iMyanmarHouse.com - Best Property Website for Myanmar
×























































Unicode Version

ကိုယ့် စိတ်ထဲမှာ လူတစ်ယောက်ကို ဘယ်လောက်ထိ ချစ်နေလဲ ဘယ်လိုပုံစံနဲ့မျိုးနဲ့ ချစ်နေလဲဆိုတာ ကိုယ်ကိုတိုင် သတိထားမိမှာ မဟုတ်ပါဘူး

အဲဒါကြောင့် အခု ဒီနည်းလမ်းလေးနဲ့ ကိုယ့်ချစ်တဲ့သူအပေါ် ထားတဲ့
ကိုယ့်ရဲ့ အချစ်ကို တွက်ချက်ကြည့်နိုင်ပါတယ် ....

- ပထမဦးဆုံး ဘောပင် နှင့် စာရွက်တစ်ရွက်ကို ယူလိုက်ပါ

- ပြီးလျှင် အောက်ဖော်ပြပါ အချက်များကို တစ်ချက်ချင်းစီ သေချာဖတ်ရွေ့ မိမိနှင့် တိုက်ဆိုင်သည့် အချက်များကို မှတ်သားထားပေးပါ ၊၊

(၁) ကိုယ်ချစ်တဲ့သူနဲ့ ချက်တဲ့အခါ Reply မြန်မြန်ရစေ ချင်တယ် (6%)

(၂) ကိုယ်ချစ်တဲ့သူနဲ့ ပက်သက်တဲ့ ခံစားချက်အချို့ကို သူငယ်ချင်းတွေ အရှေ့မှာ ရင်ဖွင့်ဖူးတယ်(5%)

(၃) သူနဲ့ တွေ့ရတော့မယ့်နေ့တွေဆို မနက်ဖြန်မြန်မြန်ရောက်ချင်တဲ့ စိတ်ကြောင့် အဆောကြီး အိပ်ယာ ဝင်ခဲ့ဖူးတယ် (6%)

(၄) သူ့ကိုသတိရတဲ့အခါတိုင်း အလွမ်းအဆွေး သီချင်းတွေပဲ ရွေးပြီး နားထောင်ဖူးတယ်(4%)

(၅) ဝမ်းနည်းမှု ၊ အားငယ်မှု ၊ စိတ်ဓာတ်ကျမှု တစ်ခုခုကြုံတိုင်း သူ့အနားမှာရှိဖို့ မျှော်လင့်ခဲ့ဖူးတယ်(7%)

(၆) သူနဲ့ အဆက်အသွယ်ပြတ်နေတဲ့ အခါမျိုးမှာ မျက်စိထဲ မြင်သမျှအရာ အားလုံးကို စိတ်တိုနေတတ်တယ် (4%)

(၇) သူ့ဓာတ်ပုံလေးတွေ ကို ထုတ်ကြည့်ပြီး အလွမ်းဖြေခဲ့ဖူးတယ် (7%)

(၈) ကိုယ့်ကို တခြားတယောက်နဲ့ သူကသဝန်တိုတဲ့အခါ စိတ်ထဲမှာ ကျိတ်ပြီး ဝမ်းသာခဲ့ဖူးတယ် (8%)

(၉) သူနေမကောင်းဖြစ်ရင် ကိုယ်နေမကောင်းဖြစ်တာထက် ပိုပြီး စိတ်ပူတယ် (4%)

(၁၀) သူနဲ့ ရန်ဖြစ်ပြီးမှ ''အော် ငါအလျှော့ပေးလိုက်ရင် ကောင်းသားနော်'' ဆိုတဲ့ စိတ်ကလေး တွေးခဲ့ဖူးတယ် (8%)

(၁၁) သူ့ကို အရမ်းလွမ်းလွန်းလို့ သူရှိနိုင်တဲ့ နေရာလေးကို မှန်းဆပြီး ဒီအချိန်ဆို သူဘာလုပ်မနေလဲဆိုတဲ့ အတွေးလေးနဲ့ ရူးလောက်အောင် လွမ်းခဲ့ဖူးတယ် (6%)

(၁၂) သူနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ အကုန်လုံးကို မှတ်မိနေတတ်တယ် (4%)

(၁၃) သူ့အသံလေးကြားလိုက်ရရင် တစ်နေ့လုံး နေသာထိုင်သာ ရှိသွားရော (4%)

(၁၄) ကိုယ့်ဆန္ဒထက် သူ့ဆန္ဒကို ပိုပြီး ဦးစားပေးတတ်တယ်(9%)

(၁၅) သူနဲ့လမ်းခွဲဖို့ အကြောင်းဆို တကယ်ဖြစ်ဖို့ မပြောနဲ့ စိတ်ထဲမှာ တွေးလိုက်ရင်တောင် နေစရာ နေရာမရှိတော့ဘူး (8%)

(၁၆) သူ့ထက်လှတဲ့သူ ၊သူ့ထက် ခန့်တဲ့သူ ၊ မြင်ရင်တောင် သူ့လောက် လှတယ် ၊ ခန့်တယ် လို့မမြင်မိတော့ဘူး (10%)


အခု သင်ရရှိထားတဲ့ ရာခိုင်နှုန်းကို အားလုံးကို ပေါင်းကြည့်လိုက်ပါ

အကယ်လို့ ၉၀ % ကျော်တယ်ဆိုရင်

- သင်ဟာ တစ်ဖက်စွန်းရောက်အောင် ချစ်နေတဲ့သူပါ

အကယ်လို့ ၈၅ % ကျော်တယ်ဆိုရင်

- သင့်ဘဝမှာ သူကလွဲပြီး နောက်တယောက်ကို ထပ်ချစ်ဖို့ဆိုတာ

မဖြစ်နိုင်သလောက်ပါပဲ

အကယ်လို့ ၇၅ % ကျော်တယ်ဆိုရင်

- သင်ဟာ သင့်ချစ်သူကို အရမ်းချစ်နေမိပြီဆိုတာ သေချာပါတယ်

အကယ်လို့ ၆၅ % ကျော်တယ်ဆိုရင်

- သူ့အပေါ်ထားတဲ့ သင့်အချစ်ဟာ လေးနက်လွန်းပါတယ်

အကယ်လို့ ၅၀ % ကျော်တယ်ဆိုရင်

- သင်သူ့အပေါ် ချစ်စ ပြုနေပါပြီ

အကယ်လို့ ၄၀% ကနေ ၅၀ % အတွင်းဆိုရင်တော့

- သင်စိတ်ကစားရုံ သက်သက်ပဲ ရှိပါသေးတယ်

အကယ်လို့ ၄၀% အောက်ဆိုရင်တော့

- သင်သူ့ကို တကယ်မချစ်မိသေးပါဘူး

* ချစ်သူတိုင်း အဆင်ပြေနိုင်ကြပါစေ *

Credit : MC Zin Jay Shin(နှလုံးသားစာပေ)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top