iMyanmarHouse.com - Best Property Website for Myanmar
×

အနုပညာ ပျိုးခင်း၏ စင်တင် မင်းသမီး တစ်လက် ဖြစ်သည့် ရွှေမှုန်ရတီက စင်တင် မင်းသမီး အဖြစ် ရွေးချယ်ခံရ ပြီးနောက် ပထမဆုံး ရိုက်ကူးခဲ့သည့် ရုပ်ရှင် ဇာတ်ကားကြီး ရုံတင်တော့မည် ဖြစ်သည့် အတွက် ရင်ခုန်မိကြောင်း ပြောသည်။

ရွှေမှုန်က မင်းသမီးအဖြစ် ရွေးချယ်ပြီးတော့ ပထမဆုံး ရုပ်ရှင်ဇာတ်ကား ကြီး ရိုက်ခဲ့ရတာ ပေါ့နော်။ ပျိုးခင်းက ရွေးချယ်ခဲ့တဲ့ မင်းသမီး သုံးလက် စလုံးနဲ့ အတူတူ သရုပ်ဆောင်ရတယ်။  အရမ်းကို ပျော်ပါတယ်။ ဒီရုပ်ရှင် ကားကြီး ကလည်း ဟာသလေး ဆိုတော့ မတူညီတဲ့ ရသလေးတွေ  ခံစားရမှာ သေချာပါတယ်။ ကိုနေတိုး ကလည်း ငါးကိုယ်ခွဲတောင် သရုပ်ဆောင် ထားတယ်။ ပြီးတော့ မတူညီတဲ့ ဟာသ မျိုးလေးတွေ ခံစားရမယ်လို့ ယုံကြည်ပါတယ်။

 ပရိသတ်ကြီး ကလည်း ရွှေမှုန် ကြိုက်သလို ကြိုက်မှာပါ။ ရွှေမှုန်ရဲ့ ပထမဆုံး ရိုက်ပြီး ပထမဆုံး ရုံတင်တော့မယ် ဆိုတော့ ပျော်ပါတယ်။ ရင်လည်း ခုန်ပါတယ်။ အကောင်းဆုံး ဖြစ်အောင် လို့တော့ ကြိုးစားခဲ့ ပါတယ်။ ရွှေမှုန် တတ်နိုင် သလောက် လုပ်ထားပါတယ်။ အခုလို ပြန်ကြည့် လိုက်တဲ့ အခါမှာလည်း ရွှေမှုန်က လွဲရင် ကျန်တဲ့ သူတွေ Perfect  ဖြစ်တယ်လို့ ထင်တယ်။ ဘာလို့လဲ ဆိုတော့ ရွှေမှုန်က အသစ် တစ်ယောက် ဖြစ်တဲ့ အတွက် လိုအပ်ချက်တွေရှိ နေသေးတယ်။ ကိုယ့်ကိုလည်း အဲဒီလိုပဲ မြင်နေမိ ပါတယ်။

အခုချိန် ထိလည်း အဆင်မပြေ လောက်သေးဘူး။ လိုအပ်ချက်တွေ ကရှိ နေတုန်းပါပဲ။ ရွှေမှုန်ဆက်ပြီး ကြိုးစားရပါဦးမယ်။ ကားရိုက်တွေ ကတော့ ဆက်တိုက်ရိုက်နေရ ပါတယ်။ ရုပ်ရှင်ကားကြီး တွေလည်း ရိုက်ဖို့ လက်ခံထား ပါတယ် ဟု ရွှေမှုန်ရတီက ပြောသည်။ ရွှေမှုန်ရတီသည် “အောင်မြင်၊ ကျော်ကြား၊ စူးရှ၊ ထက်မြက် ဆိုသည့် ရုပ်ရှင် ဇာတ်ကားကြီးတွင် မင်းသမီးလေး ဧကရီ ကာရိုက်တာဖြင့် သရုပ်ဆောင် ထားကြောင်း ပြောသည်။

Credit: Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top