iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ်ဆောင် ခိုင်နှင်းဝေက ဇာတ်ကားများ ရိုက်ကူးရာတွင် ပုဂ်္ဂိုလ်စွဲထားခြင်း မရှိကြောင်း ပြောသည်။ အစ်မကား တစ်ကား လက်ခံ ရိုက်ကူး ပြီဆိုရင် ပုဂ်္ဂိုလ်စွဲ မထားဘူး။ အရင်တုန်းက ကိုယ်က မင်းသမီး နေရာကနေ ရိုက်ခဲ့တယ်။ အခုခေတ်မှာ ပြန်ပြီး ရိုက်လာတော့ မင်းသမီး နေရာ ကနေ ရိုက်ရမှာ မဟုတ်ပါဘူး။ အဓိက ကားတစ်ကားရဲ့ Main ကာရိုက်တာ ဖြစ်ရမယ်။ ပြီးတော့ ဒီဇာတ်လမ်း ဇာတ်ကွက် ထဲမှာ ဘယ်လောက်အထိ လုပ်ရမလဲ၊ ဗီလိန် ဆိုလည်း ရိုက်တာပဲ။ ဇာတ်ကား တစ်ကား ကောင်းဖို့ အတွက်က အဓိကပါ။ အစ်မရဲ့ ကြိုးစား အားထုတ်မှုကို အရင်က ထက်စာရင် ဂရုစိုက်တယ်။ ပိုပြီး လုပ်တယ်။

အခုခေတ် ပရိသတ် တွေကလည်း အရမ်းကို တိုးတက်လာပြီ ဆိုတော့ အနုပညာကိုလည်း ကြည့်ကြတယ်။ သရုပ်ဆောင် တစ်ယောက်က အိုက်တင်ကို ဘယ်လောက်အထိ လုပ်နိုင်တယ် ဆိုတာကို ပရိသတ်က သိနေပြီ၊ ပရိသတ်ကို ညာစားလို့ မရတော့ဘူး။ အရမ်းလည်း ခေတ်ရှေ့ပြေး တယ်။ အဲအတွက်ကြောင့် ကိုယ်ကလည်း အနုပညာကို ချစ်တဲ့ စိတ်နဲ့ပဲ ရိုက်ပါတယ်။ ဇာတ်ကားထဲမှာ ဗီလိန် အဖြစ်နဲ့ သရုပ်ဆောင် နေရပေမယ့် အပြင်မှာ ဘယ်လိုနေလဲ ဆိုတာ ဘယ်လို စိတ်ထားရှိတယ် ဆိုတာ သိနေကြတော့ အနုပညာကို အားကောင်းအောင် လုပ်နေပါလား ဆိုတာ ကို သိကြပါတယ်။ တချို့ ပရိသတ်တွေ ကလည်း အစ်မကို အမေခန်းတွေ ရိုက်ရင် စောသေးတယ်လို့ ပြောကြပါတယ်။ အမေခန်း ဆိုပေမယ့်လည်း အမေ ခန်း ကားတိုင်း ရိုက်တာ မဟုတ်ပါဘူး။ ကိုယ့်အတွက် အိုက်တင်နဲ့ လုပ်ကွက်ရမှ ရိုက်တာပါ ဟု ခိုင်နှင်းဝေက ပြောသည်။ ခိုင်နှင်းဝေသည် ဓာတ်လှေခါး ဆိုသည့် ဇာတ်လမ်းတွင် သရဲမနေရာက ပါဝင် သရုပ်ဆောင် ထားကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top