iMyanmarHouse.com - Best Property Website for Myanmar
×











ကိုယ့်ချစ်သူစုံတွဲဘဝ ဆက်လက်ရှိနေဖို့ မသင့်တော့ဘူးလို့ ခံစားပါသလားဟုတ်ပါတယ်။ ကိုယ့်ချစ်သူနဲ့ နောက်ဆုံးခြေလှမ်းကို ဒီမှာတင် ရပ်တန့်ရတော့မယ်ဆိုတာ ပြင်းထန်တဲ့ စိ
န်ခေါ်မှုပဲဖြစ်တယ်။ ဒါပေမယ့် သူ့အချိန်ရောက်လာပြီဆိုရင်တော့ အားလုံးကို စိတ်ပိုင်းဖြတ်ပြီး အဆုံးသတ်ရဲဖို့တော့ လိုပါတယ်။ အကြောင်းက သင့်ချစ်သူစုံကို ဆက်တွဲဖို့ မဆင်မပြေတော့
ဘူး၊ စိတ်ကုန်သွားပြီဆိုတာ သိသိချင်း ဖွင့်မပြောဖူးဆိုရင် သူရဲဘောကြာင်ရာကျနေသလို
အားနာနာနဲ့ ဆက်တွဲနေမယ်ဆိုရင်လည်း သင့်လက်တွဲဖော်အပေါ် မတရားတာလည်းကျပါ
တယ်။ သိပ်မမိုက်ပါဘူး။ တခါတလေ လက်တွေ့လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ အခက်အခဲရှိကောင်းရှိနိုင်ပေမယ့်မပျော်ရွှင်တော့ဘူးဆိုတာသင့်ဘက်က သေချာနေပြီဆိုရင်ေ
တာ့ ရေရှည်အတွက် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာ မှန်ပါတယ်။

(၁) သင်သာ အရင်ဦးဆုံး ဖွင့်ပြောသူဖြစ်ပါစေ
ချစ်သူဘဝပြီးဆုံးကြောင်း သင့်ချစ်သူကောင်မလေးကို ပြောမပြခင် ဒိကိစ္စကို မိတ်ဆွေသူငယ်
ချင်းတွေကို ဘယ်တော့မှအရင်မပြောမိပါစေနဲ့။ ဒါဟာ ကိုယ့်ချစ်သူအပေါ် မလေးမစားလုပ်ရာ
 ကျပါတယ်။  ချစ်သူစုံတွဲနှစ်ဦးကြားဆက်ဆံရေး ပဋိပက္ခတစ်ချို့ကို သင့်အပေါင်းသင်းဘော်ဒါေ
တွနဲ့ ဆွေးနွေးနိုင်တယ်။ဒါပေမဲ့သူမနဲ့လမ်းခွဲမယ့် နောက်ဆုံးဆုံးဖြတ်ချက်ကတော့ နှစ်ဦးကြား
မှာသာ ဖြစ်သင့်တယ်။ လမ်းခွဲဖို့တွက် အခွင့်ကောင်း၊ အချိန်ကောင်းကို စောင့်ဆိုင်းမနေပါနဲ့။ သမီးရည်းစားဆက်ဆံရေး အဆုံးသတ်ဖို့ အချိန်ကောင်းမရှိဘူးဆိုတာ မှတ်သားထားပါ။ အေ
ကာင်းဆုံးက ကိုယ့်ဘက်က သေချာနေပြီဆိုရင် လမ်းခွဲဖို့ နေ့ရက်ကို အလျင်စလို အမြန်ဆုံးသာ သတ်မှတ်လိုက်ပါ။ မဖြစ်မနေ အဆင်ပြေအောင် ဆောင်ရွက်ပါ။

(၂) လမ်းခွဲမယ့်ကြောင်းအရင်းမှန်ကို ဖွင့်မပြောပါနဲ့
လမ်းခွဲဖို့ ဆုံးဖြတ်ထားတဲ့ နောက်ကြောင်းအစုံအလင်ဟာ ဘာတွေဖြစ်ကြောင်း အတိအကျြေ
ပာချလိုက်ရင် အကောင်းထက် အဆိုး၊ အပျက်သဘောရလဒ်ဖြစ်စေပါလိမ့်မယ်။ ဒီလမ်းခွဲ စကား စပြောလာတာ သင်ဖြစ်တယ်ဆိုပေမဲ့ သူမကို ပြောပြခြင်းအားဖြင့် သင့်ကိုယ်သင် ယောက်ျားေ
ကာင်း တစ်ယောက်အဖြစ် သက်သေပြပါ။ သို့မဟုတ်ပါက သင်လည်းပဲ စိတ်နာကျင်မှု ခံစားရမှာဖြစ်တယ်။ နှစ်ဦးနှစ်ဖက် နာကျင်မှုတွေရှိပေမယ့် မိတ်ဆွေတွေအဖြစ်တော့ ဆက်သွားနို
င်တယ်။ သူမကို ဖေးမကူညီနိုင်တယ်ဆိုတာ အသိပေးပါ။ ဒါပေမယ့် သံယောဇဉ်တွေ ကြာရှည် ထိန်းသိမ်းထားတာမျိုးတော့ ရှောင်ကြဉ်ပါ။

(၃) သူမပျော်ရွှင်မှုအတွက် စကားပြောပေးပါ
ချစ်သူစုံတွဲဘဝ အနိမ့်ဆုံးအခြေအနေခံစားနေတာ သင့်တစ်ဦးတည်းသာ ဖြစ်ချင်မှဖြစ်မှာပါ။
သူမ ရင်ဆိုင်နေတဲ့ အခက်အခဲတွေကို အားတင်းရင်ဆိုင်သွားဖို့ ကိုယ့်ဘက်က တွန်းအားပေး
လိုက်ပါ။ အားဖြစ်အောင် စကားပြောပေးပါ။ သင့်တို့ နှစ်ဦးဆက်လက်ပြီး လက်တွဲသွားဖို့နဲ့
 ပေါင်းဖက်သွားဖို့ အခြေအနေကမပေးတော့တဲ့အကြောင်းသူမအားနားလည်သဘောပေါက်ေ
အာင်ပြောပါ။ သင့်တို့ချစ်သူစုံတွဲဘဝမှာ အခက်ခဲ အကျပ်အတည်းတွေ ခံစာခဲ့ရတဲ့အကြောင်း
 ပြောပြပါ။ အဆင်မပြေမှုများစွာတွေကြောင့် သူမအနေနဲ့လည်း ပြောစရာစကားအချို့ ရှိကောင်းရှိနေနိုင်တယ်။ သူမကို ရင်ဖွင့်ခိုင်းခြင်းအားဖြင့် သူမအတွက် အကြောင်းအစုံကို နား
လည် သဘောပေါက်လာစေမှာဖြစ်ပါတယ်။

(၄) ဆုံးဖြတ်ချက် ခိုင်မာပါ
လမ်းခွဲစကားဖွင့်ဆိုဖို့ ဆုံးဖြတ်ချက်ချလိုက်ဟာ အကြောင်းအရင်းကြီးကြီးမားမား တစ်ခုခုကြောင့်ပါ။ သင့်ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာ သူမနားလည်မှာ မဟုတ်ဘူး။ ချက်ချင်းဆိုသလို ပြောင်းလဲ
သွားတဲ့ သမီးရည်းစား ဆက်ဆံရေး ထက်ဆိုးတာ ဘာမှမရှိပါဘူး။ သင်သာလျှင် ဆက်သွားဖို့ သို
့မဟုတ် လမ်းခွဲဖို့အတွက် ပဲ့ကိုင်ရှင်ပါ။

(၅) သင့်စိတ်ကိုခိုင်မာအောင်ထားပါ
သမီးရည်းစား ဆက်ဆံရေးတစ်ခုကို အဆုံးသတ်လိုက်ခြင်းက စိတ်တင်းမာမှုတွေဖြစ်နိုင်တဲ့အတွက် ရင်ဆိုင်ကျော်လွှားဖို့ ပြင်ဆင်ထားပါ။ သူမဘက်မှ စတင်ငိုကြွေးမယ်ဆိုရင် သနားညာတာမှု ထားရှိပါ။ ဒါပေမယ့် အဲဒီဝမ်းနည်းခြင်း မျက်ရည်တွေကြောင့် စိတ်ကို ပြန်လည်ယိမ်းယိုင်မသွားပါစေနဲ့။ စိတ်ခိုင်အောင်ထားပါ။ ဂရုဏာတရားကြောင့် သင့်စိတ်ကို မပြောင်းလဲပစ်လိုက်ပါနဲ့။

Credit :  Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top