iMyanmarHouse.com - Best Property Website for Myanmar
×









ဆန့်ကျင်ဘက် ယောက်ျားလေးတွေဆီမှာ မိန်းကလေးတွေ မကြိုက်နှစ်သက်တဲ့ အပြုမူတွေ အများကြီးရှိပါတယ်။ ဥပမာဆိုရင် နှစ်ပတ်လည် အမှတ်တရနေ့ရက်တွေကို မမှတ်မိတာ၊ ကြည်နူးဖွယ် ဆုံတွေ့မှုတွေကို အလေးမထားတာ စတာမျိုးတွေပေါ့။ မိန်းကလေးတွေမှာလည်း ယောက်ျားလေးတွေ မကြိုက်နှစ်သက်တဲ့ အပြုမူလေးတွေရှိပါတယ်။ မိန်းကလေးတွေကလည်း ပြီးပြည့်စုံတာမှမဟုတ်တာ။ အဲဒီအထဲကမှ မိန်းကလေးတော်တော်များများ ပြုလုပ်မိတတ်တဲ့ စိတ်ပျက်စရာ အချက်ကလေးတွေ ဆင်ခြင်မိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ ထပ်တလဲလဲ ဆူပူညည်းတွားနေမိခြင်း
ယောက်ျားလေးတွေ မနှစ်သက်တဲ့ ထိပ်ဆုံးက အချက်ကတော့ ဆူပူညည်းတွားမှုပါပဲ။ အမှိုက်တွေ သွန်ပေးဦး။ ညစ်ပတ်နေတာတွေ ရှင်းလိုက်ဦး။ ပစ္စည်းတွေ ပြန်စီပေးဦး။ အဲလိုမျိုး တစ်ခုပြီး တစ်ခု မပြီးနိုင်မစီးနိုင် ဗျစ်တောက်ဗျစ်တောက် မြည်တွန်နေတာတွေကို ခဏလောက်ရပ်ပြီး ယေက်ျားလေးတွေကို အနားပေးလိုက်ပါဦး။ လုပ်စရာရှိတာတွေ သူတို့လုပ်ပါလိမ့်မယ်။ (၅) မိနစ်တစ်ခါတိုင်းသာ အဲဒီလို မြည်တွန်နေမယ်ဆိုရင် ကောင်လေးတွေ ရူးသွားလိမ့်မယ်နော်။

၂။ စိတ်ကောက်ပြီးစကားမပြောဘဲနေခြင်း
သင်ဘာတွေ အလိုမကျဖြစ်နေလည်း ဆိုတာ ယောက်ျားလေးတွေကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ ဆိတ်ဆိတ်နေခြင်းက သူတို့ကို မတည်မငြိမ်ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အမှားကို သူတို့မသိရတော့ အဖြေရှာလို့မရဘူးပေါ့။ သင်ဘာတွေ မကျေမနပ်ဖြစ်နေလည်းနဲ့ပက်သက်ပြီး သင့်ဘက်က ပွင့်ပွင့်လင်းလင်း မပြောဖူးဆိုရင် ရလဒ်က ပိုပြီးဆိုးရွားလာနိုင်ပါတယ်။ သူတို့အဖြေရှာနေတာ အချိန်ပိုကြာလာလေ သင့်ဘက်က သူ့အပေါ်ပိုပြီး စိတ်ဆိုးမိလာလေပါပဲ။

၃။ စကားအများကြီး ပြောမိခြင်း
မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စကားပိုများများပြောမိတယ်ဆိုတာ မှန်ကန်တဲ့ အချက်ပါပဲ။ ယောက်ျားလေးတွေက နေ့စဉ် စကားလုံးပေါင်း (၈၀၀၀)လောက် ပြောနေချိန်မှာ သင်ကတော့ (၁၅၀၀၀) ဝန်းကျင်ပြောနေမိတတ်ပါတယ်။ ယောက်ျားလေးတွေက အပြောထက် လက်တွေ့ကို ပိုနှစ်သက်ကြပါတယ်။ ဒါကြောင့် ယောက်ျားလေးတွေကို စကားလုံးတွေ အများကြီး ပြောနေစရာမလိုအပ်ပါဘူး။ တိုတိုနဲ့ လိုရင်းကို ထိထိရောက်ရောက်ပြောနိုင်ရင် ရပါပြီ။

၎။ ယောက်ျားတစ်ယောက်ကို ပြောင်းလဲအောင် ကြိုးစားမိခြင်း
အချို့မိန်းကလေးတွေက သူ့ချစ်သူကို သူဖြစ်စေချင်သလိုမျိုး ပုံသွင်းတတ်ကြပါတယ်။ အရင်ကထက်ပိုပြီး စမတ်ကျစေလိုတာကြောင့် အနားနားမှာထားပြီး လိုသလို ပြုပြင်ချင်ကြတယ်။ သူတို့ဆန္ဒမရှိတာကို အတင်းမကြိုးစားပါနဲ့။ အဲဒါက အလုပ်ဖြစ်မှာ မဟုတ်သလို သူတို့အတွက်လည်း ပျော်စရာကောင်းမှာ မဟုတ်ပါဘူး။

၅။ သဝန်တို အူတိုခြင်း
ယောက်ျားလေတွေက ဂရုစိုက်တာကို ကြိုက်နှစ်သက်ပေမယ့် လိုတာထက်ပိုတဲ့ သဝန်တိုတာတွေ အပေါ်မှာတော့ မုန်းတီးတတ်ပါတယ်။ သာမန်ထက်ပိုတဲ့ ဝန်တိုမှုတွေက နှစ်ဦးကြားရှိ ဆက်ဆံရေးကို ထိခိုက်လာနိုင်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့ ကောင်လေးကို ယုံကြည်မှု ထားပေးပါ။ သူက တခြားကောင်မလေးတွေနဲ့ စကားပြောမိတာတွေရှိကောင်းရှိနိုင်ပေမယ့် အိပ်ယာထဲထိခေါ်ချင်တဲ့ ဆက်ဆံရေးမျိုးတော့ အလိုရှိမှာမဟုတ်ပါဘူး။

၆။ အဆင်မပြေလျှင် ပွင့်ပွင့်လင်းလင်းပြောပါ။
ဒီအချက်က တိတ်တဆိတ်နေခြင်းနဲ့ ပက်သက်ဆက်စပ်မှုရှိပါတယ်။ မိန်းကလေးတွေ အဆင်မပြေဘဲ အဆင်ပြေချင်ယောင်ဆောင်တာက ယောက်ျားလေးတွေရဲ့စိတ်ထဲမှာ နာနာကျင်ကျင်ခံစားရနိုင်ပါတယ်။ အဆင်မပြေတာတွေရှိရင် ပွင့်ပွင့်လင်းလင်း ပြောပြတာအကောင်းဆုံးပါပဲ။

၇။ ကားပေါ်မှာ တူတူရှိနေတုန်း ဘေးနားကထိုင်ပြီး ပြောဆိုသတိပေးနေတာမျိုးဆင်ခြင်ပါ။
ယောက်ျားလေးတွေက မိန်းကလေးတွေထက် စက်ပိုင်းဆိုင်ရာမှာ ပိုပြီး ကျွမ်းကျင်မှုရှိပါတယ်။ ကားရှေ့ခန်းကနေ အချက်ပြမီးတွေနဲ့ပက်သက်ပြီး ပြောဆိုသတိပေးနေတာမျိုး မလိုအပ်ပါဘူး။ ဘယ်လိုဆိုးရွားတဲ့ အခြေနေမျိုးမဆို သူတို့ဖြေရှင်းနိုင်ပါတယ်။ ဥပမာ ကားဘီးပေါက်တာမျိုး၊ ဆီကုန်တာမျိုးတွေပေါ့။ ဘေးနားကနေ ပွစိပွစိပြောနေမယ်ဆိုရင်တော့ သူတို့ဘာလုပ်လို့လုပ်ရမှန်းသိမှာ မဟုတ်တော့ပါဘူး။

၈။ နှိုင်းယှဉ်ရွေးချယ် ခိုင်းခြင်း
ကိုယ့်ချစ်သူဆီက ဈေးဝယ်တူတူထွက်ဖို့ သဘောတူညီမှုရပြီဆိုရင် ဝယ်ယူမယ့် ပစ္စည်း ပစ္စရတွေအပေါ် သူ့ရဲ့ထင်မြင်ချက်ကို ယူဖို့မကြိုးစားပါနဲ့။ သူတို့အတွက် မိန်းကလေး အသုံးဆောင်တွေအားလုံးက အတူတူပါပဲ။သူတို့ဘာတွေပြောပြော မိန်းကလေးတွေက လုပ်ချင်တာလုပ်မှာပဲ ဆိုတာကို သူတို့နားလည်တယ်လေ။ ဥပမာရွေးခိုင်းတုန်းက အပြာရောင် နဲ့ အနီရောင်ထဲက တစ်ခုခုရွေးခိုင်းပြီး တကယ်ဝယ်လိုက်တာကတော့ အနက်ရောင်ဖြစ်နေတာမျိုးပေါ့။

၉။ အတင်းပြောတတ်ခြင်း
နောက်ဆုံးပေါ်သတင်းတွေ၊ ဘယ်သူကဘယ်သူနဲ့ တူတူအိပ်တယ်ဆိုတာတွေ စတဲ့ အတင်းအဖျင်းတွေ အပေါ်သူတို့စိတ်ဝင်စားမှုမရှိပါဘူး။ သူတို့သတိပြုမိတာက သင်ပြောတဲ့ အတင်းဖျင်းတွေမဟုတ်ဘဲ အတင်းဖျင်းပြောနေတဲ့ သင့်ကိုပါ။
သင့်ရဲ့ထင်မြင်ယူဆချက်တွေကရော ဘယ်လိုရှိမလဲ။ ယောက်ျားလေးတွေကို စိတ်ဒုက္ခပေးတတ်တဲ့ မိန်းကလေးတွေရဲ့ အပြုမူလေးတွေနဲ့ ပက်သက်ပြီးတော့ပေါ့နော်။

Credit : Magazine

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top