာနဲ့ မတူအောင် ထူးထူးခြားခြား ဖြစ်အောင် လုပ်ရပါတယ်။ ထားထက်ထက်ရဲ့ ဆံပင် အရှည်ကြီး ကိုလည်း ညှပ်လိုက် ရတယ်။ ကာရိုက်တာနဲ့ လိုက်ဖက် အောင်ပေါ့။ အက်ရှင်ပိုင်းနဲ့ ပတ်သက်ရင်လည်း လေ့ကျင့်ယူ ရတယ်။

ခရစ်ယာန်မလေးဆိုတော့ တနင်္ဂနွေနေ့ ဆိုရင် ဘုရားကျောင်း သွားပြီး ခရစ်ယာန် ဘာသာဝင်တွေက ဘယ်လိုမျိုး  ပြုမူနေထိုင်လဲ ဆိုတာလည်း လေ့လာရပါတယ်။ အမှားအယွင်း မရှိအောင် အသေးစိတ် လေ့လာရတယ်။ထားထက်ထက် ကလည်း အက်ရှင်ကို ၀ါသနာပါတော့ ပိုပြီးတော့ အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်ထားတယ်။ ထားထက်လည်း ကံကောင်းတယ်လို့ ပြောလို့ရ တယ်။ ထားထက်ထက်ဆီ ရောက်လာတဲ့ ဇာတ်ကားက လုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်လည်း ရှိပါတယ်။ ထားထက်ထက် အတွက်လည်း အရမ်း ကံကောင်းပါတယ်။ ဒီမှာကလည်း ပရော်ဖက်ရှင်နယ် ကျကျ ရိုက်ကြတာလည်း မရှိဘူး။ ထားထက်ထက်က ကားရိုက်ရင် အလှအပ ဦးစားပေးတာမျိုး မဟုတ်ဘဲနဲ့၊ သဘာဝကျတဲ့ မိန်းကလေး တစ်ယောက် ပုံစံမျိုး သဘာဝကျကျ ဖြစ်မယ့် သရုပ်ဆောင် တစ်ယောက် ဖြစ်ချင်ပါတယ် ဟု ထားထက်ထက်က ပြောသည်။ ထားထက်ထက်သည် ထိုအက်ရှင် ဇာတ်ကားကြီးတွင် အကယ်ဒမီ လူမင်း၊ ယုန်လေးတို့နှင့် အတူ သရုပ်ဆောင်ရမည်  ဖြစ်ကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top