iMyanmarHouse.com - Best Property Website for Myanmar
×

Miss Golden Land Myanmar 2014 ပြိုင်ပွဲတွင် ဆုသုံးဆုကို ပိုင်ဆိုင် ခဲ့သည့် Miss ဟန်သီက ရာနှုန်းပြည့် ပြင်ဆင် ကြိုးစားထား သဖြင့် ပြိုင်ပွဲဝင်သည့် အခါ အကောင်းဆုံး ရလဒ်ကိုသာ မျှော်လင့်ထားကြောင်း ပြောသည်။ ဟန်သီ ပိုလန် သွားပြိုင်ဖို့ အများကြီး ပြင်ဆင်ရ ပါတယ်။

မြန်မာ အကရယ်၊ ကိုရီးယား ဘာသာ စကားနဲ့၊ တရုတ်စာ ကိုလည်း လေ့လာ နေတယ်။ လတ်တလောမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အများကြီး လေ့လာ ဖြစ်နေတယ်။ သွားပြိုင်ဖို့ အတွက်တော့ နည်းနည်းလိုသေးတာ ပေါ့နော်။ ဒါပေမဲ့ ဟန်သီဘက်က အကုန်လုံး နီးပါး အဆင်သင့် ဖြစ်နေပါပြီ။

ဟန်သီ ကတော့ ဘယ်ပြိုင်ပွဲဝင်ဝင် အကောင်းဆုံး ဖြစ်အောင် ကြိုးစားတယ်။ အကောင်းဆုံး ဖြစ်အောင် လုပ်တဲ့ အတွက် ကောင်းတဲ့ ရလဒ်ပဲ ရမယ်လို့ မျှော်လင့်ထားတယ်။ အမြဲတမ်းလည်း ဆုတောင်းတယ်။ ဟိုမှာ သွားပြိုင်ရင်လည်း ကိုယ့်ဘက်က (၁၀၀) ရာခိုင်နှုန်း ပေးဆပ်ရင် ဟိုဘက် ကလည်း ဟန်သီကို ကောင်းတဲ့ရလဒ်ပဲ ပြန်လာမယ်လို့ ဟန်သီ ထင်ပါတယ်။

နှစ်နှစ် ပြီးရင်တော့ ဟန်သီ နိုင်ငံခြားမှာ ဘွဲ့တစ်ခု သွားယူဖို့ စဉ်းစားထားပါတယ်။ ဟန်သီက မော်ဒယ်အလုပ် တစ်ခုတည်းနဲ့လည်း ရပ်တည်ချင်တယ်။ သို့သော်လည်း ဒီထက်လည်း အနုပညာကို ဆက်လျှောက်ချင်တဲ့ အတွက် သရုပ်ဆောင် လိုင်းဘက် ကိုလည်း သွားမှာပါ ဟု ဟန်သီက ပြောသည်။

 ဟန်သီသည် ပိုလန်နိုင်ငံတွင် နိုဝင်ဘာ (၁၄) ကနေ  ဒီဇင်ဘာ (၅) ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် Miss Supranational 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့်  ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

Credit: messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top